VinSmart မှ 4K ရုပ်ထွက်အရည်အသွေးနှင့် အခြားသော နည်းပညာမြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် ၎င်း၏ ပထမဦးဆုံးသော စမတ်တီဗီ အမျိုးအစားများ အား စတင်မိတ်ဆက်

VinSmart မှ 4K ရုပ်ထွက်အရည်အသွေးနှင့် အခြားသော နည်းပညာမြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် ၎င်း၏ ပထမဦးဆုံးသော စမတ်တီဗီ အမျိုးအစားများ အား စတင်မိတ်ဆက်

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သော VinSmart သည် ၎င်း၏ ပထမဦးဆုံးသော စမတ်တီဗီ မော်ဒယ်အမျိုးအစားများအား ဗီယက်နမ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ နာမည်ကျော် Google ကုမ္ပဏီ၏ မူပိုင် Android TV operating system အား အသုံးပြုထားသည့်အတွက် Vsmart တီဗီများသည် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများကို ပေးအပ်သွားနိုင်မည်သာမက နေအိမ်ရှိ အခြား စမတ် အီလက်ထရောနစ် ထုတ်ကုန်များကိုပါ ထိန်းချုပ်စေခိုင်းနိုင်သည် စက်ပစ္စည်းတစ်ခု အဖြစ်လည်း အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ခေတ်မီဆန်းသစ်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Vsmart တီဗီများသည် ၄၃ လက်မ မှ ၅၅ လက်မ မျက်နှာပြင် အရွယ်အစားများ အသီးသီးရှိပြီး 4K အဆင့် ရုပ်ထွက်အရည်အသွေး၊HDR10 ထောက်ပံ့မှု၊ Dolby အသံထွက်စနစ်နှင့် အသုံးပြုသူများ အတွက် အဆင်ပြေလွယ်ကူမှု အပြည့်အဝရရှိစေမည့် အခြားသော လုပ်ဆောင်ချက်များလည်း ပါဝင်မည် ဖြစ်သည်။ အဆိုပါ တီဗီ အမျိုးအစားအားလုံးသည် အပြည့်အဝ အလိုအလျောက် စစ်ဆေးမှု အဆင့် ၁၂ ဆင့် အပါအဝင် အလိုအလျောက် စစ်ဆေးမှု အဆင့် ၁၆ ဆင့်အား ဖြတ်ကျော်ထားပြီး ဖြစ်ကာ တီဗီ အလုံးရေတိုင်းတွင် ပါရှိသည့် လုပ်ဆောင်ချက်များအား အတိကျဆုံးသော အရည်အသွေးစစ်ဆေးမှုများဖြင့် စစ်ဆေးထားပြီး ဖြစ်သည်။

ဟာ့ဒ်ဝဲလ်ပိုင်းနှင့် ပတ်သက်၍လည်း Vsmart တီဗီမော်ဒယ်အမျိုးအစားများ အားလုံးကို ထုတ်လုပ်သည့် စက်ပစ္စည်းများ အားလုံး အနေနှင့် အမြင့်မားဆုံးသော တိကျသေချာမှု၊ ခံနိုင်ရည်ရှိမှုများ ရရှိစေရန် နှင့် အမှားအယွင်း မရှိစွာ တပ်ဆင်ထုတ်လုပ်နိုင်စေရန် တူညီသော လေသန့်ရှင်းမှု ပမာဏနှင့် စိုထိုင်းဆ ရှိနေသည့် ပတ်ဝန်းကျင်တွင် တပ်ဆင် ထုတ်လုပ်လျက် ရှိသည်။

အဆိုပါ Vsmart တီဗီအမျိုးအစားများသည် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၃၈၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၇၃၆ ခန့် အကြား ဈေးနှုန်းရှိမည် ဖြစ်ပြီး မကြာမီအချိန်တွင် မြန်မာနိုင်ငံဈေးကွက်အတွင်း၌ ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

မိတ်ဆက်ခဲ့သည့် တီဗီအမျိုးအစားနှင့် ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

တီဗီအမျိုးအစား ဈေးနှုန်း

  1. Android TV 43” 4K HDR KD6600 အမေရိကန်‌ဒေါ်လာ ၃၈၀ ခန့်

2 Android TV 50” 4K HDR KD6800 အမေရိကန်ဒေါ်လာ ၄၆၅ ခန့်

3 Android TV 55” 4K HDR KD6800 အမေရိကန်ဒေါ်လာ ၅၄၀ ခန့်

4 Android TV 49” 4K HDR KE8100 အမေရိကန်ဒေါ်လာ ၆၀၆ ခန့်

5 Android TV 55” 4K HDR KE8500 အမေရိကန်ဒေါ်လာ ၇၃၆ ခန့်

VinSmart သည် ၎င်း၏ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့် Vsmart Live, Vsmart Bee, Vsmart Star နှင့် Vsmart Joy2+ တို့ကိုလည်းမကြာသေးမီက မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည်။

VINSMARTကုမ္ပဏီအကြောင်း

VinSmart သည် အာရှဒေသ၏ အကြီးမားဆုံး ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းစုများအနက် တစ်ခုဖြစ်သည့်် အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိသော အိမ်ခြံမြေ၊ စက်မှုလုပ်ငန်း၊ နည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍများအား အဓိကလုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် Vingroup လုပ်ငန်းစု၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။VinSmart ကုမ္ပဏီအား Vsmartအမှတ်တံဆိပ် စမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကာ မှတ်ဉာဏ်တု (artificial intelligence)နည်းပညာအား အသုံးပြု၍ အီလက်ထရောနစ် ထုတ်ကုန်များနှင့် အသိဉာဏ်မြင့်မားသော နည်းပညာများပါဝင်သည့် ဂေဟစနစ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ မှတ်ဉာဏ်တုနည်းပညာသည် အသုံးပြုသူများအတွက် အဆင်ပြေလွယ်ကူမှု ရှိပြီး ခေတ်မီသော နေထိုင်မှု ဘဝ ပုံစံသစ် တစ်ခုကို ဖော်ဆောင်ပေးသွားနိုင်မည် ဖြစ်သည်။

Vsmart ၏ စမတ်ဖုန်းစက်ရုံသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Hoa Lac Hi-Tech Park အတွင်းရှိ စုစုပေါင်း မြေနေရာ အကျယ်အဝန်း ၁၅ ဟက်တာ(၁၅၀,၀၀၀ စတုရန်းမီတာ) ပေါ်တွင် တည်ရှိပြီး ပထမအဆင့်စက်ရုံသည် ၂၁,၅၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိသော ၂ ထပ် အဆောက်အဦးဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ၄၅,၀၀၀ စတုရန်းမီတာ အကျယ်အဝန်း ရှိသည့် အထပ် ၃ ထပ်ပါဝင်သော ဒုတိယအဆင့် စက်ရုံကိုလည်း တည်ဆောက်လျက် ရှိပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးစီးမည် ဟု မျှော်မှန်းထားသည်။ အဆိုပါ ဒုတိယအဆင့် စက်ရုံ တည်ဆောက်ပြီးစီးပါက Vsmartစက်ရုံ ၂ ရုံသည် တစ်နှစ်လျှင် စုစုပေါင်း ထုတ်ကုန် အရေအတွက် ၁၂၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားနိုင်မည် ဖြစ်သည်။

www.akhayarmedia.com