ရှုံးထွက်ပွဲစဥ်မှာ မီးပျက်သွားလို့ ထွက်ခွာခဲ့ရတဲ့ Vikin.gg

Vikin.gg နဲ့ FlyToMoon တို့ OGA Dota Pit Season 2: Europe & CIS ရဲ့ Lower Bracket (ရှုံးထွက်) ပွဲစဥ်မှာ Vikin.gg ဟာ FlyToMoon ကို မီးပျက်သွားတဲ့အတွက် အရှုံးပေးလိုက်ရပါတယ်။ Vikin.gg ရဲ့ Mid Player ဖြစ်တဲ့ BOOM ဟာ Game 3 အစမှာပဲ မီးပျက်သွားခဲ့ပြီး နာရီဝက်နီးပါးကြာတာတောင် ပြန်တက်မလာနိုင်ခဲ့ဘူးလို့ သိရှိရပါတယ်။
|OGA Dota PIT Season 2|
— Vikin.gg (@GGVikin) July 28, 2020
After an unfortunate technical issue we end up having to give the third game away.
Congratulations to @FTM_dota2 and good luck further! pic.twitter.com/dQRwcoQDCy
FTM ဟာ Game 1 မှာတုန်းက Early game မှာ အသာစီးရရှိနေပေမယ့် Lane push မှားယွင်းတဲ့အတွက်ကြောင့် Divine Rapier ပါပေးလိုက်ရပြီး Vikin.gg အသာစီးရသွားပါတော့တယ်။ ဂိမ်းကို Vikin.gg အနိုင်ရရှိပေမယ့် “GG” မှားယွင်းပြီး ခေါ်မိတာကြောင့် တစ်ယောက်တစ်လှည့် GG တွေအော်နေကြပြီး နောက်ဆုံးမှာတော့ FTM ဘက်က GG ခေါ်ပြီး အရှုံးပေးလိုက်ပါတော့တယ်။
Game 2 မှာတော့ GeneRaL ရဲ့ Batrider ဒဏ်ကိုမခံနိုင်တော့ဘဲ 11/2/12 KDA ရရှိနေတဲ့ Batrider ဟာ Vikin.gg တို့တစ်သင်းလုံးကိုဆက်တိုက်မွှေပြီး၊ FTM တို့ကို Map Control အပြည့်ရရှိစေပါတယ်။ Vikin.gg ဘက်ကလည်း တန်ပြန်တိုက်စစ် ဘာမှမဆင်နိုင်တော့ဘဲ Game 2 ကိုတော့ FTM ဘက်ကိုပဲပေးလိုက်ရပါတော့တယ်။
ပြဿနာက Game 3 မှာ စ တာပါ။ ပွဲ စ စ ချင်းမှာပဲ Vikin.gg က ပွဲကို Pause ထားရပါတယ်။ BOOM တို့နေထိုင်တဲ့ရွာမှာ မီးလုံးဝပြတ်တောက်သွားတဲ့အတွက် နာရီဝက်နီးပါး Pause ထားခဲ့သည့်တိုင် ပြန်မရောက်လာခဲ့တာကြောင့် Game 3 ကို 4 Vs 5 ဆက်ဆော့ဖို့ Vikin.gg ဘက်ကကြိုးစားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 4 Vs 5 ကိုလုံးဝဆော့ဖို့အဆင်မပြေတာနဲ့ သိပ်မကြာခင်မှာပဲ Vikin.gg ဘက်က “GG” ခေါ်ပြီး ပွဲကိုအဆုံးသတ်လိုက်ပါတယ်။
Getting eliminated like this FeelsBadMan. There was nothing i could do about it, electricity in my entire village and also one of the neighbour villages went out. Im sorry.
— BOOM (@boomdota) July 28, 2020
အခုလို သူ့ကြောင့် ပွဲပျက်သွားခဲ့ရတဲ့အတွက် BOOM ကတော့ Twitter မှာတောင်းပန်ထားပါတယ်။ ဒါကြောင့်မို့ FTM ကတော့ Lower Bracket R2 ကိုတစ်ဆင့်တက်သွားခဲ့ရပြီး၊ Vikin.gg ကတော့ OGA Dota Pit Season 2: Europe & CIS အတွက် ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။