ဗီဇာအခက်အခဲကြောင့် ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ဆုံးရှုံးလိုက်ရတဲ့ Team Adroit ကပ္ပတိန် Boombacs

Dota 2 ပြိုင်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းခန့် အလိုမှာ SEA အခြေစိုက် အသင်းတွေ၊ SA အခြေစိုက် အသင်းတွေ အမြဲတမ်းလိုလို ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဗီဇာအခက်အခဲပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံ အခြေစိုက် ပြိုင်ပွဲတွေကို သွားရောက် ယှဥ်ပြိုင်ရတဲ့ အခါမှာ အချို့သော နိုင်ငံ အခြေစိုက် Dota 2 ကစားသမားတွေ အနေနဲ့ အချိန်မီ ဗီဇာ ရရှိဖို့ လုပ်ဆောင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခဲ့ပြီး ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခြင်း မရှိတဲ့ ပြဿနာနဲ့ မကြာခဏ ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

ယခုအခါမှာလည်း SEA လက်ရည်စစ်ပွဲကနေ တစ်ဆင့် ESL One Los Angeles Major ကို တက်လှမ်းနိုင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် Team Adroit Dota 2 အသင်းရဲ့ကပ္ပတိန်ဖြစ်သူ Marvin “Boombacs” Rushton တစ်ယောက် အချိန်မီ ဗီဇာရရှိခြင်း မရှိတာကြောင့် အသင်းနဲ့အတူ သွားရောက် ယှဥ်ပြိုင်ဖို့ Los Angeles ကို လိုက်ပါနိုင်ခြင်း ရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Despite numerous attempts and all options exhausted to obtain a US Visa, our captain Boomy wasn’t able to secure one in time for the @ESLDota2 Los Angeles Major.
— Adroit Dota (@AdroitDota) March 9, 2020
The team will fly to LA this week and with them will be our stand-in whom we will announce soon!
1/2 pic.twitter.com/eFPChtgl1h
“အကြိမ်အခါခါ ကြိုးစားခဲ့ပေမယ့်လည်း Team Adroit Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ “Boomy” အနေနဲ့ ESL one LA Major ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့အတွက် ဗီဇာရရှိခြင်း မရှိခဲ့ပါဘူး။ Team Adroit Dota 2 အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ LA ကို စတင် ထွက်ခွာလာမှာဖြစ်ပြီး Boomy နေရာမှာ အစားထိုးသွားမယ့် ကစားသမားကိုလည်း မကြာခင် အချိန်အတွင်းမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။”

Team Adroit ဘက်က ထုတ်ပြန် ကြေငြာချက်များအရ “Boombacs” နေရာမှာ အစားထိုးဖို့ အတွက် ကစားသမားကို ရှာတွေ့ခဲ့ပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ Pos 5 (Support) ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Boombacs ကို ဆုံးရှုံးလိုက်ရတဲ့ အတွက် Team Adroit အနေနဲ့ ESL One LA Major ပြိုင်ပွဲမှာ အနည်းနဲ့ အများဆိုသလို ဆိုးကျိုးတွေနဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။
REF: VpEsports