Virtus.Pro Dota2 အသင်းကို ခေတ္တ ဖျက်သိမ်းလိုက်ပြီ

Virtus.Pro Dota2 အသင်းကို ခေတ္တ ဖျက်သိမ်းလိုက်ပြီ

CIS အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် Virtus Pro Dota2 အသင်းကို ခေတ္တ ဖျက်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။ Virtus Pro Dota2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ယှဉ်ပြိုင်သွားရမယ့် ESL One Germany မှာ ဝင်ရောက် ယှဉ်ပြိုင် သွားတော့မှာ မဟုတ်သလို အပြောင်းအလဲ အချို့ကို ပြုလုပ်သွားမှာဖြစ်ကြောင်း အခုလိုပဲ ကြေညာ သွားခဲ့ပါတယ်။

“ကျွန်တော်တို့ Virtus Pro Dota2 အသင်း အနေနဲ့ ESL One Germany 2020 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် VP Dota2 အသင်းကိုလည်း ခေတ္တ ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ အားလုံးသိထားတဲ့အတိုင်း VP Dota2 အသင်းဟာ ထင်မှတ်မထားလောက်တဲ့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် VP Dota2 အသင်းရဲ့ တာဝန်ရှိသူတွေ၊ ကစားသမားတွေ အားလုံးရဲ့ သဘောတူညီချက်ဖြင့် အခုလို ခေတ္တ ဖျက်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ အသင်းတွင်း နည်းစနစ် အပြောင်းအလဲတွေကို ပြုလုပ်သွားဖို့ စီစဉ်လျက်ရှိပြီး ကစားသမား အပြောင်းအလဲတွေကိုလည်း မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။”

VP.Solo

Virtus Pro Dota2 အသင်း အနေနဲ့ ကိုဗစ်-၁၉ မဖြစ်ပွားခင် LAN ပြိုင်ပွဲတွေ ကျင်းပခဲ့စဉ် အချိန်ကတည်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အွန်လိုင်း ပြိုင်ပွဲတွေ အဖြစ် ပြောင်းလဲကျင်းပတဲ့ အခါမှာလည်း ESL One LA နဲ့ Pairmatch League Season 3 တို့မှာ အနိုင်ရရှိတာကလွဲပြီး အခြားသော ပြိုင်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

VP.Zayac

လက်ရှိအချိန်မှာ CIS ဒေသတွင်း ကစားသမား အပြောင်းအလဲတွေ မြောက်များစွာ ဖြစ်ပေါ်လျက် ရှိသလို ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေ အရ အသင်းသားဟောင်း RAMZES666 ကို VP Dota2 အသင်း အတွက် ခေါ်ယူသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိတာကြောင့် ပြန်လည် ဖွဲ့စည်းသွားမယ့် Virtus Pro Dota2 အသင်းမှာ ဘယ်ကစားသမားတွေ ပါဝင်လာမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle