ဆံပင်ရေစိုနှင့်အိပ်ရင်ဘာတွေထိခိုက်လာနိုင်လဲ

ဆံပင်ရေစိုနှင့်အိပ်ရင်ဘာတွေထိခိုက်လာနိုင်လဲ

ဆံသားတွေ ညစ်ပတ်နေပြီလို့ခံစားရလို့ခေါင်းကိုနေ့တိုင်းလျှော်ဖြစ်တယ်၊ လျှော်တဲ့အချိန်တွေကလည်းမိုးချုပ်မှာဆိုတော့ တစ်ခါတစ်လေ ဆံပင်ရေစိုကြီးနဲ့ပဲအိပ်မိသွားတယ်။ အဲ့လိုမျိုးခဏခဏဖြစ်နေရငိ ဦးနှောက်အတွက်ဘာဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်လဲ ။လူကြီးတွေအမြဲတမ်းပြောနေကျစကားတစ်ခုရှိပါတယ်။ခေါင်းကိုမိုးချုပ်မှမလျှော်နဲ့ဆံပင်အစိုကြီးတွေနဲ့မနေနဲ့ဆိုတာပါ။တကယ်လည်းအဲ့အချက်က ကျန်းမာရေးအတွက်ရော ၊ ခန္ဓာကိုယ်အတွက်ပါဓာတ်ဖြစ်သွားနိုင်ပါတယ်။


ဆံပင်ပေါက်တာနှေးမယ်
ဆံပင်ရေစို၊မခြောက်တစ်ခြောက်တွေနဲ့အိပ်ရာဝင်ရင် ဆံပင်ကြွတ်တာ၊ဆံပင်ဖွာတာ၊ဆံပင်အုံးပါတာမျိုးတွေဖြစ်စေတဲ့အတွက် ဆံပင်ထူးထူးလေးတွေရဖို့ဆိုတာခက်နိုင်ပါတယ်။ အတက်နိုင်ဆုံးဆံပင်ကိုခြောက်အောင်လုပ်ပေးသင့်ပါတယ်နော်။

Photo Credit -Insider


ဦးရေပြားယားယံစေမယ်
ကိုယ့်ရဲ့အခန်းအပူချိန်နဲ့ မခြောက်သေးတဲ့ဆံပင်တွေက ဦးရေးပြားကိုထိခိုက်စေတဲ့အပြင် အရေးပြားမှာလည်း ဘက်တီးရီးယားပိုးမွှားတွေကြီးထွားလာတတ်ပြီး ဦးရေပြားကိုယားယံတာမျိုးတွေ ၊ အနာဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

Photo Credit -Hair


ခေါင်းကိုက်မယ်
အဲ့အချက်ကတော့ ဖြစ်နိုင်ချေအများဆုံးလို့ပြောလို့ရပါတယ်။ ခေါင်းအစိုနှင့်ရယ်ခန္ဓာကိုယ်ကအပူငွေတို့ကြောင့် ဦးနှောက်ကသွေးကြောလေးတွေကမခံနိုင်တော့ ရင် ခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။ခေါင်းခဏခဏကိုက်တဲ့ဒဏ်တွေများလာရင် ဦးနှောက်နဲ့ဆိုင်တာရောဂါတွေဖြစ်ဖို့အခွင့်အလမ်းတွေရနိုင်ပါတယ်။

Photo Credit -The Star

Kelly - Akhayar Lifestyle