AdreN ကို In-Game Leader အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Virtus Pro

AdreN ကို In-Game Leader အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Virtus Pro

CIS အခြေစိုက် ပရိုဖက်ရှင်နယ် Esports အဖွဲ့အစည်း Virtus Pro အနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က AVANGAR CSGO အသင်းရဲ့ ကစားသမားများကို ခေါ်ယူပြီး CSGO အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ Virtus Pro CSGO အသင်းရဲ့ ကစားသမား အသစ်တွေ အနေနဲ့ AVANGAR CSGO အသင်းမှာ ကစားခဲ့စဉ် အချိန်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် VP ကို ရောက်ရှိပြီး နောက်ပိုင်းမှာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့သာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Virtus Pro CSGO အသင်း အနေနဲ့ ICE Challenge 2020 ပြိုင်ပွဲမှာ 5th – 6th ၊ DreamHack Open Leipzig 2020 ပြိုင်ပွဲမှာ 7th – 8th ၊ EPICENTER 2019 မှာ 7th – 8th  ၊ IEM Katowice 2020 ပြိုင်ပွဲမှာ 13th – 16th စတဲ့ ရလဒ်တွေနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ESL One Rio Major မတိုင်ခင်မှာ အခုလို In-Game Leader အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Virtus Pro Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Sergey Glamazda ရဲ့ ပြောကြားချက်များအရ VP CSGO အသင်းရဲ့ In-Game Leader ဟောင်းဖြစ်သူ Dzhami “Jame” Ali ရဲ့ နေရာမှာ Dauren “AdreN” Kystaubayev ကို အစားထိုး ခန့်အပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ESL One Rio Major ပြီးဆုံးသွားတဲ့ အချိန်ထိ VP CSGO အသင်းမှာ လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း VP CSGO အသင်းရဲ့ ကျန်ရှိနေတဲ့ ကစားသမားတွေ ပြိုင်ပွဲအတွင်း အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားနိုင်ဖို့ အတွက် In-Game Leader အဖြစ် ဝါရင့်ကစားသမားဖြစ်သူ AdreN ကို ပြောင်းလဲ တာဝန် ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် VP Esports အဖွဲ့အစည်းရဲ့ စိတ်ပညာရှင်တွေ အနေနဲ့လည်း VP CSGO အသင်းသားတွေ အကြား ပေါင်းသင်းဆက်ဆံမှုတွေ ပိုမို ကောင်းမွန်လာစေဖို့၊ အခက်အခဲတွေကို အတူတကွ ရင်ဆိုင် ဖြေရှင်းတတ်စေဖို့ ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ESL One Rio 2020 ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ မေလ၊ ၁၁ ရက်နေ့မှာ စတင် ကျင်းပသွားမှာဖြစ်တာကြောင့် AdreN တစ်ယောက် In-Game Leader အဖြစ် VP CSGO အသင်းကို ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်အောင် ဦးဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle