ကစားသမား အသစ်တွေနဲ့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ပထမဆုံး ပြိုင်ပွဲမှာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရတဲ့ CSGO အသင်း VP

ကစားသမား အသစ်တွေနဲ့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ပထမဆုံး ပြိုင်ပွဲမှာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရတဲ့ CSGO အသင်း VP

တစ်ချိန်တုန်း နာမည်ကျော် CSGO ထိပ်သီး အသင်း တစ်သင်းအဖြစ် CSGO လောကမှာ ရပ်တည်နိုင်ခဲ့တဲ့ Virtus Pro အနေနဲ့ ယခုအချိန်မှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းရဲ့ မူလ လက်ဟောင်း ကစားသမား အားလုံးကို ထုတ်ပယ်ကာ လက်စွမ်းလက်နရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ AVANGAR CSGO အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က ကြေငြာခဲ့ပါတယ်။

Ex Avangar CSGO Rosters

ကစားသမား အသစ်တွေ ခေါ်ယူထားတဲ့ VP CSGO အသင်း အနေနဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပလျက်ရှိတဲ့ EPICENTER 2019 မှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ Virtus Pro CSGO အသင်းနဲ့အတူ Evil Geniuses, Natus Vincere, Team Vitality, Heroic, Mousesports, forZe, EHOME စတဲ့ နာမည်ကျော် CSGO အသင်းတွေ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပါတယ်။

VP CSGO အနေနဲ့ အုပ်စုဘီမှာ Mousesports, forZe, EG စတဲ့ အသင်းတွေနဲ့ အတူ ယှဥ်ပြိုင်ခဲ့ရပြီး ပထမဆုံး ပွဲစဥ်မှာ နာမည်ကျော် Mousesports အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် ပွဲစဥ်မှာလည်း forZe ကို (၂-၁) ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

လက်ရှိအချိန်မှာ အသင်းသားတွေ အနေနဲ့ Virtus Pro CSGO အသင်းကို စတင် ပြောင်းရွေ့ကာစ အချိန်ဖြစ်တာကြောင့် အသင်းသစ်နဲ့ အခြေမကျသေးသလို လုံလောက်တဲ့ လေ့ကျင့်မှုတွေလည်း လုပ်ဆောင်ခဲ့ရခြင်း မရှိတာကြောင့် အခုလို ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် VP CSGO အသင်းသား အသစ်တွေ အနေနဲ့ အသင်းနဲ့ အထိုင်ကျသွားခဲ့ပြီး လေ့ကျင့်မှုတွေ လုံလုံလောက်လောက် လုပ်ဆောင်ခွင့်သာ ရရှိခဲ့မယ် ဆိုရင်တော့ နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ စွတ်ခူးသွားနိုင်တာကြောင့် ယခင်အချိန်တွေတုန်းကလို အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့တဲ့ VP CSGO အသင်းအဖြစ် ပြန်လည် ရပ်တည်သွားနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle