VP.Prodigy Dota2 အသင်းရဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ စီစဥ်နေတဲ့ VP Esports

VP.Prodigy Dota2 အသင်းရဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ စီစဥ်နေတဲ့ VP Esports

VP.Prodigy Dota2 အသင်းကို တရားဝင် မိတ်ဆက် ပေးပြီး နှစ်လခန့် အကြာမှာတော့ CIS အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro အနေနဲ့ VP.P ရဲ့ ကစားသမားများကို ‌ရောင်းချသွားဖို့ စီစဥ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

VP.Prodigy Dota2 အသင်းကို ဧပြီလ (၁) ရက်နေ့မှာ CIS ဒေသမှ အလားအလာရှိ လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး VP.P မှာ လက်စွမ်းကောင်းတွေ ပြသနိုင်တဲ့ ကစားသမားတွေ အနေနဲ့ Virtus Pro Dota2 အသင်းကြီးရဲ့ ကစားသမား ဘဝကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ VP.Prodigy Dota2 အသင်းရဲ့ စွမ်း‌ဆောင်ရည်ဟာ အသင်းကြီးဖြစ်တဲ့ Virtus Pro Dota2 အသင်းထက်တောင် သာလွန်လျက် ရှိနေသလို WePlay! Pushka League မှာ ဒုတိယ၊ Epic Prime League မှာ ပထမ၊ ESL One Birmingham 2020 Online ပြိုင်ပွဲမှာ တတိယဆုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။

VP.P အဖွဲ့သားတွေ အနေနဲ့ လက်စွမ်းကောင်းတွေကို ပြသလျက် ရှိပေမယ့် ပြိုင်ပွဲ စီစဥ်သူ အများစု အနေနဲ့ ပြိုင်ပွဲ တစ်ခုမှာ အဖွဲ့အစည်း တစ်ခုတည်း လက်အောက်ခံ အသင်း နှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်တာကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း စည်းမျဥ်းသစ် ချမှတ်ခဲ့တာကြောင့် အခုလို VP.P Dota2 အသင်းရဲ့ လူငယ် ကစားသမားတွေကို ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

VP.P.Fn

လက်ရှိအချိန်မှာ Virtus Pro Esports အဖွဲ့အစည်းဘက်က VP.P Dota2 အသင်းကို ရောင်းချသွားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ငြင်းပယ်ထားလျက် ရှိတာကြောင့် အမှန်တကယ်ပဲ ရောင်းချသွားမလား ဒါမှမဟုတ် OG Esports အဖွဲ့အစည်း အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့တဲ့ ပြိုင်ပွဲတွေမှာ အလှည့်ကျ ဝင်ပြိုင်မယ့် စနစ်ကို အကောင်အထည် ဖော်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle