Dota 2 အသင်း တစ်သင်း ထပ်မံ တည်ထောင်သွားဖွယ်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro

Dota 2 အသင်း တစ်သင်း ထပ်မံ တည်ထောင်သွားဖွယ်ရှိတဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro

CIS အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း VP အနေနဲ့ 2019-2020 DPC ရာသီ စတင်ချိန်မှာ လူငယ် ကစားသမား နှစ်ဦးဖြစ်တဲ့ Egor "epileptick1d" Grigorenko နဲ့ Vitalie "Save" Melnic တို့ကို အသင်းကိုယ်စားပြု ကစားပေးရန် အတွက် ခေါ်ယူခဲ့ပါတယ်။

epileptick1d

ဒါပေမယ့်လည်း လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ထင်သလောက် ကောင်းမွန်ခြင်း မရှိခဲ့တာကြောင့် VP အနေနဲ့ အဆိုပါ ကစားသမား နှစ်ဦးကို အသင်းရဲ့ အရံကစားသမားများ အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး  Na'Vi Dota 2 အသင်းရဲ့ Pos 4 ကစားသမားဖြစ်သူ Zayac ၊ Winstrike Dota 2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Cooman တို့ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။

epileptick1d

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များ အရ VP အနေနဲ့ Save နဲ့ Epileptick1d တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ခြင်း မရှိတဲ့ အပြင် အဆိုပါ ကစားသမား နှစ်ဦး အပါဝင် နောက်ထပ် လူငယ် ကစားသမား သုံးဦးကို ထပ်မံ ခေါ်ယူပြီး Viruts Pro ကိုယ်စားပြု လူငယ် Dota 2 အသင်း တစ်သင်း တည်ထောင်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

save

ဒါ့အပြင် WePlay! Mad Moon ပြိုင်ပွဲမှာ Virtus Pro Dota 2 အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Roman "Resolution" Fominok အနေနဲ့ လူငယ် Dota 2 ကစားသမားတွေ အတွက် အဓိက လိုအပ်တဲ့ ပြိုင်ပွဲ အတွေ့အကြုံ ရရှိစေဖို့ Esports အဖွဲ့အစည်းကြီးတွေ အနေနဲ့ လူငယ် Dota 2 အသင်းတွေ တည်ထောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

save

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Virtus Pro Esports အဖွဲ့အစည်းရဲ့ General Manager ဖြစ်သူ Sergey Glamazda အနေနဲ့ Epileptick1d နဲ့ Save တို့ အနေနဲ့ VP လူငယ် Dota 2 အသင်းရဲ့ အဓိက ကစားသမားများ ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့တာကြောင့် မကြာခင် အချိန်အတွင်းမှာ Virtus Pro ကိုယ်စားပြု လူငယ် Dota 2 အသင်းကို မြင်တွေ့ရနိုင်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle