သင့်မိသားစုအတွက် အကျိုးရှိစေမယ့် Website တွေ

အခုအခရာက မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးငယ်၊ မိသားစုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို ဖတ်ရှုလေ့လာဖို့ရာ Website တွေကို ဖော်ပြပေးချင်ပါတယ်။
ပေးထားတဲ့နာမည်အတိုင်းပဲ မိသားစုတစ်စုလုံးအတွက် သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အချိန်မှာ သိရထားရမယ့် ဗဟုသုတတွေ၊ ကလေးနာမည်ပေးတာ၊ လေးဖက်ထောက်အရွယ်ကစပြီး ဆယ်ကျော်သက်အရွယ်အထိ ကလေးကျန်းမာရေးဆိုင်ရာ ဗဟုသုတဆောင်းပါးတွေအပြင် မိသားစုတစ်စုလုံးအတွက် သိသင့်တဲ့အကြောင်းအရာတွေကို ရေးသားထားပါတယ်။

ရင်သွေးငယ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ အပြည့်အစုံရှိထားချင်ရင်တော့ About Kids Health က အသင့်တော်ဆုံးဖြစ်မှာပါ။ ကနေဒါနိုင်ငံအခြေစိုက်ဖြစ်တဲ့ ဒီ Website မှာ ကလေးငယ်တွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး စာအစုံအလင်တွေ ရှိပါတယ်။ ကလေးတွေအတွက် မိဘတွေအနေနဲ့ Sex Education ကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြောပြသင့်တယ်ဆိုတဲ့ အကြောင်းအရာတွေပါ ဒီ Website မှာ တွေ့ရမှာဖြစ်ပါတယ်။


ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး Website တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအချက်နဲ့တင် တခြားဘာမှ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ အတွေ့အကြုံရှိ ဆရာဝန်တွေရဲ့ ဆောင်းပါးတွေကို For Parent, For Kids, For Teens စတဲ့ ခေါင်းစဉ်အောက်မှာ ကြိုက်နှစ်သက်ရာရွေးပြီး ဖတ်ရှုနိုင်ပါတယ်။


ဒီ Website ကတော့ အပေါ်ဆုံးမှာ ပြောပြပေးခဲ့တဲ့ Family Education လိုပဲ မိသားစုတစ်စုလုံးအတွက် ရည်ရွယ်တဲ့ Website တစ်ခုဖြစ်ပါတယ်။ သူ့မှာပိုသာသွားတဲ့အချက်တော့ အစားအသောက်ပိုင်းတွေနဲ့ Parents ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ ကမ္ဘာပေါ်က နောက်ဆုံးရသတင်းတွေပါ ဖော်ပြပေးထားတာပါ။

ပရိသတ်ကြီးလည်း အခရာကပြောပြပေးထားတဲ့ Website ကို ဝင်လေ့လာရင်း ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
NSC (Akhayar)