Pairmatch League Season 3 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Dota2 အသင်း Virtus Pro

Pairmatch League Season 3 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Dota2 အသင်း Virtus Pro

နိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ CIS အခြေစိုက် နာမည်ကျော် Dota2 အသင်း Virtus Pro ကတော့ Pairmatch League Season 3 မှာ အနိုင်ရ ဗိုလ်စွဲပြီး (၃) လကြာ ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတဲ့ အိပ်မက်ဆိုးကနေ နိုးထနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

VP.NoOne

Pairmatch League Season 3 ကို ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး CIS အခြေစိုက် အသင်းတွေဖြစ်တဲ့ Virtus Pro, FlyToMoon, Team Unique, HellRaisers စတဲ့ Dota2 အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Virtus Pro Dota2 အသင်း အနေနဲ့ Upper Bracket Round 1 မှာ အသင်းဖော်ဟောင်း Rodjer ဦးဆောင်တဲ့ HellRaisers Dota2 အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး (၂-၁) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Upper Bracket Final ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Upper Bracket Final မှာ Iceberg, General, Alohadance တို့ ပါဝင်တဲ့ FlyToMoon နဲ့ ယှဉ်ပြိုင်ခဲ့ရကာ အဆိုပါ ပွဲစဥ်မှာလည်း (၂-၁) နဲ့ပဲ ဆက်လက် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals အဆင့်ကို စောစီးစွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

VP.Solo

Grand Finals အဆင့်မှာတော့ Lower Bracket ကနေ ပြန်လည် တက်လှမ်းလာခဲ့တဲ့ ပြိုင်ဘက်ဟောင်း FlyToMoon နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပါတယ်။ Pairmatch League Season 3 ပြိုင်ပွဲရဲ့ Grand Finals ပွဲစဥ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး Virtus Pro အနေနဲ့ Game 1 နဲ့ Game 2 ပွဲစဥ် နှစ်ခုလုံးကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် သုံးပွဲပြတ်ဖြင့် မရှုမလှ အရေးနိမ့်တော့မယ်လို့ ပရိသတ် အများစုက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Game 3 က စတင်ကာ Virtus Pro အဖွဲ့သားတွေရဲ့ စွမ်းဆောင်ရည်ဟာ တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့ပြီး Game 3, Game 4, Game 5 စတဲ့ ပွဲငယ် (၃) ပွဲ ဆက်တိုက် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Pairmatch League Season 3 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပဲ စွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle