ဒုတိယမြောက် အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်းကို မိတ်ဆက်ပေးလိုက်တဲ့ Virtus Pro

ဒုတိယမြောက် အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်းကို မိတ်ဆက်ပေးလိုက်တဲ့ Virtus Pro

CIS အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro ကတော့ ဒုတိယမြောက် Dota2 အသင်းကို မိတ်ဆက်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က Virtus Pro အနေနဲ့ အသင်းကနေ အနားပေးလိုက်တဲ့ Save နဲ့ Epileptick1d တို့ ပါဝင်တဲ့ လူငယ် Dota2 အသင်းတစ်သင်းကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီး ယခုအခါမှာ လက်တွေ့ အကောင်အထည်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

Virtus Pro အဖွဲ့အစည်းရဲ့ GM ဖြစ်သူ Sergey Glamazda ရဲ့ ပြောကြားချက်များအရ အခုလို VP.Prodigy Dota2 အသင်းကို ဖွဲ့စည်းခဲ့ရခြင်းက လူငယ်ကစားသမားတွေကို အခွင့်အရေးပေးချင်လို့ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွေ့အကြုံတွေ လူငယ်ဘဝမှာတင် ရှာဖွေနိုင်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူငယ်အသင်းမှ လက်စွမ်းထက်မြက်တဲ့ ကစားသမားတွေကို နောင်တစ်ချိန်မှာ အသင်းကြီး ကစားသမားတွေ အဖြစ် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

epileptick1d

လက်ရှိအချိန်မှာ VP.Prodigy အသင်းမှာ လူငယ်ကစားသမားတွေလည်းဖြစ်၊ Virtus Pro Dota2 အသင်းရဲ့ ကစားသမားဟောင်းတွေလည်းဖြစ်တဲ့ Egor “epileptick1d” Grigorenko ၊ Vitaly “Save-“ Melnik တို့ ပါဝင်မှာ ဖြစ်သလို Chaos Esports အသင်းနဲ့အတူ Dota Summit 11 မှာ ဒုတိယဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Dmitry “DM” Dorokhin ၊ M19, Gambit Esports, Team Empire, Team Singularity စတဲ့ Dota2 အသင်းတွေမှာ သုံးနှစ်နီးပါး ကစားခဲ့ဖူးတဲ့ Alber “Yume” Garraev တို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Save-

VP.Prodigy Dota2 အသင်းရဲ့ Mid-Lane ကစားသမား အဖြစ် အမြဲတမ်း တာဝန်ယူသွားမယ့် ကစားသမားကို လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးတာကြောင့် လက်ရှိအချိန်မှာတော့ CIS Dota2 လောကရဲ့ ဝါရင့် ကစားသမား တစ်ဦးဖြစ်တဲ့ Rostislav “fn” Lozovoi ကို အစားထိုး ကစားသမား အဖြစ် ခေါ်ယူခဲ့ပါတယ်။

VP.Prodigy Dota2 အသင်းရဲ့ အမြဲတမ်း ကစားသမား လေးဦးစလုံးဟာ အသက်အရွယ်အားဖြင့် (၂၀) က‌နေ (၂၂) အကြားသာ ရှိတာကြောင့် ပြိုင်ပွဲအတွေ့အကြုံကောင်းတွေသာ ပိုင်ဆိုင်ခွင့် ရရှိခဲ့မယ်ဆိုရင် VP Dota2 အသင်းကြီး အတွက် နောင်တစ်ချိန်မှာ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ဖော်ဆောင်ပေးနိုင်မှာ အသေအချာပါပဲ။

DM

လက်ရှိအချိန်မှာ VP.Prodigy Dota2 အသင်း အနေနဲ့ StayHome Challenge ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကစားလျက် ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

VP.Prodigy Dota2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့‌ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Egor “epilepitck1d” Grigorenko – Pos 1
  • Rostislav “fn” Lozovoy – Pos 2 (Stand-In)
  • Dmitry “DM” Dorokhin – Pos 3
  • Vitaly “Save” Melnik – Pos 4
  • Albert “Yume” Garaev – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle