လိင်ပိုင်းဆိုင်ရာခွဲခြားမှု Tweet တစ်ခုကြောင့် ဝန်ချတောင်းပန်လိုက်ရတဲ့ WePlay! Esports

Esports ပိုင်းမှာ နာမည်ကြီး Tournament Organizer တစ်ခုဖြစ်တဲ့ WePlay! Esports ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ ဒီလောက် Sexism ကိုလုံးဝလက်မခံနိုင်ကြတဲ့ အခြေအနေမျိုးမှာ WePlay! Esports ရဲ့ Tweet တစ်ခုဟာ မိန်းကလေး Content Creators တွေကိုနှိမ်တဲ့ အသုံးအနှုန်းမျိုးတွေနဲ့ Twitch Livestream ကိုလာကြည့်ဖို့အတွက် Tweet တင်မိတာကြောင့် အခုတော့ တောင်းပန်ရပါပြီ။

ပုံထဲမှာတော့ WePlay! Esports ဟာ Host တစ်ယောက်ဖြစ်တဲ့ Rich Cambell ရဲ့ပုံကိုအသုံးပြုပြီး၊ လျှာထုတ်နေတဲ့ပုံနဲ့ OMEGA League Broadcast ကိုလာကြည့်ကြဖို့ဖိတ်ခေါ်ထားပါတယ်။ ပုံနဲ့လည်းနောက်ပြောင်ထားပြီး တင်တဲ့စာသားတွေကလည်း Patreon တွေကော၊ Photo Set တွေပါရှိတယ်လို့ ရေးသားထားတွေက မိန်းကလေး Content Creator တွေကို တိုက်ရိုက်စော်ကားသလိုဖြစ်သွားပါတယ်။
အချို့သော မိန်းကလေး Content Creators တွေက ပရိသတ်တွေအတွက် Patreon နဲ့ OnlyFans ကိုအသုံးပြုပြီး Subscribers တွေအတွက် အထူးအခွင့်အရေး Photo Set တွေနဲ့ အခြား Content အမျိုးမျိုးကို တင်ထားပေးတတ်ကြပါတယ်။ ဒီလိုမျိုး Tweet တင်လိုက်တာဟာ မိန်းကလေး Content Creators တွေကို တိုက်ရိုက်စော်ကားလိုက်သလိုဖြစ်သွားတာကြောင့် WePlay! Esports ကနေ Tweet ကိုဖျက်ပြီး တောင်းပန်လိုက်ရပါတယ်။
Dear community, we apologize for the post that we did. It was wrong and insensitive. Action has been taken, and we will do better in the future. It was sexist and wrong. We are sorry 💙💙💙
— WePlay! Dota2 | #WePlayOMEGA (@WePlayDota2_) August 20, 2020
ဒီလိုမျိုးတောင်းပန်လိုက်တာကို ပရိသတ်အတော်များများကတော့ လက်ခံကြပေမယ့် Dota အတွက် Host နဲ့ Analyst တစ်ယောက်ဖြစ်တဲ့ Kendryx ကတော့ ကျေနပ်ပုံမရပါဘူး။ သူကတော့ “ဒီလိုမျိုးတွေ လုံးဝမလုပ်တာတော့ အကောင်းဆုံးပဲ။ E3 ရဲ့ဆောင်းပါးတွေအပြီးမှာ၊ လိင်ပိုင်းဆိုင်ရာထိပါးမှုတွေနဲ့ အပြီးမှာ ကျွန်မတို့ဟာ ပြောင်းလဲမှုတစ်ခုကို ဦးဆောင်နေခဲ့တဲ့အချိန်၊ ခင်ဗျားတို့က လုပ်တာ၊ ခင်ဗျားတို့က ဒီလိုမျိုး Post ဖို့ကိုခွင့်ပြုခဲ့တာပါ။ ဒါဟာ လိင်ပိုင်းဆိုင်ရာခွဲခြားမှုတွေဖြစ်တယ်။ ရပ်တန်းကရပ်သင့်နေပါပြီ” လို့ Tweet Reply ကနေ ပြောကြားထားခဲ့ပါတယ်။
Yeah - how about we just fucking don't @WePlayEsport?
— Kendryx (@Kendryx_) August 20, 2020
After E3's article, after how many victims came forward in the Dota 2 community with assault stories, after we decided it was time for change...
You do this. You allowed this to be posted.
THIS IS SEXISM. STOP THIS SHIT! pic.twitter.com/H0clhn9guv
WePlay! Esports ကအခုမှ လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ ပြဿနာရှိဖူးတာမဟုတ်ပါဘူး။ WePlay! Esports ရဲ့ Job Listing တစ်ခုမှာလည်း မိန်းကလေးတွေရယ်၊ Tequila ရယ်နဲ့ Chill လို့ရမယ်ဆိုပြီး Company ကိုဝင်ရောက်တဲ့အခါ ရရှိလာမယ့်အခွင့်အရေးမှာ ထည့်သွင်းခဲ့ဖူးပါသေးတယ်။
a colleague just sent me this extremely real job posting.... tell me again how we're making women comfortable in esports🤔🤔🤔🤔🤔 pic.twitter.com/3LWmhkWhkk
— Nicole Carpenter (@sweetpotatoes) August 29, 2018
Esports ပိုင်းမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေကြောင့် Dota 2 နာမည်ကြီး Caster တစ်ယောက်ဖြစ်တဲ့ Tobi Wan ဟာ Dota 2 လောကထဲက လုံးဝကိုထွက်ခွာသွားခဲ့ရပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာခွဲခြားမှုက လက်ရှိ Esports လောကမှာ လုံးဝကိုလက်မခံနိုင်တဲ့အနေအထား တစ်ခုမှာရှိနေတာကြောင့် Esports Organization တွေအနေနဲ့ သတိထားဖို့လိုပါတယ်။
Ref: Dot Esports