ALEX ကို ဒေါ်လာ (၆) သိန်းဖြင့် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတဲ့ နာမည်ကျော် CSGO အသင်း Vitality

ALEX ကို ဒေါ်လာ (၆) သိန်းဖြင့် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတဲ့ နာမည်ကျော် CSGO အသင်း Vitality

ပြင်သစ် အခြေစိုက် ကမ္ဘာ့အဆင့် (၂) CSGO အသင်း Vitality အနေနဲ့ အသင်းရဲ့ In-Game Leader ဟောင်းဖြစ်သူ ALEX ကို ဒေါ်လာ (၆) သိန်းဝန်းကျင်ဖြင့် ရောင်းထုတ်သွားဖို့ ပြင်ဆက်လျက် ရှိတယ်လို့ သိရပါတယ်။

ALEX အနေနဲ့ ပရို CSGO လောကမှာ ကျင်လည်ခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်သလို အောင်မြင်မှုပေါင်း များစွာကိုလည်း စွတ်ခူးနိုင်ခဲ့တာကြောင့် Vitality ဘက်က မြင့်မားတဲ့ ပြောင်းရွေ့ကြေးကို တောင်းဆိုခဲ့ပေမယ့် ALEX ကို ခေါ်ယူချင်တဲ့ နာမည်ကျော် CSGO အသင်းပေါင်း များစွာ တည်ရှိလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ALEX ကို ခေါ်ယူနိုင်ရေး အတွက် FaZe Clan, Cloud9, c0ntact, Gen.G, FunPlus Phoenix စတဲ့ အသင်းတွေဘက်က Vitality နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို နာမည်ကျော် CSGO အသင်းတွေဘက်က ALEX ကို ခေါ်ယူနိုင်ရေး အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိပေမယ့် Vitality နဲ့ ဘယ်အသင်းမှ အောင်မြင်စွာ ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

Vitality CSGO အသင်းဘက်ကတော့ လက်ရှိအချိန်မှာ အသင်းအချို့နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်လျက်ရှိကြောင်း၊ မကြာခင် အချိန်အတွင်းမှာ အပြောင်းအရွေ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ALEX အနေနဲ့ Vitality CSGO အသင်းရဲ့ အမြဲတမ်း ကစားသမား ဘဝကနေ မတ်လမှာ အနားယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပရိုဖက်ရှင်နယ် CSGO လောက အထဲကို ပြန်လည် ဝင်ရောက်ခြင်း မရှိသေးတာကြောင့် ဘယ်အသင်းကို ရောက်ရှိသွားမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports