ဝိတ်လည်းမတက်ချင်ဘူး ညစာလည်းစားချင်တယ်ဆိုရင် ဘာတွေစားသင့်လဲ
ညဘက်ဆို ဗိုက်ကလည်းခဏခဏဆာတယ် ဝိတ်ကလည်းတက်မှာကြောက်တယ် ။စားလိုက်ရင်လည်းဗိုက်ကအီလည်လည်ကြီးတွေဖြစ်ပြီးနေလို့မကောင်းတော့ဘူးဆိုရင်ညစာကိုအများကြီးတွေ မစားသင့်ပါဘူးနော်။ ကိုယ်အနေနဲ့ဝတ်မတက်ချင်ဘူးဗိုက်ကလည်းဆာနေတယ်ဆိုရင် အခုပြောပြတဲ့ အစားစာလေးတွေကလည်းဗိုက်လည်းပြည့်စေပြီး ဝိတ်လည်း အရမ်းမတက်စေပါဘူးနော်။
ကြက်ဥအကာ
ကြက်ဥကပရိုတိန်းဓာတ်တွေပြည့်ဝစေတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တစ်မျိုးလည်းဖြစ်တဲ့အတွက် စားပေးသင့်ပါတယ်။ ကြက်ဥကိုညဘက်စားတဲ့နေရာမှာလဲ အကာကိုပဲစားပေးသင့်ပြီးအထဲကအနှစ်ကိုတော့ မစားသင့်ပါဘူး။ စားရင်လည်း အကာကြီးပဲ နှစ်လုံးလောက်စားပေးရင် ဗိုက်အတင်းကြီးမပြည့်ရင်လည်း အနေတော်လောက်တော့ဖြစ်သွားမှာပါနော်။
အသီးအရွက်ကြော်
အသီးအရွက်တွေကခန္ဓာကိုယ်အတွက် အားဖြည့်ပေးနိုင်ရုံသာမက အသားအရေအတွက်လည်းကောင်းမွန်စေပါတယ်။ဗီတာမင်ဓာတ်တွေကိုလည်းဖြည့်ပေးနိုင်တဲ့အတွက်စားကိုစားပေးသင့်ပါတယ် အစိမ်းရောင်အသီးအရွက်တွေကို၊ ဒါအပြင်ကြော်တဲ့နေရာမှာလည်း ဆီကိုအနည်းငယ်သာအသုံးပြုပေးသင့်ပါတယ်နော်။
သစ်သီးဖျော်ရည်
သဘာဝအသီးဖျော်ရည်တွေက ညဘက်မှာပိုသောက်ပေးသင့်ပါတယ်။ ဝမ်းချုပ်တာတွေ၊အပူတွေကိုပါပျောက်ကင်းအောင်လည်းလုပ်ပေးနိုင်ပါတယ်။ မုန့်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်စသည်ဖြင့် အဆီမတက်စေတဲ့သစ်သီးဖျော်ရည်မျိုးရွေးချယ်သောက်ပေးသင့်ပါတယ်။
Photo Credit -Fitness
Kelly - Akhayar Lifestyle