Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

အပတ်တိုင်း တင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှု လုပ်လာတာဟာ ဒီအပတ်နဲ့ဆို ငါးပတ်မြောက်ကို ရောက်ရှိလို့နေပါပြီ။ ဒီအပတ်မှာရော Comfort Zone ကို ဘယ်လိုမျိုး ဆန်းဆန်းပြားပြား မေးခွန်းတွေ လာမေးထားပြီး အခရာကရော လာမေးတဲ့သူအတွက်ရော၊ စာဖတ်ပရိသတ်တွေကိုရော အကျိုးရှိအောင် ဘာလိုလေးတွေ ဖြေပေးထားလဲဆိုတာကို ပရိသတ်ကြီး ပြန်အသုံးချလို့ရအောင် စုစည်းဖော်ပြပေးလိုက်ပါပြီနော်။

Q1: တက္ကသိုလ်ကျောင်းသူအရွယ်ပဲရှိသေးလို့ အမေများနေ့မှာ အမေကို အကောင်းဆုံးလက်ဆောင်ပေးချင်လို့ ဘာလို့လက်ဆောင်မျိုးပေးရင်ကောင်းမလဲ အကြံလေးပေးပါလားဆိုပြီး Facebook အကောင့်ပိုင်ရှင်တစ်ဦးက မေးထားပါတယ်။

A1: တက္ကသိုလ်ကျောင်းသူအရွယ်ဖြစ်လို့ အမေကို လက်ဆောင်ပေးချင်ရင်တော့ အကောင်းဆုံးက ကိုယ်ဝယ်ပေးနိုင်တဲ့ အတိုင်းအတာထဲကမှ အမေအကြိုက်ဆုံးဖြစ်မယ့် အရာမျိုး ရွေးဝယ်ပေးတာမျိုး၊ စာသေချာလုပ်ပြီး အမှတ်ကောင်းကောင်းရအောင်ကြိုးစားပြီး လိမ်လိမ်မာမာနေပေးတာကလည်း အမေအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်လို့ အဲနှစ်ခုထဲက အဆင်ပြေတာကို ရွေးပြီး ပေးပါလို့ အကြံပေးချင်ပါတယ်နော်။

Q2: နောက်ထပ် Facebook အကောင့်ပိုင်ရှင်တစ်ဦးက အလုပ်မှာ ဘယ်လိုမှ မပျော်တော့လို့ အလုပ်ထွက်ပြီး အလုပ်ပြောင်းချင်လို့ ဘာတွေ သိထားရင် အဆင်ပြေပြေနဲ့ ပြောင်းနိုင်မလဲဆိုပြီး မေးထားပါတယ်။

A2:အလုပ်ပြောင်းမယ့်သူတွေအနေနဲ့ အလုပ်သစ်တစ်ခုရောက်ရင် အောက်ခြေကနေ ပြန်စရတာတွေ အများကြီး ရှိလာနိုင်လို့ အသစ်တစ်ယောက်အနေနဲ့ အောက်ခြေကနေ ပြန်စနိုင်လား ဆိုတဲ့အချက်ကို သေချာပေါက် ထည့်စဉ်းစားပါ။ အလုပ်ပြောင်းရင် တချို့က ရူးသွပ်တဲ့အလုပ်မျိုးကို ပြောင်းလုပ်ရင် အောင်မြင်မယ်လို့ စဉ်းစားတတ်ကြပါတယ်။ ရူးသွပ်တဲ့အရာက ကျွမ်းကျင်မှုမရှိရင် အောင်မြင်မှုကို မဖန်တီးပေးနိုင်လို့ ကိုယ်ရွေးလိုက်တဲ့အလုပ်မှာ ကျွမ်းကျင်မှုကို ပြန်အသုံးချလို့ရလား ထည့်စဉ်းစားပါ။ နောက်ဆုံးတစ်ချက်အနေနဲ့ တန်ဖိုးထားမှု မပျောက်ဆုံးဖို့လည်း လိုပါတယ်နော်။ ပိုက်ဆံများများရလို့ ပြောင်းလိုက်ပေးမယ့် တန်ဖိုးထားမှုတွေ မရှိတော့ရင် မပျော်နိုင်လို့ ကိုယ်ပြောင်းမယ့်အလုပ်မှာ တန်ဖိုးထားမှု ဘယ်လောက်ရှိလဲကို ထည့်စဉ်းစားသင့်ပါတယ်။ ဒီလောက်ဆိုရင် အလုပ်ပြောင်းမယ့်သူတွေအတွက် အထောက်အကူ ရမယ်လို့ ထင်ပါတယ်နော်။

Q3: စိတ်ဖိစီးမှုတွေ အမြဲခံစားနေရပြီး မကောင်းတဲ့အတွေးတွေပဲ ခေါင်းထဲအမြဲရောက်နေလို့ အဲဒါကို ဘယ်လိုတိုက်ထုတ်ရင် အဆင်ပြေမလဲဆိုတာကို အခရာဝိုင်းတော်သားများ တစ်ချက်လောက် ဖြေပေးပါနော်ဆိုပြီး မေးထားပါတယ်။

A3: စိတ်ဖိစီးမှုဖြစ်ရင် အကောင်းဆုံးနည်းကတော့ စိတ်ဖိစီးမှုဖြစ်တဲ့အကြောင်းတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ ရေးပြီးလို့ ပြန်ဖတ်ကြည့်လိုက်ရင် စိတ်ညစ်နေတဲ့ အကြောင်းတွေမှာ အရေးမကြီးတဲ့အရာတွေ ပါနေတာကို တွေ့ရပါလိမ့်မယ်။ ဖြေရှင်းလို့ရတာတွေလည်း ပါနေနိုင်လို့ အဲဒါတွေကို ဖြေရှင်းလိုက်ရင် ဘာမှ ပြဿနာမရှိတော့ဘူးလို့ ပြောင်းတွေးလိုက်ရင် စိတ်က အလိုလို ပျော်လာပါလိမ့်မယ်။ စိတ်ညစ်ရင် မကောင်းတာတွေပဲ ဖိတွေးတာမျိုး၊ ငါကအသုံးမကျလိုက်တာ သူများက ဘယ်လိုတော်ပြီး ငါကတော့ ဘယ်လို ဖြစ်နေလိုက်တာလို့ တွေးနေရင် စိတ်ဖိစီးမှုက ပျောက်မှာ မဟုတ်လို့ ကိုယ်ဝါသနာပါတာတွေကို ဖိလုပ်ပြီး စိတ်ဖိစီးမှုကို မေ့ထားနိုင်အောင် လုပ်ပါ။ ဘုရားများများရှိခိုးပြီး ပျော်ပျော်နေတတ်တဲ့လူတွေနားမှာနေရင်လည်း အပျော်တွေ ကူးစက်သွားပြီး စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါလိမ့်မယ်။

Q4: အလုပ်မှာ အဆင်မပြေတဲ့လူ၊ မတည့်တဲ့လူတွေရှိရင် ဘယ်လိုအဆင်ပြေအောင်နေပြီး အလုပ်ဆက်လုပ်ရမလဲဆိုတာ အကြံဉာဏ်ပေးပါဦး အခရာရယ် ဆိုပြီး အမည်မဖော်လိုသူ အကောင့်ပိုင်ရှင်တစ်ဦးက လာမေးထားပါသေးတယ်။

A4: အလုပ်မှာမတည့်တဲသူရှိတာ တကယ်ကို ဝန်ထမ်းတွေအတွက် ခေါင်းကိုက်စရာကိစ္စပါ။ မတည့်တာလို့ အဲဒီသူနဲ့ စကားလုံးဝမပြောဘဲနေတာမျိုး၊ မတည့်လို့ ကိုယ်က အရာရာကို သတိကြီးကြီးထားပြီး ဆက်ဆံတတ်တာကို သူဘက်က ချေတယ်၊ မထီမဲ့မြင်ပြုတယ်လု့ိ ထင်နိုင်လို့ အဲ့ဒီလိုမျိုးမဖြစ်အောင် ပုံမှန်အတိုင်းပဲနေပါ။ သူနဲ့ကိုယ်နဲ့ မတည့်လို့ ရှောင်နေတာမျျိုး လုပ်မှာထက် ငါသာ သူ့နေရာမှာဆိုရင် ဘယ်လိုဖြစ်မလဲဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ ဝင်ပြီးခံစားကြည့်ပါ။ အဲဒါဆိုရင် ဖြေရှင်းရမယ့် နည်းလမ်းတွေ တစ်ခုခုတော့ တွေ့လာပါလိမ့်မယ်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လို သူငယ်ချင်းလို ရှိပေးနေတဲ့ Comfort Zone လေးဆီကို ကိုယ်တိုင်လာမေးလို့ ရလို့ လက်မတွန့်ဘဲ ရင်ဖွင့်ပြီး မေးကာ အဖြေရှာလိုက်ကြပါတော့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle