ဖရဲသီးမှာ ကယ်လိုရီဘယ်လောက်ပါဝင်တာလဲ

ဖရဲသီးမှာ ကယ်လိုရီဘယ်လောက်ပါဝင်တာလဲ

နွေရာသီရဲ့ပူပြင်းလှတဲ့အချိန်တွေမှာဆိုရင် ရေကလည်းဆာနေတဲ့အချိန်မျိုးဆိုဖရဲသီးလေးစားလိုက်ရင်ရေငတ်ပြေသွားတာအရဿကိုလူတိုင်းသိကျမှာပါ။ဖရဲသီးဆိုရင်တော့ လူတိုင်းကြိုက်ကြပါတယ်။ဒါပေမဲ့ ဖရဲသီးမှာပါဝင်တဲ့ကယ်လိုရီကိုတော့ သိပ့်ပြီးတော့ သိကျမှာမဟုတ်ပါဘူးထင်တယ်နော်။

ဖရဲသီးရဲ့  ၁ လက်မအရွယ်အတုံးလေးတွေပန်းကန်လုံးတစ်လုံးစာဆိုရင် ကယ်လိုရီ 30 kcal၊ ကစီဓာတ် ( carbohydrate ) ၁၂ ဂရမ်၊ အသားဓာတ် ဝ.၉ ဂရမ်၊အဆီဓာတ် ဝ.၂ ဂရမ်နဲ့ အမျှင်ဓာတ် ဝ.၆ ဂရမ်ပါဝင်ပါတယ်။ ရေဓာတ် ၉၁% ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ တစ်နေ့တာရဲ့လိုအပ်ချက်တွေကို ၅%ဖြည့်ဆည်းပေးပါတယ်။ဗီတာမင် အေ၊ စီ၊ ဘီ ၊မက်ဂနီဆီယမ် နဲ့ဓာတ်တိုးဆန့်ကျင်တဲ့ ဓာတ်တွေလည်းအများကြီးပါဝင်ပါတယ်။

ဖရဲသီးစားခြင်းက သွေးပေါင်ကျတာ၊ ဆီးချို၊ ကျောက်ကပ် ၊သွေးတိုး ၊ကင်ဆာစသည့်ရောဂါတွေကိုထိုက်သက်လျောက်ကာကွယ်ပေးတာတွေ့ရပါတယ်။ ဖရဲသီးကိုရောဘယ်အချိန်မှာ စားသင့်လဲ ? တစ်နေ့တာရဲ့နေလည်နေခင်း ဘက်မှာစားသင့်ပါတယ်။ အချို့ဓာတ်တွေစားထားတဲ့ အချိန်တွေမျိုးဆိုရင် ဖရဲသီးကိုထပ်မစားသင့်တော့ပါဘူး၊  ဘာလို့လဲဆိုရင်ဆီးချိုသမားတွေအတွက် ဆီးချိုတက်နိုင်ပါတယ်။  ဆီးချို၊ ကျောက်ကပ်ရောဂါအခံတွေမရှိဘူးဆိုရင် တစ်နေ့ကိုပန်းကန်လုံးတစ်လုံးလေးထဲထည့်ပြီးစားပေးလို့ရပါတယ်နော်။

Photo Credit - Pinterest

Kelly -Akhayar Lifestyle