VP Dota2 အသင်းကနေ ပြန်လည် ထုတ်ပယ်ခံလိုက်ရပြီဖြစ်တဲ့ Cooman

CIS အခြေစိုက် Esports အဖွဲ့အစည်း Virtus Pro အနေနဲ့ ဒီလအတွင်းမှာပဲ Virtus Pro.Prodigy လို့ အမည်ရတဲ့ လူငယ်အသင်းကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ယခုအခါမှာတော့ Virtus Pro Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Cooman ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Zaur “Cooman” Shakhumurzaev အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါလ အစပိုင်းမှာ Winstrike Dota2 အသင်းကနေ VP Dota2 အသင်းကို ပြောင်းရွေ့ခဲ့တာဖြစ်ပြီး VP Dota2 အသင်းနဲ့အတူ WePlay! Mad Moon ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့သလို အဆိုပါပြိုင်ပွဲမှာ တတိယစုကို စွတ်ခူးနိုင်ခဲ့ပါတယ်။
VP Dota2 အသင်း အနေနဲ့ အဲဒီနောက်ပိုင်းမှာလည်း Pairmatch League Season 2 ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Pairmatch League Season 2 ဗိုလ်လုပွဲမှာ FlyToMoon Dota2 အသင်းကို ၂ ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို WeSave! Charity Play မှာလည်း အဆင့် (7th – 8th) ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့်လည်း အသင်းရဲ့ Carry ကစားသမားဖြစ်သူ Cooman ကို ပြန်လည် အနားပေးဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
iLTW will replace Cooman in #ESLOne LA Online
— Virtus.pro (@virtuspro) April 4, 2020
Read more here: https://t.co/iEtUdqSnrO pic.twitter.com/x2WBKmj9ng
“ကျွန်တော်တို့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ ရလဒ်တွေ ပတ်သတ်ပြီး ဘယ်လိုမှ ကျေနပ်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင်းနဲ့ ကိုက်ညီမယ့် ကစားသမား တစ်ဦးကို နောက်ထပ် ခေါ်ယူ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် Igor “iLTW” Filatov ကို ကျွန်တော်တို့ VP Dota2 အသင်းနဲ့အတူ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ ယှဉ်ပြိုင်စေဖို့ အတွက် အစားထိုး ကစားသမား အဖြစ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ Igor ကို ကျွန်တော်တို့တွေ စောင့်ကြည့်ခဲ့တာ အချိန် အတော် ကြာမြင့်ခဲ့ပြီ ဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး ILTW နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာမှာလည်း အဆင်ပြေခဲ့တာကြောင့် ESL One LA ပြိုင်ပွဲမှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

ILTW အနေနဲ့ OG, ESPADA, Positive Guys, Team Sprit စတဲ့ Dota2 အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးသလို CIS ဒေသရဲ့ အလားအလာ အရှိဆုံး လူငယ် Carry ကစားသမားတွေ အထဲမှာ တစ်ယောက် အပါအဝင် အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရတာကြောင့် VP Dota2 အသင်းနဲ့အတူ ESL One LA ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့မယ်ဆိုရင် အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခြင်းကို ခံယူသွားရဖွယ် ရှိပါတယ်။
REF: VpEsports