မြန်မာရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့နိုင်မယ့် သြဂုတ်လအတွက် ဇာတ်ကားအညွှန်းများ

မြန်မာရုပ်ရှင်ချစ်ပရိတ်သတ်များ အကြိုက်တွေ့နိုင်မယ့် သြဂုတ်လအတွက် ဇာတ်ကားအညွှန်းများ

ယခုနောက်ပိုင်း လူအများက ဖျော်ဖြေရေးလုပ်ငန်းတွေပေါ်မှာ ပိုမိုစိတ်ဝင်စားလာကြတဲ့အတွက် ရသမျိုးစုံပေးနိုင်တဲ့ အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်လမ်းတွေကို မြှင့်တင်နိုင်တဲ့ အခွင့်အရေးကောင်း၊ အချိန်အခါကောင်းတစ်ခု ဖြစ်လာပါတယ်။ အခုတစ်ခေါက်မှာတော့ ကြည့်ရှုသူတွေ အကြိုက်တွေ့နိုင်မယ့် သြဂုတ်လအတွင်း Viu မှာ ထုတ်လွှင့်ပြသပေးသွားမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေကို ပရိတ်သတ်တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

လူကြိုက်များခေတ်စားနေတဲ့ The Flower of Evil ကိုရီးယားဇာတ်လမ်းတွဲ

အချစ်နဲ့ ထိတ်လန့်သည်းဖို မတူညီတဲ့ ဇာတ်လမ်းအမျိုးအစားနှစ်ခုပေါင်းစပ်ထားတဲ့ The Flower of Evil ဆိုတဲ့ ကိုရီးယားဇာတ်ကားကို Viu မှာ ၁၀၀% မြန်မာစာတန်းထိုးနဲ့ ပြသပေးနေပါပြီ။ ပါဝင်တဲ့ အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Lee Joon Gi နဲ့ Moon Chae Won တို့ရဲ့ Chemistry မိမှုကြောင့် ဒီဇာတ်ကားလေးက ပိုမိုလူကြိုက်များခေတ်စားခဲ့တာဖြစ်ပါတယ်။ မကောင်းတဲ့ အတိတ်တွေကို ဖုံးကွယ်ပြီး ဇနီးသည် Moon Chae Won ရဲ့ အချစ်ကို ရရှိဖို့ ကြိုးစားနေတဲ့ Lee Joon Gi ကို စုံထောက်ဖြစ်တဲ့ ဇနီးက သူ့ခင်ပွန်းက လူသတ်သမားတစ်ဦးဖြစ်တာကို သတိထားမိလာတဲ့အကြောင်းရိုက်ကူးပြထားတဲ့ စုံထောက်အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဘယ်တော့မှ ရင်မဆိုင်ချင်တဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားကြပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။

နှစ်ပတ်အလို မြန်မာရုပ်ရှင်ဇာတ်ကား

ဒါရိုက်တာဝိုင်း ရိုက်ကူးတင်ဆက်ထားပြီး အကယ်ဒမီမင်းသား၊ မင်းသမီး ကိုးလက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေကို မြင်တွေ့နိုင်မယ့် နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားက လတ်တလော ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။

ဘောလိဝုဒ်စတား Amitabh Bachchan ရဲ့ အအောင်မြင်ဆုံးဇာတ်ကားတစ်ကားဖြစ်တဲ့ Deewaar (Wall)

မြန်မာပရိတ်သတ်တွေက အခုနောက်ပိုင်းမှာ ဘောလိဝုဒ်ရုပ်ရှင်တွေကိုလည်း ကြိုက်နှစ်သက်အားပေးလာကြတာ တွေ့ရတဲ့အတွက် ဘောလိဝုဒ်စတား Amitabh Bachchan ရဲ့ ဇာတ်ကားကောင်းလေးတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ဖခင်ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကြောင့် သစ္စာဖောက်ခံရတဲ့ ညီအစ်ကိုနှစ်ယောက်က ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ခက်ခက်ခဲခဲနဲ့ ရှင်သန်ရုန်းကန်ကြရင်း တဖြည်းဖြည်းနဲ့ ဥပ‌ဒေနဲ့ မလွတ်ကင်းတာတွေ လုပ်ဆောင်လာကြတဲ့ ဇာတ်လမ်းအကြောင်းလေးကို ရိုက်ကူးပြသထားတာပါ။

The Maid ထိုင်းရုပ်ရှင်ဇာတ်ကား

ထိတ်လန့်ကြောက်မက်ဖွယ် သရဲရုပ်ရှင်ဇာတ်လမ်းများကိုလည်း ပရိတ်သတ်တွေ ကြိုက်နှစ်သက်လေ့ရှိတာကြောင့် The Maid ဆိုတဲ့ ထိုင်း သဘာဝလွန်ဇာတ်ကားလေးကို ပရိတ်သတ်တွေအတွက် ညွှန်းပေးချင်ပါတယ်။ ငယ်ရွယ်တဲ့ အိမ်အကူအမျိုးသမီးတစ်ဦးရဲ့ ညှင်းပန်းနှိပ်စက်ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ ထိတ်လန့်ကြောက်မက်ဖွယ် ထိုင်းဇာတ်ကားကောင်းလေးတစ်ခုပါ။ မိတ်ကပ်အပြင်အဆင်၊ ရိုက်ကူးပြသမှုတွေကြောင့် ပရိတ်သတ်တွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုလို့ ညွှန်းချင်ပါတယ်။

Viu ပရိတ်သတ်တွေအနေနဲ့ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းမှ နောက်ဆုံးထွက် ဇာတ်ကားကောင်းတွေကို ၁၀၀ ရာခိုင်နှုန်းပြည့် မြန်မာစာတန်းထိုးဖြင့် တစ်နေရာတည်းမှာ ကြည့်ရှုနိုင်ပါပြီ။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle