Virtus Pro ကပ္ပတိန်ဟောင်း Solo ဆီက များစွာ သင်ယူနိုင်ခဲ့ကြောင်း လက်ရှိကပ္ပတိန် Save ပြောကြား

Virtus Pro ကပ္ပတိန်ဟောင်း Solo ဆီက များစွာ သင်ယူနိုင်ခဲ့ကြောင်း လက်ရှိကပ္ပတိန် Save ပြောကြား

လူငယ်ကစားသမားတွေနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ Virtus Pro Dota2 အသင်းဟာ DPC ရာသီ ပြန်လည် စတင်ချိန်မှာလည်း တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေကို ဆက်လက် ထိန်းထားနိုင်ပြီး CIS Upper Division မှာ ၂ ပွဲကစား၊ ၂ ပွဲနိုင်ဆိုတဲ့ ရလဒ်ကောင်းကို ထိန်းထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် Virtus Pro Dota2 အသင်းရဲ့ လက်ရှိ ကပ္ပတိန်ဖြစ်တဲ့ Save အနေနဲ့ ယခင် အသင်းဖော်ဟောင်းလည်းဖြစ်၊ Virtus Pro Dota2 အသင်းရဲ့ ကပ္ပတိန်ဟောင်းလည်းဖြစ်တဲ့ Solo ဆီကနေ အတွေ့အကြုံပေါင်းများစွာ သင်ယူနိုင်ခဲ့ကြောင်း အင်တာဗျူး အစီအစဉ် တစ်ခုမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် Solo ဆီကနေ အများကြီး လေ့လာသင့်ယူခွင့် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဦးအကြားမှာ Dota2 အပေါ် ချဉ်းကပ်ရာမှာ မတူညီမှုလေးတွေ ရှိနေပေမယ့် Solo ရဲ့ သင်ကြားပြသမှုတွေက ကျွန်တော့် အတွက်တော့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ဆက်လက် တည်ရှိနေစဲပဲ ဖြစ်ပါတယ်။ အခုဆိုရင် Solo ဆီက ရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို Dota2 နဲ့ ပက်သက်ပြီး သင်ကြားပေးနိုင်နေပြီ ဖြစ်သလို အဖွဲ့သားတွေကိုလည်း ကောင်းမွန်စွာ ဦးဆောင်နိုင်နေပြီ ဖြစ်ပါတယ်။

Solo ဆီကနေ အဓိက သင်ယူခဲ့တာကတော့ In-Game အတွင်း ဘယ်အချိန်မှာ၊ ဘာလုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကောင်းတွေကို ချမှတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ အသင်းဖော်တွေ အမှားတွေ မကျူးလွန်မိအောင် ထိန်းကျောင်းပေးနိုင်ဖို့နဲ့ အနိုင်ရရှိဖို့ လုပ်ဆောင်သင့်တာတွေကို အချိန်ကိုက် လုပ်ဆောင်နိုင်ဖို့လည်း သင်ယူနိုင်ခဲ့ပါတယ်။ အဲဒီအချက်တွေက အသင်းကောင်း တစ်သင်း အဖြစ် ရပ်တည်နိုင်စေဖို့ အတွက် အရေးကြီးဆုံး အချက်တွေလည်း ဖြစ်တာကြောင့် Solo ကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။”

Save ရဲ့ ဦးဆောင်မှု အပါအဝင်၊ Virtus Pro Dota2 အဖွဲ့သားတွေရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး ကောင်းမွန်တဲ့ အနေအထား တစ်ခုကို ရောက်ရှိနေပြီ ဖြစ်သလို Virtus Pro Dota2 အသင်းဟာ ဆိုရင်လည်း 2021 DPC ရာသီရဲ့ ထိပ်သီး အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ရှေ့ဆက် ပြီးတော့လည်း စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle