အသင်းကြီး ကစားသမားတွေနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Virtus Pro Dota 2

အသင်းကြီး ကစားသမားတွေနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Virtus Pro Dota 2

CIS အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro ကတော့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ No[o]ne, Solo, Resolut1on, Zayac တို့နဲ့ လမ်းခွဲလိုက်ပြီး Virtus Pro. Prodigy Dota2 အသင်းမှ လူငယ် ကစားသမားများကို အသင်းကြီးဖြစ်တဲ့ VP Dota2 အသင်းမှာ ပြောင်းရွေ့ ကစားစေဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

Solo & No[o]ne

VP Dota2 အသင်းကြီးကို နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ပြိုင်ပွဲ အရေအတွက် နည်းပါးတာကြောင့် အခုလို လမ်းခွဲဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့တွေ VP. Prodigy Dota2 အသင်းကို စတင် ဖွဲ့စည်းခဲ့စဉ် အချိန်က CIS အခြေစိုက် လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးလိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ VP. Prodigy Dota2 အသင်းမှ လူငယ်ကစားသမားတွေဟာ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ပြိုင်ပွဲ ၇ ပွဲမှာ ၅ ပွဲ ဂရန်းဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ချန်ပီယံဆု ၃ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Resolut1on

တစ်ဖက်မှာလည်း လူငယ် အသင်းဖြစ်တဲ့ VP. Prodigy ကို ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပေးခဲ့တာကြောင့် Virtus Pro Dota2 အသင်းကြီး ကစားသမားတွေ အနေနဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အခွင့်အရေး အနည်းအကျဉ်းသာ ရရှိခဲ့ပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာ ကျွန်တော်တို့ အနေနဲ့ VP Dota2 အသင်းမှာပဲ အပြောင်းအလဲတွေ ထပ်မံ ပြုလုပ်သွားမလား ဒါမှမဟုတ် VP. Prodigy အသင်းမှာပဲ ဆက်လက် ရင်းနှီး မြှုပ်နှံသွားမလားဆိုတဲ့ မဖြစ်မနေ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ဖို့ ရွေးချယ်ခဲ့ရပါတယ်။

ကျွန်တော်တို့ အနေနဲ့ VP. Prodigy ကစားသမားတွေ အပေါ်ကို ဆက်လက် ယုံကြည်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး သူတို့ကို VP Dota2 အသင်းကြီး ကစားသမားတွေ အဖြစ် ပြောင်းရွေ့ ကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ VP Dota2 အသင်းကြီးနဲ့ လမ်းခွဲလိုက်ရတဲ့ ကစားသမား အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Zayac

သူတို့တွေဟာ တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားတွေ ဖြစ်ကြသလို အသင်း အောင်မြင်ရေးမှာ အဓိက နေရာကနေ ကူညီအားဖြည့်ပေးခဲ့ကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။ ရှေ့ဆက်ပြီးတော့ အောင်မြင်စေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။” လို့ VP Dota2 အသင်းရဲ့ CEO ဖြစ်သူ Sergey Glamazda ကတော့ ပြောကြားသွားခဲ့ပါတယ်။

New Virtus Pro Dota2 Roster

Virtus Pro Dota2 အသင်းသစ်ရဲ့ ကစားသမား စာရင်းဟာ အတော်လေးကို တောင့်တင်းပေမယ့် လူငယ် ကစားသမားတွေ သီးသန့်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် အတွေ့အကြုံပိုင်းမှာတော့ အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတော်လေးကို နည်းပါးလျက် ရှိပါတယ်။ Virtus Pro Dota2 အသင်းသစ် အနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် EPIC League ပြိုင်ပွဲမှာ နာမည်ကျော် အသင်းတွေဖြစ်တဲ့ Team Secret, Team Liquid, OG, Team Nigma စတဲ့ အသင်းတွေနဲ့ အပြိုင် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

VP Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Egor “epileptick1d” Grigorenko - Pos 1
  • Danil “gpk” Skutin - Pos 2
  • Dmitry “DM” Dorokhin - Pos 3
  • Vitaliy “Save-“ Melnik - Pos 4
  • Illias “illias” Ganeev - Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle