Esports ဆိုတာဘာလဲ

Esports ဆိုတာဘာလဲ

တကယ်လို့သာ စာဖတ်သူတွေအနေနဲ့ Esports ဆိုတာကို ဘာမှန်းမသိ၊ မရင်းနှီးသေးဘူးဆိုရင်တော့ ဒီဆောင်းပါးကနေ သင့်ကိုအကောင်းဆုံး ရှင်းပြပေးဖို့ အဆင်သင့်ပါပဲ။ Esports ဆိုတာဘာလဲ? အခုနောက်ပိုင်း TV တွေ၊ Livestreams တွေနဲ့ Mytel တို့ Grand Royal တို့ Telenor တို့ အပြိုင်အဆိုင်ကျင်းပနေကြတယ် ဂိမ်းပြိုင်ပွဲတွေ။ Mobile Legends, PUBG Mobile, Dota 2 စတဲ့ ဂိမ်းတွေ ပါဝင်လာကြတယ်။

မေးစရာရှိတာက ဒီဂိမ်းတွေကိုမှ ဘာလို့ Esports လို့ခေါ်တာလဲ? တခြားဂိမ်းတွေကကော မဆော့ကြတော့ဘူးလား။ ဒါတွေကိုရှင်းပြဖို့အတွက် Esports ဆိုတာဘာလဲဆိုတာကို အရင်ပြောပြဖို့လိုသွားပါပြီ။ Esports ဆိုတာ ကျွန်တော်တို့ ဘောလုံးပွဲတွေ ကြည့်ကြသလိုပဲလို့ ပြောရင်လွန်မယ်ထင်ပါသလား။

ကျွန်တော်တို့ ဘောလုံးကို အပြင်မှာကန်လို့ရတယ်။ သူငယ်ချင်းတွေနဲ့လည်း ကန်ကြတယ် ပျော်ပျော်ပါးပါး။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးပြိုင်ပွဲ Live တွေကိုလည်း မလွတ်တမ်းကြည့်ကြတယ်။ ကိုယ်ကြိုက်တဲ့ Pro ကစားသမားတွေ နဲ့ Club တွေကို အားပေးကြတယ်။

ဒီလိုပဲ ကျွန်တော်တို့ Esports မှာလည်း ဒီဂိမ်းတွေကို ဆော့ကြတယ် အားလပ်ချိန်တွေမှာ။ ဒီဂိမ်းကိုပဲ Pro ကစားသမားတွေ ဘယ်လို နည်းဗျုဟာတွေနဲ့ ဆော့ပြသလဲ၊ ပြိုင်ပွဲတွေမှာ ဘယ်လိုကစားကွက်တွေနဲ့ဆော့ပြနေတာလဲဆိုတာကို Livestream ကနေ မလွတ်တမ်းကြည့်ကြတယ်ဗျ။

ဒီ Esports ဂိမ်းတွေကို တစ်ကမ္ဘာလုံးဆော့ကြတယ်။ ပြိုင်ပွဲတွေရှိမယ်။ International ပြိုင်ပွဲတွေဆို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမှာ။ ကမ္ဘာ့ဖလားလောက် မဟုတ်ရင်တောင်မှ ဒီလိုပွဲတွေဆို ကိုယ့်နိုင်ငံကဘယ်သူကတော့ ဘယ်အသင်းထဲမှာ ဆော့နေတယ်ဆိုပြီး အားပေးကြတာတွေလည်း ရှိတယ်။ League of Legends ဂိမ်းရဲ့ 2017 World Championship မှာဆို Livestream ကိုကြည့်တဲ့သူ သန်း ၁၀၀ ကျော်ထိ ရှိတယ်လို့ မှတ်တမ်းတင်ခံရဖူးတယ်။

လက်ရှိခေတ်စားနေတဲ့ Esports ဂိမ်းတွေဆိုရင် Dota 2, LoL, Counter Strike: Global Offensive, Overwatch, HearthStone, Mobile Legends: Bang Bang, Valorant, PUBG, PUBG Mobile စတဲ့ ဂိမ်းတွေကတော့ အတော်ခေတ်စားတယ်။

Esports မှာဘယ်လိုဂိမ်းတွေကစားကြတာလဲ?

Esports ဂိမ်းတွေဟာ များသောအားဖြင့်တော့ Multiplayer Online Battle Arena ဂိမ်းတွေ (ဥပမာ- Dota 2, League of Legends)၊ Real-time Strategy ဂိမ်းတွေ (ဥပမာ- Starcraft) တို့အဆော့များကြပါတယ်။ First-person Shooting ဂိမ်းတွေလည်း ဆော့ကြသလို၊ Fighting ဂိမ်းတွေလည်း ဆော့ကြပါသေးတယ်။

Real-time Strategy မှာတော့ Player တွေဟာ မိမိ Building တွေဘယ်လိုဆောက်မလဲ၊ Units တွေကို ဘယ်လို Control မလဲ၊ တစ်ဘက်ရန်သူကို ဘယ်လိုတိုက်မလဲ စ တဲ့ နည်းဗျုဟာတွေနဲ့ ယှဥ်ပြိုင်ကြရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ RTS ဂိမ်းတွေပြိုင်ကြတာနည်းပေမယ့် တောင်ကိုရီးယားမှာကတော့ Starcraft ကအခုထိနာမည်ကြီး Esports ဂိမ်းထဲမှာ ပါနေတုန်းပါပဲ။

MOBA ဂိမ်းတွေကတော့ လူကြည့်များတဲ့ဂိမ်းတွေဖြစ်ပြီး Prize Pool လည်းများတဲ့ Esports ဂိမ်းထဲမှာပါပါတယ်။ အကြမ်းဖျင်းအရ Hero ပေါင်း ၁၀၀ ကျော်ထဲကနေ တစ်ဘက် ငါးကောင် စီထုတ်ပြီး၊ တစ်ဘက်အသင်း Base ကိုရအောင်ချိုးဖျက်ရမှာပါ။ ၂၀၁၈ ခုနှစ်မှာတော့ LoL World Championship ရဲ့ Prize pool ဟာ USD ၆.၅ နီးပါးရှိခဲ့ပြီး၊ Dota 2 ရဲ့ ၂၀၁၉ Prize Pool ဟာ USD သန်း ၃၀ အထိရှိခဲ့ပါတယ်။

Esports ထဲမှာ MOBA ဂိမ်းတွေလောက် တဟုန်ထိုးရေပန်းစားနေတာမျိုး မဟုတ်ပေမယ့် ကြည့်ရှုသူနဲ့ Fanbase အသင့်အတင့်ရှိတာကတော့ Shooting ဂိမ်းတွေပဲဖြစ်ပါတယ်။  First-Person Shooting ဂိမ်းတွေဖြစ်တဲ့ Call of Duty, Rainbow Six, Counter-Strike စတဲ့ ဂိမ်းတွေနဲ့အတူ Battle Royale အမျိုးအစားတွေဖြစ်တဲ့ Fortnite နဲ့ PUBG တို့မှာဆိုရင် တစ်သင်းနဲ့ တစ်သင်း ယှဥ်ပြိုင်ပစ်ခတ်တာတွေ၊ Rush နဲ့ Defend နည်းဗျူဟာတွေ၊ သေနတ်တွေရဲ့ Recoil တွေနဲ့ Aiming ကျွမ်းကျင်မှုတွေကို ယှဥ်ပြိုင်ကြပါတယ်။

Fighting ဂိမ်းတွေမှာတော့ Player တစ်ယောက်ချင်းစီရဲ့ Skill နဲ့ Playstyle တွေ ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။ ပရိသတ်အရမ်းမများဘူးဆိုပေမယ့် Esports ဆိုရင် Fighting ဂိမ်းတွေကိုလည်း မေ့လို့ရမယ်မထင်ပါဘူး။ ရေပန်းစားနေတဲ့ Fighting ဂိမ်းတွေထဲမှာဆိုရင် Street Fighter, Nintendo’s Super Smash Bros, Tekken, Mortal Kombat စ တဲ့ဂိမ်းတွေပါဝင်ပါတယ်။

Esports Tournament တွေဘယ်လိုကျင်းပကြလဲ

Esports Tournament တွေကို Caster တွေ၊ Panelist တွေနဲ့အတူ လိုအပ်တဲ့ Setup တွေနဲ့ လာကြည့်ကြတဲ့ပရိသတ်တွေရှေ့မှာကျင်းပကြလေ့ရှိပါတယ်။ Panelist တွေက ဂိမ်းအကြောင်း၊ လာပြိုင်တဲ့အသင်းအကြောင်းတွေ၊ ဘယ်လိုနည်းဗျူဟာတွေ သုံးသွားတာတွေ ပြောကြမယ်၊ Caster ကတော့ ဂိမ်း စ ပြီဆိုတာနဲ့ တစ်ဘက်နဲ့ တစ်ဘက် ဘယ်လိုယှဥ်ပြိုင်ပြီး ဆော့ကစားနေတယ်ဆိုတာကို Live ကြေညာပေးရမှာပါ။

ဘောလုံးပွဲတွေမှာလည်း အခုလို Live ကြေညာပေးနေတဲ့ Commentators တွေရှိသလို Esports Tournament တွေမှာလည်း Caster တွေရှိပါတယ်။ ပရိသတ်တွေကတော့ သတ်မှတ်ထားတဲ့နေရာမှာ ထိုင်ပြီး Live Screen ကြီးကိုကြည့်ပြီး၊ အသင်းတွေ ကိုယ့်ရှေ့မှာယှဥ်ပြိုင်နေတာကို တိုက်ရိုက်အားပေးကြပါတယ်။

ပွဲကိုလာမကြည့်နိုင်တဲ့သူတွေအတွက်လည်း Tournament တွေက Livestream တွေလွှင့်ပေးပါတယ်။ TV Channel တွေကလွှင့်တာတော့ နည်းပေမယ့် Gamers တွေအဓိကအသုံးပြုတဲ့ Twitch, YouTube နဲ့ Facebook ကနေ Live လွှင့်ပေးကြတာများပါတယ်။

ပွဲတွေကို တစ်ပွဲပြီးတာနဲ့ အနိုင်ဆိုပြီး သတ်မှတ်ကြတာတော့နည်းပါတယ်။ Esports ဂိမ်းတွေ ယှဥ်ပြိုင်တဲ့အခါ Best of 2, 3, 5 စ တဲ့ Format တွေနဲ့ ယှဥ်ပြိုင်ကြရပါတယ်။ ဥပမာ - Shooting ဂိမ်းတွေမှာဆို အသင်းတွေမှာ ကျွမ်းကျင်တဲ့ Map တွေရွေးချယ်ဆော့ပြီး ယှဥ်ပြိုင်သွားမှာတွေ မလိုလားတာကြောင့် Best of 3 တွေဆော့ကြဖို့လိုအပ်ပါတယ်။

Esports Live Streaming

Esports Tournament တွေ မကစားကြရင်တောင်မှ Pro ကစားသမားတွေဟာ ကိုယ်ပိုင် Channel မှာ Livestream တွေလုပ်ပြီး ဂိမ်းတွေဆော့ပြကြပါတယ်။ လာရောက်ကြည့်ရှုတဲ့သူတွေဟာ ကိုယ်ကြိုက်တဲ့ Pro ကစားသမားက ပွဲတွေကို ဘယ်လိုကစားတယ်ဆိုတာကို တိုက်ရိုက်ကြည့်ရှုလေ့လာနိုင်တာကြောင့် Esports ဟာ ပိုပြီးခေတ်စားလာတာဖြစ်ပါတယ်။

