ကိုယ်မုန်းတဲ့သူနဲ့ အလုပ်တူတူတွဲလုပ်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ

ကိုယ်မုန်းတဲ့သူနဲ့ အလုပ်တူတူတွဲလုပ်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ

အလုပ်လုပ်ပါတယ်ဆိုမှ တစ်ခါတလေ ကိုယ်သဘောမကျတဲ့သူနဲ့လည်း တွေ့၊ တစ်ခါတလေ ကိုယ်နဲ့ အဆင်ပြေတဲ့သူနဲ့လည်း တွေ့ပေါ့။ ဒါဟာ လူကြီးတစ်ယောက်ဖြစ်လာရင် လက်တွေ့ရင်ဆိုင်ရမယ့် ဘဝပါပဲ။ ခေါင်းစဉ်ကရော နည်းနည်းမပြင်းထန်ဘူးလားလို့ မေးလာရင်တော့ လက်တွေ့ဘဝမှာ အလုပ်လုပ်တဲ့အခါ သာမန်အဆင်မပြေရုံမဟုတ်ဘဲ မုန်းကို မုန်းလောက်တဲ့ သူတွေ အများကြီးတွေ့ဖူးရင်တော့ ဒီခေါင်းစဉ်ဟာ အဆိုးမဆိုသာဘူးလို့ ပြောရမှာပါ။

ဒါပေမယ့် ဘယ်လိုပဲ မုန်းမုန်း၊ ဘယ်လိုပဲ စကားပြော အပေါက်အလမ်းမတည့်၊ အဆင်ပြေပြေ မပြေပြေ အလုပ်အတူတွဲလုပ်နေရသရွေ့တော့ Professional တွေပီပီ ပြောဆိုဆက်ဆံနေရမှာပဲ ဖြစ်ပါတယ်။ ဒါကို ဘယ်လို ကျော်ဖြတ်ကြပါမလဲ။

၁။ ပြဿနာကို ရင်ဆိုင်ပါ
ပထမဆုံးအချက်အနေနဲ့ကတော့ ပြဿနာကို ရင်ဆိုင်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ လူတွေက ကိုယ်မုန်းတဲ့ သူဆိုရင် တတ်နိုင်သမျှ စကားမပြောဖြစ်အောင် ရှောင်ကြပါတယ်။ အလုပ်ထဲမှာတော့ ဒီလို လုပ်ဖို့ အဆင်မပြေဘဲ စကားမပြောဘဲ ရှောင်ဖယ် ရှောင်ဖယ်လုပ်နေရင် အခြေအနေကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။ ဒီလို လုပ်နေမယ့် အစား ကိုယ်သဘောမကျတဲ့ သူနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း စကားပြောပြီး အလုပ်တွင်အောင် လုပ်တာက ပိုအဆင်ပြေစေပါတယ်။

၂။ တခြားသူတွေနဲ့ ဆက်ဆံတဲ့ ကိုယ့်ရဲ့ ပုံစံကိုလည်း သတိထားပါ
တစ်ခါတလေမှာ ကိုယ်က အရာရာကို သတိကြီးကြီးထားပြီး ဆက်ဆံတတ်တာကို လူတွေ အမြင်မှာကျတော့ ဒီလူ ချေတယ်၊ လိုက်လျောညီထွေ မရှိဘူးလို့ ထင်တတ်ပါတယ်။ တစ်ခါတလေကျတော့လည်း ကိုယ်က ပြဿနာတွေ ဖြစ်မှာစိုးလို့ ခပ်မဆိတ်နေပေမယ့် တခြားသူတွေအမြင်မှာကျတော့ ကြီးကျယ်ဘဝင်မြင့်တဲ့ ပုံ ဖြစ်နေတဲ့အတွက် ဒီတစ်ချက်ကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။

၃။ သူတို့ဘက်ကနေလည်း တွေးကြည့်ပေးပါ
ကိုယ်မုန်းတယ်ပြောပြီး ရှောင်နေရုံနဲ့ ပြဿနာတွေက ငြိမ်းချမ်းမသွားဘူးလို့ ပြောခဲ့ပြီးပါပြီ။ ဘာကြောင့် သူနဲ့ ကိုယ်နဲ့ ကြား ဒီလို အဆီအငေါ်မတည့်တွေ ဖြစ်နေရလဲဆိုတာ အဖြေရှာချင်ရင် သူ့နေရာကလည်း ဝင်ခံစားပေးပါ။ သူ့ကို မေးခွန်းတွေ မေးကြည့်၊ နားလည်အောင် ကြိုးစားကြည့်မှ ရပါမယ်။ သူတို့ ပြောပြီးသွားရင် ခင်ဗျားပြောတာကို ကျွန်တော်နားလည်တာက ဒီလိုနော်ဆိုပြီး သူတို့နဲ့ ကိုယ့်ကြား နားလည်မှုမလွဲအောင် တစ်ခေါက်ထပ်အတည်ပြုရပါမယ်။ လူတစ်ယောက်ကို အကြောင်းမဲ့ လူဆိုး၊ မင်းက မကောင်းတဲ့ ကောင်လို့ ပြောရင် ဘယ်သူမှ မကြိုက်ဘဲ သူဒီလိုလူမျိုးမဟုတ်ကြောင်း အကြောက်အကန် ငြင်းပါလိမ့်မယ်။ ဒီအစား ဘယ်နေရာမှာတော့ မင်းလုပ်ပုံမကောင်းဘူးလို့ ငါထင်တယ်လို့ ပြောရင် သူတို့နဲ့ ပိုပြီး စကားပြောရဆိုရအဆင်ပြေစေမှာ ဖြစ်ပါတယ်။

၄။ သူတို့ကို အတင်းချစ်ခိုင်းနေတာ မဟုတ်ပါဘူး
နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကိုယ်နဲ့ ကိုယ်ရည်ကိုယ်သွေး၊ သဘောထားချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့သူကို အတင်းကြီး လိုက်ပြီး သဘောကျခိုင်းနေတာ မဟုတ်ဘူးဆိုတာပါပဲ၊ ဒီလို အတင်းကြီး ကြိုက်ခိုင်းဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အဓိကက ကိုယ်သဘောမကျတဲ့သူနဲ့ လုပ်ငန်းသဘောအရ ဆက်ဆံပြောဆိုပြီး အလုပ်ပြီးမြောက်အောင် လုပ်ကိုင်နိုင်အောင် ရည်ရွယ်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

တစ်ပါးသူရဲ့ အကြံဉာဏ်နဲ့ နည်းလမ်းတွေကိုလည်း ကြိုဆိုမယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား ရှိမယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ ဘယ်လောက်ဆက်ဆံရခက်ခဲတဲ့ သူနဲ့ တွေ့တွေ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခါလောက် နောက်တစ်ကြိမ် ကြိုးစားကြည့်ပါဦး။

Yoe Lu (Akhayar)

Source : BBC.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