ကလေးတွေကို အွန်လိုင်းက ခြောက်လှန့်နေတဲ့ Momo Challenge ဆိုတာ ဘယ်လိုမျိုးလဲ

လတ်တလောမှာ YouTube ၊ YouTube Kids စတဲ့ App က Program တွေကို ဖောက်ထွင်းဝင်ရောက်ပြီး ကလေးတွေကို ပစ်မှတ်ထား Suicide လုပ်ခိုင်းနေတဲ့ Momo Challenge ဆိုတဲ့ Game ပျံ့နှံ့နေတဲ့ အကြောင်း သတင်းတွေ ပျံ့နေပါတယ်။
YouTube ဆိုတာက မြန်မာပြည်က ကလေးမိဘတွေလည်း ကလေးတွေကို Tablet လေးနဲ့ ကာတွန်းတွေ၊ ကလေးသီချင်းတွေ ပြတတ်တာကြောင့် လူတွေလည်း အတော်လေး ထိတ်လန့်နေကြပါတယ်။ ဒါကြောင့် ဒီ Momo challenge ကို ခြေရာကောက်ကြည့်ရရင်တော့
Momo Challenge ဆိုတာ ဘာလဲ
Momo Challenge ဆိုတာကို အကြောင်းရင်းခံအမျိုးမျိုးကြားပြီး သတင်းတစ်ခုကတော့ အမေတစ်ယောက်ဟာ သူ့ကလေးနဲ့ တူတူ YouTube ကြည့်နေတုန်း ကြောက်မက်ဖွယ်ပုံရိပ်တစ်ခုပေါ်လာပြီး ကလေးကို ကိုယ့်ကိုယ့်ကိုယ်သေကြောင်းကြံစည်ဖို့ တွန်းအားပေးတဲ့ ပုံရိပ်တွေ ပြခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြားတာတစ်ခုကတော့ Whatsapp ရဲ့ Message ထဲမှာ အနက်ရောင်ဆံပင်ရှည်၊ ဖြူဆုတ်နေတဲ့ အသားအရေနဲ့ မျက်လုံးအကြီးကြီးတွေ ရှိတဲ့ မိန်းမတစ်ယောက်ပုံပေါ်လာပြီး ကလေးသူငယ်တွေကို ကိုယ့်ကိုယ်ကိုယ်နာကျင်ထိခိုက်တဲ့ Game ဆော့ခိုင်းတာ ဖြစ်ပါတယ်။

ဒီရုပ်ပုံဟာ မင်းတို့ ဒါတွေ မလုပ်ရင် ညကျရင် မင်းတို့ အခန်းထဲ လာသတ်မယ်ဆိုပြီး ခြိမ်းခြောက်စကားတွေနဲ့ ဒီလို ရက်စက်တဲ့ အလုပ်တွေ လုပ်ခိုင်းတာလည်း ဖြစ်ပါတယ်။ ဘယ်လို မျိုးတွေ ပါလဲဆိုရင်တော့ တစ်ယောက်ယောက်ကို ဓားနဲ့ ထိုးခိုင်းတာ၊ ဆေးတွေ သောက်ခိုင်းတာနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ခိုင်းတာအထိ ပါဝင်ပါတယ်။
Momo Challenge ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး
ဒီလို လုပ်ခိုင်းတဲ့ Challenge ဟာ ပထမဆုံးတော့ မဟုတ်ဘဲ ၂၀၁၇ ခုနှစ်ကလည်း Blue Whale Challenge ဆိုတဲ့ လူငယ်တွေကို သတ်သေခိုင်းတဲ့ Challenge ဖြစ်ခဲ့ပါသေးတယ်။


ဘယ်က အစပြုခဲ့သလဲ
ဂိမ်းစတာတော့ Mexico က စတင်တယ်လို့ ပြောကြပြီး Momo လို့ ခေါ်တဲ့ လူတစ်ယောက်ဟာ Whatsapp ကနေ ဆက်သွယ်တယ်လို့ ဆိုပါတယ်။ ဒီကြောက်စရာကောင်းတဲ့ Avatar ဟာ ဂျပန် Special Effects Company Link Factory က ဖန်တီးခဲ့တာ ဖြစ်ပေမယ့် ဒီ ကုမ္ပဏီဟာ ဒီ Challenge နဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး။

Momo Challenge ရဲ့ အန္တရာယ်တွေက ဘာတွေလဲ
Momo Challenge နဲ့ ပက်သက်ပြီး ဝိဝါဒကွဲပြားနေတာတွေ ရှိပြီး တစ်ခုက ဒီလို YouTube နဲ့ Whatsapp ကနေ နှောင့်ယှက်တယ်ဆိုတာကို အမှန်အကန်လို့ ယူဆကြပြီး နောက်လူတချို့တဝက်ကတော့ ဒါကို အင်တာနက်ပေါ်က ထွင်လုံး၊ လှိမ့်လုံးသက်သက်လို့ သဘောထားကြပါတယ်။
ဘယ်လိုပဲ သဘောထားသည်ဖြစ်စေ ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ ကလေးသူငယ်တွေကို ဒီလို ရည်ရွယ်တိုက်ခိုက်တာဟာ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဒီ Momo ဆိုတဲ့ ကိစ္စဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရယူချင်တဲ့ Hacker တွေက Run နေတယ်လို့ ဆိုပြီး ကလေးတွေကို Online အသုံးပြုရာမှာ လုံခြုံစေဖို့ မိဘတွေက ဂရုစိုက်သင့်ကြောင်း သတိပေးထားပါတယ်။
ဒီကိစ္စကို နာမည်ကျော်တွေက အစ ကြောက်လန့်ကြပြီး Kim Kardashian ကအစ @youtube please help ဆိုပြီး ကူညီဖို့ တိုက်တွန်းခဲ့ပါတယ်။ YouTube ဘက်ကတော့ ဒီ Challenge ဖြစ်တာ သက်သေ Video မရှိဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။
We want to clear something up regarding the Momo Challenge: We’ve seen no recent evidence of videos promoting the Momo Challenge on YouTube. Videos encouraging harmful and dangerous challenges are against our policies.
— YouTube (@YouTube) February 27, 2019
ဒီ Momo Challenge ဟာ အစစ်ဖြစ်ဖြစ်၊ အတုဖြစ်ဖြစ် ကလေးတွေကို အရင်ကထက် ပိုပြီး ဂရုစိုက်ရမှာတော့ အမှန်ပဲ ဖြစ်ပြီး အင်တာနက်ပေးသုံးရင်းငြိမ်ဆေးကျွေးတဲ့ နောက်ကွယ်မှာ ဆိုးရွားတဲ့ အန္တရာယ်တွေ ရှိနေတာကို သတိပြုစေချင်ပါကြောင်း။
Yoe Lu (Akhayar)
www.akhayar.com
Source : theweek.co.uk