'' Weekend '' ကို ဘယ်လိုဖြတ်သန်းလေ့ရှိကြလဲ?

'' Weekend '' ကို ဘယ်လိုဖြတ်သန်းလေ့ရှိကြလဲ?

Admin ကတော့ အပြင်ထွက်ပြီး မုန့်စားရင်စား၊ဒါမှမဟုတ်လည်း အပြင်မသွားချင်တဲ့နေ့ ဆိုရင် အိမ်မှာပဲနားလိုက်တော့တာပဲ..အိမ်မှာနားတဲ့ရက်ဆိုရင်တော့ ရုပ်ရှင်ကြည့်ဖြစ်တာများပါတယ်။

ဒီတိုင်းနားရင်ကျတော့လည်း ပျင်းစရာကြီးလေနော်..ဒါပေမယ့် တစ်ခါတစ်လေကျရင် "ဘာကြည့်ရင်ကောင်းမလဲ" ရှာရင်းနဲ့ပဲ တစ်နေကုန်သွားပြန်ရော...မင်မင့်လိုသူတွေ ရှိတယ်ဆိုရင်တော့ ဒီWeekend မှာလည်း မပျင်းရအောင် ကြည့်လို့ကောင်းပြီး ထွက်ထားတာလည်းမကြာသေးတဲ့ ဇာတ်ကားလေးတွေ ပြောပြပေးမယ်နော်..

ဘယ်လို ဇာတ်ကားလေးဖြစ်မလဲ??

#akhayarlifestyle #weekend #netflix #You #romance #thriller #movie

#1

ပထမဆုံး အ​နေနဲ့​က​တော့ ထွက်ထားတာသိပ်မကြာသေးတဲ့ Somebody I Used to Know ဆိုတဲ့ဇာတ်ကား​ပါ ဒီ2023 February မှ ထွက်ရှိထားပြီးRomantic-Comedy အမျိုးအစားလေးဆိုတော့ Rom-Com Fan တွေအတွက် ရွေးချယ်စရာ တစ်ခုပါပဲ..သရုပ်ဆောင်တွေအနေနဲ့က ‌Alison Brie, Jay Ellis နဲ့ Kiersey Clemons တို့ကအဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ Ally(Alison Brie) ဆိုတဲ့ အမျိုးသမီးက အလုပ်အရမ်းလုပ်တဲ့သူတစ်‌‌‌ယောက်ဖြစ်ပြီး အလုပ်နဲ့ပတ်သတ်တဲ့ Stress တွေကို ရင်ဆိုင်နေရတဲ့သူပါ။စိတ်အဆင်ပြေအောင်ကြိုးစားဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီး​နောက် သူမရဲ့ အရင်ရည်းစားဟောင်း Sean(Jay Ellis) ကို ဆက်သွယ်ခဲ့ပါတယ်။ဒါပေမယ့် Sean မှာ တော့သူနဲ့ စေ့စပ်ထားတဲ့ ကောင်မလေး Cassidy( Kiersey Clemons)ရှိနှင့်နေပြီဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ …..Spoiler မိရင် ကြည့်ရတာ အရသာ‌‌‌ပေါ့လို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို မ​ပြောတော့ပါဘူး..ကိုယ်တိုင်ပဲကြည့် ကြည့်လိုက်နော်..

#2

Rom-com Fan တွေအတွက် နောက်ထပ်​ပြောပြ​ပေးမှာက​တော့ Your Name or Mine ဆိုတဲ့ ဇာတ်ကားလေးပါ..
ဒီဇာတ်ကားလေးက The Devil Wears Prada (2006) နဲ့ Morning Glory (2010) ဇာတ်ကား​တွေကို ရေးသားတဲ့ စာရေးဆရာမ Aline Brosh McKenna ရဲ့လက်ရာတစ်ခုဖြစ်ပြီး သူမကိုယ်တိုင် ဒါရိုက်တာ အ​နေနဲ့ ပထမဆုံး ပွဲဦးထွက်ရိုက်ကူးတဲ့ဇာတ်လမ်း​လည်း ဖြစ်တယ်။
သရုပ်​​ဆောင်​တွေက​တော့ Reese Witherspoon နဲ့ Ashton Kutcher ပါဝင်ထားတာဆို​​တော့ ကြည့်သင့်တဲ့ ဇာတ်ကားပဲနော်။Debbie (Reese Witherspoon)နဲ့ Peter ( Ashton Kutcher)တို့ နှစ်ယောက်က အချစ်ဆုံးငယ်သူငယ်ချင်းတွေပါ။
Debbie ကတော့သားတစ်‌ယောက်ရှိတဲ့ Single Mom ဖြစ်ပြီး Peter ကတော့ တစ်ကိုယ်တည်း လူပျိုကြီး..အချစ်ရေးကတော့ တွဲပြတ်(တွဲတိုင်းပြတ်)လေး​ပေါ့..
Debbie က ရှေ့ရေးအတွက် အ‌‌ဝေးတစ်နေရာမှာ Degree သွားယူဖို့ ဖြစ်လာပြီး သူ့သားလေးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ Peter က ကူညီရပါတော့တယ်…
ဒီတော့ လူပျိုကြီးတစ်ယောက် ကလေးကိုဘယ်လိုစောင့်ရှောက်မှာလဲ? သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ရေးကရော??? 2023 မှ ထွက်ထားတာဆိုတော့ Spoiler မမိခင် အမြန်ကြည့်ကြတော့နော်။

#3

ဒီဇာတ်လမ်းကတော့ Horror, Thriller အမျိုးအစားပါ။
စာရေးဆရာ Paul Tremblay ရဲ့ 2018 ခုနှစ်က ထွက်ရှိခဲ့တဲ့
‘‘ The Cabin at End of the World ’’၀တ္ထုကို အခု 2023 မှာတော့ ရုပ်ရှင်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

အသက်ခုနစ်နှစ် အရွယ် ရှိတဲ့ Wen က သူမိဘတွေဖြစ်တဲ့ Eric ,Andrew တို့နဲ့ အတူ လူသူအရောက်နည်းတဲ့ တည်းခိုခန်း တစ်ခုမှာ အပန်းဖြေနေကြတယ်။
တစ်ရက်မှာတော့ ရုတ်တရက် လူစိမ်းလေးယောက်ရဲ့ ဖမ်းစီးခြင်းကို ခံလိုက်ရတယ်။
သူတို့ကWen တို့မိသားစုကို'ကမ္ဘာကြီးပေါ် မှာရှိတဲ့လူသားတွေကိုကယ်တင်ဖို့အတွက်သူတို့မိသားစုကို စတေးပေးဖို့ နဲ့ ဒီ‌ရွေးချယ်မှုကိုမပြုလုပ်ရင် ဆိုးရွားတဲ့ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်'လို့ပြောကာ ရွေးချယ်ခိုင်းခဲ့တယ်။အဲ့လူစိမ်းလေးယောက်ကရော ဘယ်သူတွေလဲ? ဘာကြောင့် ဒီလို ရွေးချယ်မှုတွေကို ‌‌ရွေးခိုင်းနေရတာလဲ?Eric နဲ့ Andrew ရဲ့ ဆုံးဖြတ်ချက်က‌ရော?
မိသားစုကိုကယ်မှာလား? ကမ္ဘာပေါ် မှာရှိတဲ့လူသားတွေကိုကယ်မှာလား?ဆိုတာကို စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်။
Thriller ဇာတ်လမ်း​​တွေကြိုက်တဲ့သူ​တွေအတွက်​တော့ ​ရွေးချယ်စရာတစ်ခုပါပဲ..

#4

​နောက်ဆုံးတစ်ခုက​တော့ ~
Netflix မှာ Psychopath, thriller genre ကားတွေကြည့်ရတာ ကြိုက်နှစ်သက်သူတွေအတွက် သီးသန့် မိတ်ဆက်စရာမလိုတော့မယ့် Seriesတစ်ခုပါ..
တော်တော်များများလဲ သိပြီးနေလောက်ပြီထင်တဲ့ ဒီ Series လေးကိုတော့ များများစားစား ပြန်မရှင်းပြတော့ပါဘူးနော် ။
ရှေ့မှာလည်း Season သုံးခုထွက်ထားပြီးပြီဆိုတော့ ​''You'' fan တွေကတော့ season 4 ကိုမလွတ်တမ်းကြည့်သင့်တယ်နော်..ရှေ့က season တွေနဲ့မတူပဲ အနည်းငယ်ကွဲထွက်နေတဲ့ vibe မျိုးရပေမယ့် ​မျှော်လင့်နေကြတဲ့ Fan တွေအတွက်ကတော့ စောင့်ရကျိုးနပ်တဲ့ Season တစ်ခုပဲ.Main character ဖြစ်တဲ့ Joe ကိုတော့ အရင် season တွေတုန်းကနဲ့မတူပဲ ပြောင်းလဲနေတဲ့ ပုံစံ နဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒီ Season မှာကော သူ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ပြီး ဘယ်လို မိန်းကလေးမျိုးကိုမျက်စိကျမလဲ?ဘယ်လိုဘယ်ပုံနဲ့ စိတ်လှုပ်ရှားစရာတွေ ၊ သည်းထိပ်ရင်ဖိုတွေ မြင်တွေ့ရဦးမလဲဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦးနော်…

Rating ကတော့ R rated ဖြစ်လို့ ကလေးသူငယ်တွေ နဲ့ နှလုံးရောဂါရှိသူများ ကြည့်ရှုဖို့ လုံးဝမသင့်တော်ပါဘူး..

လက်ရှိမှာတော့ Season 4 ကို Part 1 အနေနဲ့ Episode 5 ပိုင်းထိ ထွက်ရှိထားပြီး လာမယ့် March လ 9 ရက်နေ့မှာတော့ Part 2 ထွက်မှာဆိုတော့ စောင့်ကြည့်ရဦးမှာပေါ့..
ထွက်ထားတာလည်းမကြာသေးတော့ Psychopath ကားတွေကို မှ ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေ အတွက်ကတော့ ဒီ weekend မှာ မလွတ်တမ်းကြည့်သင့်တဲ့ Serie လေးပါ။ အခုမှစကြည့်မယ့်လူတွေကလည်း Season 4ကို မကြည့်ခင်ရှေ့က Season 1,2,3 ကို အရင်ကြည့်ဖို့ Recommend ပေးပါရစေ….

အခု မင်မင်​​ပြောပြ​ပေးလိုက်တဲ့ ဇာတ်ကား​လေး​တွေနဲ့အတူ ပျော်စရာ​ကောင်း တဲ့Weekend ဖြစ်ပါ​စေ​နော်

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle