ဝါသနာပါတဲ့ တက္ကသိုလ်တက်ခွင့်မရသူတွေ ပညာရေးကို ဘယ်လိုဆက်လိုက်မလဲ

ဝါသနာပါတဲ့ တက္ကသိုလ်တက်ခွင့်မရသူတွေ ပညာရေးကို ဘယ်လိုဆက်လိုက်မလဲ

မြန်မာနိုင်ငံမှာဆယ်တန်းအောင်ပြီးတာနဲ့ အောင်မှတ်ပေါ်မူတည်ပြီးတော့ တက္ကသိုလ်တွေကို ရွေးချယ်ကြရတယ်။ အဲဒီမှာ တော်တော်များများက ကိုယ်ဝါသနာပါတဲ့တက္ကသိုလ်မဟုတ်ဘဲ အမှတ်မီတဲ့တက္ကသိုလ်ကိုသာ တက်ခွင့်ရကြတယ်။ ဒါကြောင့် ကျောင်းတွေပြီးလို့ လက်တွေ့ဘဝကြီးကို ဝင်ရောက်ရချိန်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရတယ်။ ဒီတော့ အခွင့်အရေးမပေးလို့ ကိုယ့်စိတ်ကြိုက်တက္ကသိုလ်ကို တက်ရောက်ခွင့်မရပေမယ့် ကိုယ့်ရဲ့ပညာရေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုထိန်းသိမ်းကြမလဲ။


ကိုယ်တကယ်ဝါသနာပါတဲ့ ဘာသာရပ်ကို အပြင်ကနေလေ့လာရမယ်


ကိုယ်ကဝါသနာမပါတာကြီးကိုသင်နေရပေမယ့် ဒီတက္ကသိုလ်ကနေ ထွက်ချင်တိုင်းထွက်ဖို့က ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက လူငယ်တွေအတွက် ဝမ်းနည်းဖို့ကောင်းတဲ့ ယဉ်ကျေးမှု အယူအဆတွေကြောင့် မိဘဖြစ်စေချင်တာကို လုပ်ပေးရမယ့်တာဝန်ကြီးကရှိနေတယ်။ မိဘတွေရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး တက္ကသိုလ်ကနေ ထွက်ချင်တိုင်းထွက်လို့မရဘူးလေ။ ဒါကြောင့်မို့လို့ ကိုယ်သင်ချင်တဲ့ဘာသာရပ်ကို အားလက်ရက်တွေ ၊ ကျောင်းပိတ်ရက်တွေမှာ အပြင်သင်တန်းတွေကနေ လေ့လာရင်း ကိုယ့်ရဲ့ပညာရေးအစစ်အမှန်ကို ထိန်းသိမ်းထားနိုင်ပါတယ်။

တစ်ဖက်တစ်လမ်းကနေ ငွေရှာမယ်


ကျောင်းသားဖြစ်နေတဲ့အတွက် အချိန်ပြည့်အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ Freelance အလုပ်တွေများလာပြီမို့ အပိုဝင်ငွေလေးရှာလို့ရပါတယ်။ ဘာလို့ငွေရှာခိုင်းလဲဆိုတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကိုယ်တက်နေရတဲ့တက္ကသိုလ်က မိဘတွေထားပေးတာ ၊ ဒီတော့ကိုယ့်ရဲ့ဝါသနာနဲ့ပညာရပ်ကို ထပ်သင်ပေးဖို့ သူတို့ဆီကနေတောင်းဆိုရင် အရမ်းမတရားသလိုဖြစ်သွားမှာလေ။ သူတို့မှာလည်း ကိုယ့်ကိုဖြစ်စေချင်လို့ ကျောင်းထားပေးပေမယ့် အများကြီးတော့ဘယ်အကုန်ခံနိုင်မှာလဲ။ ဒါကြောင့် ကိုယ့်ရဲ့ Passion နောက်ကိုလိုက်ဖို့ ကိုယ့်ပိုက်ဆံလေးနဲ့ကိုယ် ပညာရှာတာက ပိုပြီးတော့ရင့်ကျက်ရာရောက်ပါတယ်။


အင်တာနက်ကနေ သင်တန်းတွေတက်မယ်


တက္ကသိုလ်စတက်တဲ့အချိန်မှာတော့ အင်တာနက်ကနေ အခကြေးငွေနဲ့တက်ရတဲ့ သင်တန်းတွေကို တက်နိုင်မှာဦးမှာ မဟုတ်ပါဘူး။ ပထမနှစ် ၊ ဒုတိယနှစ်တွေမှာ Charges Free Course တွေကို ရှာပြီးတော့ လေ့လာလို့ရပါတယ်။ ဒါပေမယ့် ကျောင်းတက်နေချိန်မှာ အလုပ်တွေ ရှာကြံလုပ်ရင်းကနေ ပိုက်ဆံတွေစုမိလာရင် Credit Card တွေ Debit Card တွေလုပ်ပြီး Fee သွင်းရင်း သင်ယူလေ့လာလို့ရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်ကို အလွယ်တကူအသုံးပြုလို့ရလာနိုင်တာကလည်း ကိုယ့်ရဲ့ဝါသနာအလိုက် ပညာရေးကို လေ့လာဖို့အရမ်းကို အဆင်ပြေသွားတာပါပဲ။

ဝါသနာအလိုက် ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကို ဝယ်ယူစုဆောင်းမယ်


ကိုယ့်မှာက တကယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်မရပေမယ့် တို့တွေရဲ့နိုင်ငံက အခြေအနေအရမ်းမဆိုးသေးပါဘူး။ နေရာတကာမှာ စာအုပ်တွေကို အလွယ်တကူဝယ်ယူလို့ရနေပါတယ်။ စာအုပ်ဆိုင်တွေဆိုရင်လည်း ရန်ကုန်တစ်မြို့လုံးနေရာတော်တော်များများမှာ ရှိနေပါပြီ။ ဒါ့အပြင် Facebook ကနေ စာအုပ်ရောင်းပေးတဲ့ Page တွေလည်းရှိတော့ နယ်က လူငယ်တွေအနေနဲ့လည်း အလွယ်တကူဝယ်ယူလို့ရပါတယ်။ ဒါကြောင့် ကိုယ်စိတ်ကြိုက်တက္ကသိုလ်မတတ်ရရင် နေပါစေ ၊ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ဖတ်တာကိုတော့ ဘယ်သူမှလာတားဆီးလို့မရပါဘူးလေ။ ဟုတ်တယ်မလား။
တက္ကသိုလ်ကိုရွေးချယ်ခွင့်မရှိရင်တောင်မှ ကိုယ်ဘယ်လိုလေ့လာမယ် ၊ ကိုယ်ဘယ်လိုသင်ယူမယ် ၊ ကိုယ့်ရဲ့ဦးနှောက်ထဲကို ဘယ်စာတွေသွင်းမယ်ဆိုတာကတော့ ကိုယ့်ရဲ့ရွေူချယ်ပိုင်ခွင့်ပါပဲ။ အပေါ်မှာပြောခဲ့တဲ့နည်းလေးတွေကို သုံးမယ်ဆိုရင် Union Pay Card လေးတွေလုပ်ထားဖို့ အကြံပေးချင်ပါတယ်နော်။ ကိုယ်စုထားတဲ့ပိုက်ဆံတွေကို လက်ထဲမှာပဲထားထားရင် စိတ်မထိန်းနိုင်ဘဲ ပညာရေးအတွက် သုံးရမယ့်အစား တခြားအပျော်အပါးတွေမှာ သုံးမိသွားမှာမို့လို့ Card ထဲထည့်ထားတာက ATM မတွေ့မချင်း လက်လွတ်စပယ်မသုံးမိတော့ဘူးပေါ့။
Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle