နာမည်ကျော် CSGO ကစားသမား NiKo ကို ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ G2 Esports CEO

ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က စတင်ပြီး Faze Clan ရဲ့ ထိပ်သီးကစားသမား Nikola “NiKo” Kovac ကို G2 ဘက်က ခေါ်ယူသွားမယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုအခါမှာတော့ G2 Esports ရဲ့ CEO ဖြစ်သူ Carlos “ocelote” Rodriguez ကတော့ NiKo ကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ Twitter ကနေ တစ်ဆင့် အတည်ပြု ပေးလိုက်ပါတယ်။
stop with the niko messages
— President CarlosR (@CarlosR) October 22, 2020
we arent getting him
“niko နဲ့ ပတ်သက်ပြီး ထပ်မမေးပါနဲ့တော့။ ကျွန်တော်တို့ သူ့ကိုခေါ်ယူသွားမှာ မဟုတ်ပါဘူး။”
Carlos အနေနဲ့ များသောအားဖြင့် တွစ်တာမှာ မီးမ်တွေ၊ ဗရုတ်သုတ်ခတွေကိုသာ တင်လေ့ရှိတာကြောင့် ဒီသတင်းကို အတည်ယူလို့တော့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Carlos တင်ခဲ့တဲ့ပို့စ်မှာ “niko” လို့ ရေးထားတာကြောင့် Heroic က niko ကို ပြောတာများ ဖြစ်နေမလား၊ Faze Clan မှ NiKo ရဲ့ Ingame Name မှာ N အကြီး၊ K အကြီးကို အသုံးပြုထားတာကြောင့် Faze မှ NiKo ကို ရည်ညွှန်းတာ မဟုတ်နိုင်ဘူးလို့ ကောလာဟလတွေကတော့ ထပ်မံ ထွက်ပေါ်လျက် ရှိနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက Faze နဲ့ G2 တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ G2 CSGO အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Nexa အနေနဲ့ အဆိုပါ ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ အသင်းအနေနဲ့ NiKo ကို ရရှိမှာဖြစ်ကြောင်း ဟာသ အဖြစ် Twitter မှာ တင်ခဲ့ပါသေးတယ်။
Playing vs @FaZeClan tomorrow, whoever wins gets to keep @fazeniko. #G2ARMY
— Nemanja Isakovic (@G2nexa) October 21, 2020
ကံဆိုးစွာနဲ့ပဲ Nexa ပါဝင်တဲ့ G2 CSGO အသင်း အနေနဲ့ NiKo ဦးဆောင်တဲ့ FaZe Clan ရဲ့ အပြတ်အသတ် အနိုင်ယူခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ NiKo နဲ့ G2 တို့ အကြား ကောလာဟလတွေဟာ ဆက်တိုက် ဆိုသလို ထပ်မံ ထွက်ပေါ်လျက် ရှိသလို ပရိသတ် အများစု အနေနဲ့ NiKo နဲ့ G2 တို့ ပူးပေါင်းမှုကို မြင်တွေ့ရဖို့ အတော်လေးကို တောင့်တလျက် ရှိတာကြောင့် မျှော်လင့်ထားတဲ့ အတိုင်း G2.NiKo ကို မြင်တွေ့သွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming