ZywOo နဲ့ ၂၀၂၄ ခုနှစ်ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ Vitality CSGO

ZywOo နဲ့ ၂၀၂၄ ခုနှစ်ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ Vitality CSGO

Vitality CSGO အသင်းကတော့ နာမည်ကျော် ကစားသမားဖြစ်တဲ့ Mathieu “ZywOo” Herbaut နဲ့ ၄ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အခုလို သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ခြင်းကြောင့် ZywOo ကို Vitality CSGO အသင်းမှာ ၂၀၂၄ ခုနှစ်အထိ မြင်တွေ့သွားရတော့မှာဖြစ်ပြီး ZywOo နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်နိုင်ကြောင်းကို ပါရီမြို့ အတွင်း ဟိုလိုဂရမ် ဆိုင်းဘုတ်များ စိုက်ထူပြီး အတည်ပြုပေးခဲ့ပါတယ်။

“ZywOo ကို အသင်းမှာ နောက်ထပ် ၄ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ZywOo လို အရည်အချင်းရှိတဲ့ ကစားသမားမျိုးဟာ တကယ်ကို ရှားပါးသလို ကျွန်တော်တို့ အသင်းမှာ ဆက်လက် ထိန်းထားနိုင်ခဲ့တဲ့ အတွက်လည်း အထူးပင် ဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီးတော့လည်း ZywOo နဲ့အတူ ကျွန်တော်တို့ Vitality CSGO အသင်း အနေနဲ့ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။” လို့ Team Vitality ရဲ့ Co-Founder ဖြစ်သူ Fabien “Neo” Devide ကတော့ ပြောကြား သွားခဲ့ပါတယ်။

“Team Vitality ရဲ့ အဖွဲ့ဝင် ဘဝကို စတင် ရောက်ရှိစဉ် အချိန်က စတင်ပြီး လက်ရှိအချိန်ထိ နွေးထွေးတဲ့ ကြိုဆိုမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်ဟာ တကယ်ကို စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ Team Vitality အဖွဲ့သားတွေရဲ့ ထောက်ပံ့ပေးမှုကြောင့်သာ ကျွန်တော် ပြိုင်ပွဲတွေမှာ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ Team Vitality ဝတ်စုံကို နောက်ထပ် အချိန်ကြာမြင့်စွာ ဝတ်ဆင်ခွင့် ရရှိတော့မှာဖြစ်တဲ့ အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။” လို့ ZywOo ကတော့ ပြောကြား သွားခဲ့ပါတယ်။

ZywOo အနေနဲ့ Vitality CSGO အသင်းကို ၂၀၁၈ ခုနှစ်၊ ၁၀ လပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရှိတဲ့ အချိန်က စတင်ကာ လက်ရှိအချိန်အထိ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို CSGO သမိုင်းတစ်လျှောက် အကောင်းဆုံး AWP ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ CSGO ပြိုင်ပွဲများကို ရပ်နားထားပြီး ၂၀၂၁ ခုနှစ်၊ နှစ်ဦးပိုင်းမှသာ ပြိုင်ပွဲများကို ပြန်လည် ကျင်းပသွားမှာ ဖြစ်တာကြောင့် နှစ်သစ်ကူးမှာ ZywOo တစ်ယောက် Vitality CSGO အသင်းနဲ့အတူ အောင်မြင်မှုတွေကို ထပ်မံ သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle