Facebook စွဲနေတာကို ဖြတ်လိုက်ရင် လူမှုဘဝမှာ ဘာတွေပြောင်းလဲသွားနိုင်လဲ

Facebook စွဲနေတာကို ဖြတ်လိုက်ရင် လူမှုဘဝမှာ ဘာတွေပြောင်းလဲသွားနိုင်လဲ

ဒီဘက်ခေတ် နေထိုင်မှုဘဝတွေမှာ လူသားတွေဟာ Facebook တွေကို မရှိမဖြစ်အရာတစ်ခုလို သဘောထားပြီး နေ့စဉ် စွဲစွဲလမ်းလမ်း အသုံးပြုလာကြပါတယ်။ဘယ်လောက်တောင် စွဲစွဲလမ်းလမ်းအသုံးပြုကြလဲဆိုတာကို မနက်အိပ်ယာထလို့ မျက်နှာမသစ်ရသေးခင် ဖုန်းကိုဖွင့်ပြီး Facebook လေးကြည့်တာမျိုး၊ အိပ်ယာဝင်ခါနီးအချိန်မှာလည်း Facebook လေးကြည့်ပြီး အိပ်ရာဝင်သွားတာမျိုး လုပ်နေတာကို ကြည့်ပြီး သိနိုင်ပါတယ်။ အဲဒီလို စွဲစွဲလမ်းလမ်း အသုံးပြုနေတဲ့ Facebook ကို အသုံးမပြုဘဲနဲ့ နေရတော့မယ်ဆိုရင် ဘာတွေဖြစ်သွားနိုင်လဲဆိုပြီး ပေါက်ပေါက်ရှာရှာ တွေးဖူးလား။

အဲဒီလိုမျိုး ဖြတ်ထားလိုက်ရင် ဘာတွေဖြစ်သွားမလဲဆိုတာကိုတော့ သိချင်တဲ့လူတွေ အများကြီး ရှိကြမှာပါနော်။ ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိစေနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်ထားတဲ့သူတွေရဲ့ ပြောကြားချက်တွေနဲ့ စာရေးသူရဲ့ Facebook ခဏဖြတ်ထားတုန်းက အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး စာဖတ်သူတွေကို ပြောပြပေးချင်ပါတယ်။

လေ့လာမှုတွေ လုပ်ထားတဲ့သူတွေရဲ့ ပြောကြားချက်တွေအရဆိုရင် Facebook ကို ဖြတ်လိုက်တဲ့သူတွေရဲ့ လူနေမှုဘဝဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် အဲဒီလိုပြောရတာလဲဆိုတာကို သိစေဖို့ အောက်မှာ ဆက်ကြည့်ကြည့်ရအောင်။

New York နဲ့ Stanford University က သုတေသနပညာရှင်တွေဟာ Facebook နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုသူတွေ အများစုကို Facebook တစ်လမသုံးဘဲ ခဏဖြတ်ခိုင်းပြီး နေခိုင်းကြည့်ပါတယ်။ အဲဒီလို Facebook ဖြတ်ထားတဲ့သူတွေဟာ ဖြတ်ထားတဲ့ အချိန်အတောအတွင်းမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့နေဖို့ အချိန်ပိုတွေ အများကြီး ထွက်လာတာတွေ ၊ လူဘောင်လောကမှာ ဘောင်မဝင်ဘူးလို့ ခံစားရတာတွေ လျော့နည်းလာတာကို တွေ့ရှိရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ နိုင်ငံရေးကို ကြည့်နေကြလူတွေဆိုရင် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာပါလိမ့်မယ်။

အရင်တုန်းက တစ်နေ့ တစ်နေ့ Facebook ပေါ်မှာ အချိန်ကုန်နေလို့ ပြင်ပလူတွေနဲ့ အဆက်အသွယ်ပျက်တာ လျေ့ာနည်းလာသလို ၊ လှုပ်ရှားမှုမရှိတာကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ လောျ့နည်းလာကာ အွန်လိုင်းရှော့ပင်းတွေကို ကြည့်ပြီး ငွေဖြုန်းလာတွေပါ လောျ့ပါးလာတာကို တွေ့ရှိရပါလိမ့်မယ်။

လေ့လာမှုတွေမှာ ပါဝင်တဲ့သူတွေကို နေ့စဉ် လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေ၊ စိတ်အခြေအနေတွေ၊ နိုင်ငံရေးအပေါ်မြင်တဲ့ အမြင်တွေ အစရှိတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေကို ဖြေခိုင်းခဲ့ပါတယ်။ ဖြေခိုင်းလိုက်တဲ့အခါမှာတော့ တစ်လလောက် Facebook ဖြတ်တဲ့သူတွေဟာ Facebook ဖြတ်ပြီးတဲ့နောက်မှာ ဝင်ကြည့်နေကျ Site တွေကို ပြန်ဝင်ကြည့်ချင်စိတ်တွေ သိပ်မရှိကြတော့ပါဘူး။ ဒါ့အပြင် Facebook သုံးနေတုန်းက တခြားသူတွေကို ကြည့်ပြီး ကိုယ်နဲ့ပြန်နှိုင်းယှဉ်မိလို့ ခံစားရတဲ့ စိတ်ဖိစီးမှုတွေကြောင့် အချိန်ကုန်နေရတာမျိုးတွေ၊ မဟုတ်မမှန်တဲ့ သတင်းအချက်အလက်တွေ ကြည့်ပြီး အချိန်တွေကုန်နေရတာမျိူးတွေ လျော့နည်းသွားကာ အကျိုးရှိတာတွေပေါ်မှာပိုပြီး အာရုံစိုက်နိုင်လာတာကို တွေ့ရပါတယ်။


စာရေးသူ Facebook ခဏဖြတ်ကြည့်တဲ့ စစချင်းအချိန်တုန်းကလည်း မသုံးဘဲနဲ့ မနေနိုင်လောက်အောင် ဖြစ်ပြီး အားတာနဲ့ Facebook ကို ဖွင့်ချင်စိတ်တွေ တအားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မသုံးဘဲနဲ့ နေနိုင်အောင် နေလာတာ အကျင့်နည်းနည်းရလာတဲ့အခါ Facebook ကို အရမ်းကြီး မဖြစ်မနေ သုံးရမှဆိုတာမျိူး မရှိတော့ပါဘူး။ ဘဝရဲ့အနှစ်သာရကိုသိစေနိုင်တဲ့ စာဖတ်ခြင်းတွေ၊ Facebook သုံးနေတုန်းက သတိမထားမိခဲ့တဲ့ လူမှုပတ်ဝန်းကျင် ပြောင်းလဲမှုတွေ၊ လူလူချင်း မျက်နှာချင်းဆိုင်ကြည့်ပြီး စကားပြောတာမျိုးတွေကို လုပ်နိုင်လာကာ ပြိုင်ချင်ဆိုင်ချင်စိတ်တွေကြောင့် ပူလောင်နေတာမျိုးတွေ၊ စိတ်ဓာတ်ကျတာမျိူးတွေ လျော့နည်းလာပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့လည်း သေချာအချိန်ပေး စကားပြောနိုင်လာလို့ ချစ်ခင်ရင်နှီးမှုတွေ ပိုမိုတည်ဆောက်လာနိုင်ပါတယ်။

လေ့လာသူတွေရဲ့ ပြောကြားချက်တွေအရဆိုရင် Facebook ဖြတ်တဲ့အချိန်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အနှုတ်လက္ခဏတွေလည်း လျော့နည်းလာပါတယ်ဆိုပြီး ပြောကြားပါတယ်။ လူမှုကွန်ရက်တွေကနေ မလိုအပ်ဘဲနဲ့ တိုက်ခိုက်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ အလွန်အကျူးပြောခံရတာတွေ မခံစားရတော့တဲ့အတွက် ကိုယ့်ကိုယ်သတ်သေချင်စိတ်တွေ ပေါက်လာတဲ့ လူဦးရေတွေပါ လျော့နည်းလာပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ဘယ်နေရာမှာမဆို တန်ဆေးလွန်ဘေးဆိုတာမျိုးရှိတဲ့အတွက် လုံးဝကြီးမသုံးဘဲနဲ့ နေလိုက်ရင်လည်း လူမှုဘဝမှာ ကိုယ်က ဘာကိုမှ လိုက်မမီတဲ့ ခေတ်နောက်ကျ ကျန်တဲ့သူလိုမျိုး မျက်စိသူငယ် နားသူငယ်ဖြစ်နေမှာပါ။ ဒါအပြင် ဒီနေ့ခေတ်မှာ အလုပ်တွေတွေတော်တော်များများဟာ Facebook အသုံးပြုပြီး လုပ်ရတာဖြစ်တဲ့အတွက် လုံးဝကြီး ကင်းကွာပြီး နေထိုင်လို့ မရပါဘူး။ ဒါကြောင့်မို့ အားလပ်ချိန် အနားယူတဲ့အခါ အပြည့်အဝ အနားယူနိုင်အောင် Social Media Detox ဆိုတဲ့ လူမှုကွန်ရက်က ဝေးဝေးနေတာမျိုးလုပ်ပြီး ကိုယ်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို အနားယူပါလို့ တိုက်တွန်းလိုက်ရပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle