OGA Dota PIT Online: Season 2 ပြိုင်ပွဲမှာ Virtus Pro အသင်းကြီးအစား ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် VP.Prodigy

တစ်လကြာ အနားပေးထားတဲ့ VP.Prodigy Dota2 အသင်း အနေနဲ့ မကြာခင်မှာ ကျင်းပသွားမယ့် OGA Dota PIT Online: Season 2 ပြိုင်ပွဲမှာ Virtus Pro Dota2 အသင်း အစား ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ VP.Prodigy Dota2 အသင်း အနေနဲ့ ဇွန်လ အစောပိုင်းမှာ ကျင်းပပြီးစီးသွားခဲ့တဲ့ ESL One Birmingham အွန်လိုင်းပြိုင်ပွဲ ပြီးဆုံးသွားစဥ် အချိန်ကတည်းက စတင်ပြီး ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။

VP.P Dota2 အသင်း အနေနဲ့ ဧပြီလကနေ ဇွန်လအထိ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပြိုင်ပွဲအားလုံးမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သလို အဖွဲ့အစည်း တစ်ခုမှ အသင်း တစ်သင်းသာ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ်လို့ ပြိုင်ပွဲ စီစဥ်သူများက စည်းမျဥ်းသစ် ထုတ်ပြန်ခဲ့တာကြောင့် Virtus Pro Esports အဖွဲ့အစည်း အနေနဲ့ VP.P Dota2 အသင်း အဖွဲ့သားတွေကို ရောင်းချသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း Virtus Pro ဘက်ကတော့ အဆိုပါ ကောလာဟလတွေကို ပြန်လည် ငြင်းပယ်သွားခဲ့ပြီး အလှည့်ကျ ဝင်ရောက် ယှဉ်ပြိုင်စေမယ့် စနစ်ကိုသာ ကျင့်သုံးသွားဖို့ အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယခုလ အစောပိုင်းမှာ ကျင်းပပြီးစီးသွားခဲ့တဲ့ Parimatch League Season 3 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Virtus Pro အသင်းကြီးကို အနားပေးပြီး OGA Dota PIT Online Season 2: EU and CIS ပြိုင်ပွဲမှာ VP.Prodigy အဖွဲ့သားတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
VP.Prodigy will replace https://t.co/RghpmPyTHr in #OGAPITS2
— Virtus.pro (@virtuspro) July 20, 2020
We have decided to switch our Dota 2 rosters for the upcoming OGA Dota Pit S2. VP.Prodigy squad is coming out from a short tournament break and takes first roster's place in this event #GOGOVP pic.twitter.com/40IbOAL3dm
OGA Dota PIT Online Season 2: EU and CIS ပြိုင်ပွဲကို ဇူလိုင်လ (၂၇) ရက်နေ့မှာ စတင် ကျင်းပသွားမှာဖြစ်ပြီး VP.Prodigy အပါအဝင် Team Nigma, OG, NiP, Alliance, Vikin.gg, Na’Vi, FlyToMoon စတဲ့ စုစုပေါင်း အသင် (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Virtus Pro အသင်းကြီးနည်းတူ VP.Prodigy အဖွဲ့သားတွေ အနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports