ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာန နှင့် Vito ပဲနို့ တို့ ပူးပေါင်းကာ နားလည်မှုစာချွန်လွှာချုပ်ဆို

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာန နှင့် Vito ပဲနို့ တို့ ပူးပေါင်းကာ နားလည်မှုစာချွန်လွှာချုပ်ဆို

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် Europe & Asia Beverage Co., Ltd. မှ တာဝန်ရှိသူတို့သည် “Vito - Kids are Our Future” ဟူသည့် ကျောင်းသူ၊ ကျောင်းသားများအား အာဟာရပြည့်ဝသော ပဲနို့တိုက်ကျွေးခြင်းနှင့် အာဟာရဆိုင်ရာဗဟုသုတများ ဖြန့်ဝေခြင်း အစီအစဉ်ကို ပူးပေါင်း လက်တွဲလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာအား ပညာရေး ဝန်ကြီးဌာနရုံး၌ ချုပ်ဆိုခဲ့ကြသည်။

နားလည်မှုစာချွန်လွှာကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့်  Europe & Asia Beverages Co., Ltd. ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးကျော်ဝင်းထွန်းတို့မှ ရေးထိုးခဲ့ပြီး အခမ်းအနားသို့  ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊  Europe & Asia Beverages Co., Ltd. မှ တာဝန်ရှိသူများနှင့် စာနယ်ဇင်းမီဒီယာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Vito ပဲနို့အား မြစ်ငယ်မြို့ရှိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော UHT စက်ရုံဖြစ်သည့်  E.A.B.C ၏ ကိုယ်ပိုင်စက်ရုံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ထုတ်လုပ်ဖြန့်ဖြူးသည့်ပဲနို့၏ အာဟာရတန်ဖိုး၊ အရသာနှင့် အရည်အသွေးကို ကြာရှည်ခံသည့် ဓါတုပစ္စည်းမျာအသုံးမပြုပဲထိန်းသိမ်းရန် ရည်ရွယ်ကာစက်ရုံတွင် Tetra Pak ၏ နောက်ဆုံးပေါ် နိုင်ငံတကာ အဆင့်မှီ စက်ပစ္စည်းများကိုအသုံးပြုထားပါသည်။ Vito ပဲနို့သည် မျိုးရိုးဗီဇပြုပြင်ထားခြင်းမရှိသော (GMO free) စားသောက်ကုန်ဖြစ်ပြီး  မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ FDA အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားကြောင်းသိရှိရသည်။

ဤစီမံချက်၏ရည်ရွယ်ချက်မှာ ကျောင်းပေါင်း ၄၃၈ ကျောင်းမှ ကျောင်းသားဦးရေ ၃၀၀,၀၀၀ ကျော်၏ အာဟာရ အခြေအနေကိုမြှင့်တင်ခြင်းဖြင့် ကလေးများကျန်းမာစွာကြီးပြင်းလာအောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် ဖြစ်ပြီး ရည်ရွယ်ချက်ကိုပြည့်မီရန် Vito ပဲနို့နှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ မြှင့်တင်ခြင်းအစီအစဉ်ကို တစ်နှစ်လျှင်နှစ်ကြိမ်နှုန်းဖြင့် ငါးနှစ်ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ပါသည်။  ဤစီမံချက်ကို ပိုမိုတိုးချဲ့ပြုလုပ်သွားရန်ရည်ရွယ်ထားပြီး ပဉ္စမမြောက်နှစ်တွင် ကျောင်းပေါင်း ၁,၀၀၀မှ ကျောင်းသူ၊ ကျောင်းသားများ ကိုပညာသင်ဆုများပေးအပ်ခြင်း၊ အာဟာရပြည့်ဝသော နို့နှင့်ပဲနို့များ တိုက်ကျွေးခြင်းနှင့် အာဟာရဆိုင်ရာဗဟုသုတများ ဖြန့်ဝေခြင်း အစီအစဉ်ကို လုပ်ဆောင်သွားရန် ရည်မှန်းထားပါသည်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle