မြန်မာနိုင်ငံမှ သုံးစွဲသူများသည် နည်းပညာများကို အသုံးပြု၍ ပိုမိုကောင်းမွန်သည့် ဈေးဝယ်အတွေ့အကြုံရယူရန် စိတ်ဝင်စားကြသည် - Visa ၏ လေ့လာဆန်းစစ်ချက်

မြန်မာနိုင်ငံမှ သုံးစွဲသူများသည် နည်းပညာများကို အသုံးပြု၍ ပိုမိုကောင်းမွန်သည့် ဈေးဝယ်အတွေ့အကြုံရယူရန် စိတ်ဝင်စားကြသည် - Visa ၏ လေ့လာဆန်းစစ်ချက်

ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa မှ  မြန်မာနိုင်ငံသား သုံးစွဲသူထက်ဝက်ကျော် (၅၁ ရာခိုင်နှုန်း) သည် လက်လီအရောင်းဆိုင်များအတွက် နောက်ဆုံးပေါ် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည့် ဝယ်ယူသူများအနေဖြင့် ငွေပေးချေရေးကောင်တာများသို့ လူကိုယ်တိုင် သွားစရာ မလိုဘဲ အာရုံခံကိရိယာ (Sensor) သို့မဟုတ် RFID နည်းပညာကို အသုံးပြု၍ ဝယ်ယူနိုင်သော ထိတွေ့ရန် မလိုအပ်သည့် ဈေးဝယ်နိုင်ခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်သော Zero Checkout နည်းပညာဖြင့်   ဈေးဝယ်နိုင်မည့် အခွင့်အရေးကို စိတ်ဝင်စားကြကြောင်း တွေ့ရှိချက်ကို ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ဤတွေ့ရှိချက်သည် Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာ ဆန်းစစ်ချက်)[1] အပေါ် အခြေခံထားခြင်းဖြစ်ပြီး ငွေပေးချေမှုဆိုင်ရာ အလေ့အကျင့်များနှင့် သဘောထားများ အပါအဝင် ငွေပေးချေမှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော အကြောင်းအရာများကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံများအတွင်း စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် မြန်မာသုံးစွဲသူထက်ဝက်နီးပါး (၄၄ ရာခိုင်နှုန်း) သည် Virtual Reality (VR) နည်းပညာကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ခဲ့ပါက လက်ခံအသုံးပြုကြမည်ဖြစ်ကြောင်း  ဖြေကြားခဲ့ ကြသည်။
Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က "သုံးစွဲသူများရဲ့ ဈေးဝယ်ခြင်းနဲ့ ငွေပေးချေခြင်းနည်းလမ်းဟာ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများနှင့်အတူ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေတာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပိုမိုသက်သောင့်သက်သာရှိစေတဲ့ နည်းလမ်းသစ်တွေကို ရှာဖွေလာကြတာနဲ့အမျှ ဒီပြောင်းလဲမှုကို မောင်းနှင်သူတွေ ဖြစ်လာကြပါတယ်။ ကျွန်မတို့ Visa အနေနဲ့လည်း ဒါကို ခရီးစဉ်တစ်ခုအနေနဲ့ နားလည်သိရှိပြီးတော့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဖက်တွေနဲ့ အတူတကွ လက်တွဲပြီး ငွေပေးချေမှုအတွေ့အကြုံကို ပိုမိုရရှိစေဖို့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုရှိတဲ့၊ အလိုလျောက်သိစေနိုင်တဲ့၊ ချောမွေ့မှုနဲ့ လုံခြုံမှုတွေရှိစေတဲ့ ငွေပေးချေမှုနည်းလမ်းတွေကို ဖော်ဆောင်လုပ်ကိုင်ဖို့ အထူးအာရုံစိုက် နေခဲ့တာဖြစ်ပါတယ်" ဟု ပြောသည်။

Zero Checkout ဆိုသည်မှာ လက်လီအရောင်းဆိုင်များတွင် ကိုယ်တိုင်ကိုယ်ကျ တန်းစီ၍ ငွေပေးချေရန် မလိုအပ်တော့ သည်ကို ဆိုလိုခြင်းဖြစ်သည်။ ဈေးဝယ်သူ (Customer) တစ်ဦးအနေနှင့် စတိုးဆိုင်အတွင်းသို့ ဝင်ရောက်ကာ စင်များပေါ်တွင် တင်ထားသော ထုတ်ကုန်ပစ္စည်းများကို ကောက်ယူပြီး ငွေပေးချေခြင်းအတွက် တန်းစီ၍ စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ စတိုးဆိုင်အတွင်းမှ ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်သည်။ ဖြေဆိုသူ ၃၈ ရာခိုင်နှုန်းသည် မြန်မာပြည်ရှိ သုံးစွဲသူများအကြား Zero Checkout နည်းပညာကို စိတ်ဝင်စားစေသည့် အဓိကအချက်များမှာ နည်းပညာအသစ် ပေါ်ပေါက်လာမှုနှင့် ပတ်သက်၍ စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုကို ဖြစ်သောကြောင့်ဟု ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူ ၃၇ ရာခိုင်နှုန်းသည် ငွေရှင်း ကောင်တာများတွင် တန်းစီရန် (Checkout Queue) မလိုတော့သည့်အတွက် ရရှိလာနိုင်မည့် အကျိုးကျေးဇူးနှင့် အဆင်ပြေ ချောမွေ့မှုတို့ကို လိုလားသောကြောင့်ဟု ဖြေဆိုကြသည်။ ထို့အပြင် စစ်တမ်းအချက်အလက်များအရ မြန်မာနိုင်ငံရှိ သုံးစွဲသူများအနေဖြင့် Zero Checkout  နည်းပညာသည် ဆန်းသစ် ခေတ်မီသော ဈေးဝယ်မှု နည်းလမ်းတစ်ခုဖြစ်လာမည်ဟု မှတ်ယူကြောင်း ၂၉ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။

ကျယ်ပြန့်စွာအသုံးပြုလာသော လက်လီဆိုင်များ၏ VR အပလီကေးရှင်းများ သို့မဟုတ် “V-commerce” များသည် အရှေ့တောင်အာရှရှိ သုံးစွဲသူများအကြား အနာဂတ်တွင် စျေးဝယ်ခြင်းပုံစံများ ပြောင်းလဲလာမည်ကို အဓိပ္ပါယ် ဖော်ဆောင်လျက်ရှိသည်။ ၎င်းသည် သုံးစွဲသူများကို လက်လီဆိုင်များ၏ Virtual Showroom များမှ တစ်ဆင့် အမျိုးမျိုးသော ကုန်ပစ္စည်းများကို ၎င်းတို့၏ နေအိမ်မှပင် ကြည့်ရှုကာ နှိုင်းယှဉ် ဝယ်ယူမှု ပြုလုပ်နိုင်စေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ သုံးစွဲသူများအကြား စစ်တမ်းကောက်ယူရာတွင် ဈေးဝယ်ခြင်း အတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန် VR စနစ်ကို အသုံးပြုခြင်း၏ သဘောသဘာဝကို သတိပြုမူမိသည်ဟု ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းသာ ရှိသေးသော်လည်း ကျန်ထက်ဝက်နီးပါး ၄၄ ရာခိုင်နှုန်းက ဤနည်းပညာအသစ်ကို ကြိုးစား၍ အသုံးပြုကြည့်ရန် စိတ်ဝင်စားကြောင်း ဖြေဆိုခဲ့ကြသည်။ စစ်တမ်းကောက်ယူခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံရှိ သုံးစွဲသူများအကြား VR နည်းပညာအပေါ် စိတ်ဝင်စား လာစေသည့် အဓိကအချက်များမှာ နည်းပညာအသစ်အဆန်းများအပေါ် စမ်းသပ်ရန် စိတ်ဝင်စားသူ ၃၃ ရာခိုင်နှုန်း၊ နောက်ဆုံးပေါ်နည်းပညာများဖြင့် ကိုက်ညီမှုရှိနေစေရန် ဆန္ဒရှိသူ ၂၇ ရာခိုင်နှုန်း၊ VR စနစ်၏ အကျိုးကျေးဇူးများထဲမှ ဈေးဝယ်သူများအတွက် မိမိဝယ်လိုသော ပစ္စည်းများအပေါ်ရွေးချယ်၍ ဝယ်ယူနိုင်ခြင်း အကျိုးကို ကြိုက်နှစ်သက်သူ ၂၂ ရာခိုင်နှုန်း အသီးသီးရှိကြောင်း လေ့လာတွေရှိခဲ့ရသည်။

Kelly -Akhayar Lifestyle