ဒါ့အပြင် Tournament တွေက Live လွှင့်ပေးတဲ့အခါမှာလည်း Fans တွေက ဝင်ပြီး Comment ပေးနိုင်၊ Engage လုပ်ရလွယ်ကူတဲ့အတွက် Esports Tournaments တွေကြည့်ရတာ ပိုပြီးပျော်ဖို့ကောင်းလာတယ်၊ Corporate တွေ Branding နဲ့ Product Placement ဟာလည်း အများကြီးလွယ်ကူလာပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ Esports ပွဲတွေကို အပြိုင်အဆိုင် Sponsor ပေးပြီး ကျင်းပလာကြတာဖြစ်ပါတယ်။

အကျိုးအမြတ်တွေက ဘယ်လိုရလဲ?

Esports ပွဲတွေကိုကျင်းပတဲ့အခါမှာ Game Developer တွေ၊ Gaming နဲ့ဆိုင်တဲ့ Brand တွေဟာ ငွေတွေအများကြီးရင်းနှီးပြီးကျင်းပကြပါတယ်။ Game Developer တွေကတော့ ဂိမ်းကို လူတွေပိုဆော့လာဖို့အတွက် Esports Organization တွေနဲ့ချိတ်ဆက်ပြီး ပွဲတွေကျင်းပကြပါတယ်။ Brand တွေကတော့ Livestreams တွေ၊ Poster တွေနဲ့ Ad break တွေမှာ Product placement တွေလုပ်ဖို့အတွက် ပူးပေါင်းပါဝင် Sponsor ပေးကြပါတယ်။ Pro Player တွေကိုလည်း အသင်းတွေက လစာပေးပြီး ခန့်ထားကြတာမျိုးတွေရှိပါတယ်။

အကျိုးအမြတ်ပိုင်းကို အတိအကျပြောမယ်ဆို Esports ဟာ နှစ်စဥ် 30% အကျိုးအမြတ်တွေ တိုးတက်ရရှိလာတယ်လို့ သိရှိပါတယ်။ မြောက်အမေရိက Region ပိုင်းမှာဆို Esports နဲ့ပတ်သက်ပြီး အမေရိကန်ဒေါ်လာ ၃၄၅ သန်းကျော်အထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် Esports ဟာ ၂၀၂၁ လောက်မှာ အမေရိကန်ဒေါ်လာ ၁၆၀၀ သန်းလောက်အထိ အကျိုးအမြတ်တွေရရှိနိုင်ပြီး၊ သန်း ၁၃၀၀ လောက်က Brand တွေ ရင်းနှီးမြုပ်နှံမှုကနေ အသားတင် ရရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိဂုံးချုပ်

ဒီလောက်ဆိုရင်တော့ Esports အကြောင်းကို အကြမ်းဖျင်း နားလည်သွားကြလောက်ပြီထင်ပါတယ်။ Esports ဟာ လက်ရှိအချိန်မှာ အခြားအားကစားတွေလိုပဲ လူကြိုက်များပြီး၊ ကြည့်ရှုသူများတဲ့ Tournaments တွေနဲ့ ရပ်တည်နေတဲ့ အားကစားတစ်ခုလို့ပြောရင်တော့မှားမယ်မထင်ပါဘူး။ အနာဂတ်မှာတော့ တရားဝင်အားကစားတစ်ခုဖြစ်လာမှာလားဆိုတာ သေချာပြောလို့မရသေးပေမယ့် လက်ရှိအချိန်မှာတော့ အတော်လေးကို ရေပန်းစားပြီး Gaming ပိုင်းမှာ Esports ဟာ နံပါတ် ၁ နေရာကိုရယူထားနိုင်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle