Smurf Account ဖြင့်ပါ 11K MMR ပြည့်သွားခဲ့တဲ့ VP.Epileptick1d

Virtus Pro Dota2 အသင်းရဲ့ လူငယ် Carry ကစားသမားလေး Epileptick1d ကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက် ကာလတွေကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တဲ့ ပုံပါပဲ။ CIS ဒေသရဲ့ အတိုးတက်ဆုံး လူငယ် ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Epiletick1d ကတော့ အကောင့် နှစ်ခုဖြင့် 11K MMR ပြည့်မြောက်သွားခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Epileptick1d အနေနဲ့ Main Account ဖြင့် 11K MMR ရောက်ရှိအောင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၀ ခုနှစ်မှာ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၄ လအကြာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာတော့ Smurf Account ဖြင့်ပါ 11K MMR ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Here we go again, 2nd account 11k by Epileptick1d 😎#GOGOVP pic.twitter.com/wUJ0UWhUVL
— Virtus.pro (@virtuspro) December 29, 2020
အသက်အရွယ်အားဖြင့် ၁၈ နှစ်သာ ရှိသေးတဲ့ Epileptick1d ဟာ ပရို Dota2 လောကကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှသာ စတင် ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် Virtus Pro လူငယ် အသင်းဖြစ်တဲ့ VP.Prodigy နဲ့အတူ အောင်မြင်မှုတွေကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဒီဇင်ဘာလ အစောပိုင်းမှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ Epic League Division 1 ပြိုင်ပွဲမှာလည်း Virtus Pro အသင်းကြီးနဲ့ အတူ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နောက်လာမယ့် သုံးပတ် အတွင်းမှာ မပြီးပြတ်သေးတဲ့ လက်ကျန် DPC ရာသီ ပြန်လည် ကျင်းပသွားဖို့ ရှိနေတာကြောင့် ပြိုင်ပွဲတွေ ပြန်လည် စတင်ချိန်မှာ Epileptick1d တစ်ယောက် Virtus Pro Dota2 အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
REF: AfkGaming