Vitality CSGO ကို စရောက်စဉ်က လစာငွေ အနည်းငယ်သာ တောင်းဆိုခဲ့တဲ့ ZywOo

Vitality CSGO ကို စရောက်စဉ်က လစာငွေ အနည်းငယ်သာ တောင်းဆိုခဲ့တဲ့ ZywOo

ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Mathieu “ZywOo” Herbaut အနေနဲ့ Vitality CSGO အသင်းမှာ ၂၀၂၄ ခုနှစ် အထိ ဆက်လက် တည်ရှိနေမယ့် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ယခုအခါမှာတော့ Vitality Esports အဖွဲ့အစည်းရဲ့ Founder ဖြစ်သူ Fabien “Neo” Devide အနေနဲ့ ZywOo အသင်းကို စတင် ရောက်ရှိစဉ်က အချို့သော အကြောင်းအရာတွေကို HLTV နဲ့ ပြုလုပ်တဲ့ အစီအစဉ် တစ်ခုမှာ အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

Fabien “Neo” Devide

“ZywOo ကျွန်တော်တို့ အသင်းကို စတင် ရောက်ရှိစဉ်က အသက်အရွယ်အားဖြင့် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကို ကမ်းလှမ်းတဲ့ အသင်းတွေ အထဲမှာ ကျွန်တော်တို့ အသင်းက အင်အား အတောင့်တင်းဆုံး အသင်း တစ်သင်း ဖြစ်ခဲ့တယ်။ ZywOo ကို ကျွန်တော်တို့ အသင်းမှာ လာကစားဖို့ လစာငွေ ဘယ်လောက် လိုချင်လဲလို့ မေးမြန်းခဲ့တဲ့ အခါမှာ ZywOo ကတော့ ယူရို‌ငွေ ၁၅၀၀၊ ၂၀၀၀ လောက် ပေးရင်ကို သူ့အတွက် အတော်လေး များနေပါပြီလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒါနဲ့ ကျွန်တော် ZywOo ကို အခုလိုပဲ အကြောင်းပြန်ခဲ့ပါတယ်။ မင်းတောင်းဆိုတဲ့ လစာငွေကိုတော့ ငါတို့ဘက်က ပေးသွားဖို့ မဖြစ်နိုင်ဘူး ZywOo ရေ။ ဘာဖြစ်လို့လည်းဆိုတော့ မင်းတောင်းဆိုတဲ့ ပမာဏက ငါတို့ဆီက ကစားသမားတွေရဲ့ လစာငွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတော်လေးကို နည်းနေတယ်ကွ။

ဒါကြောင့် သူတောင်းဆိုတဲ့ ပမာဏထက် ပိုပေးပြီး ကျွန်တော်တို့ Vitality CSGO အသင်း ZywOo နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ နောက်ပြီးတော့ အသင်းကို ရောက်ရှိတဲ့ ပထမလမှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ရင် လစာတိုးပေးမယ်လို့ပါ ပြောခဲ့ပါတယ်။ အသင်းကို ရောက်ရှိပြီး ဒုတိယလမှာပဲ ZywOo အနေနဲ့ အခြားသော ကစားသမားတွေနဲ့ တူညီတဲ့ လစာငွေကို ရရှိခဲ့ပါတယ်။”

ဒါ့အပြင် ZywOo နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းနဲ့ ပက်သက်ပြီး Neo ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ZywOo နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာ ၆ လ ရှိသွားခဲ့ပါပြီ။ ZywOo ရော၊ သူ့အေးဂျင့်ကပါ အသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်နိုင်ခဲ့တဲ့ အတွက် အတော်လေးကို ပျော်ရွှင်နေကြသလို ကျွန်တော်တို့ အဖွဲ့အစည်းဘက်ကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးကို အသင်းမှာ ဆက်လက် ထိန်းထားနိုင်တဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle