သောကြာနေ့လည်ခင်းတွေမှာ အောင်မြင်သူတိုင်းလုပ်လေ့ရှိတာတွေက ဘာတွေလဲ

သောကြာနေ့လည်ခင်းတွေမှာ အောင်မြင်သူတိုင်းလုပ်လေ့ရှိတာတွေက ဘာတွေလဲ

လေ့လာချက်တွေအရ ကိုယ့်လုပ်ငန်းခွင်မှာ အောင်မြင်မှု အသီးသီးရနေတဲ့ လူတွေက သောကြာနေ့ကို ကောင်းကောင်းအသုံးချတတ်ကြပါတယ်။ အထူးသဖြင့် နေ့လည်ခင်းအချိန်မျိုးပေါ့။ သူတို့ဘာတွေလုပ်လဲဆိုတာ ကြည့်လိုက်ရအောင်ပါ။


(၁) ပြန့်ကျဲနေတဲ့ File တွေကို အစီအစဉ်တကျ ပြန်ချတယ်


ကွန်ပျူတာထဲမှာ သက်ဆိုင်ရာ File တွေကို သီးသန့်ခွဲဖို့ လုပ်ထားပေမယ့်လို့ အမြဲတမ်းတော့လည်း သတ်မှတ်ထားသလို မလုပ်မိတတ်ကြပါဘူး။ Desktop ပေါ်မှာထားရင် အလွယ်မြင်နိုင်တယ်ဆိုပြီး Save ထားလိုက်ရတဲ့အခါမျိုးတွေလည်း အများကြီးရှိပါတယ်။ ကြာလာတော့ တဖြည်းဖြည်းစုပုံလာပြီး Desktop ပေါ်မှာ မြင်မကောင်းအောင် File တွေအပြည့် ဖြစ်နေတာကို ကြုံဖူးကြမှာပေါ့။ File တွေကို စနစ်တကျပြန်စီဖို့ အကောင်းဆုံးအချိန်ကတော့ သောကြာနေ့လည်ခင်းပဲ ဖြစ်ပါတယ်။

(၂) တစ်ပတ်အတွင်း လုပ်ခဲ့တာတွေကို ပြန်ကြည့်တယ်


တစ်ပတ်လုံးမှာ ငါ ဘာတွေပြီးခဲ့လဲ။ ဘယ်လောက်ထိအောင်မြင်ပြီး ဘာတွေ ရှုံးနိမ့်ခဲ့လဲဆိုတာတွေကို ပြန်ကြည့်ရတာပါ။ ဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် အမြဲဝေဖန်သုံးသပ်နေရာရောက်တော့ အောင်မြင်မှုလမ်းကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။


(၃) လိုတာ၊ မလိုတာတွေကို ဆွဲထုတ်တယ်


ဒီအချက်ကိုရှာဖို့အတွက် သီးသန့်ကြီး အချိန်ကုန်ဆုံးနေဖို့ မလိုပါဘူး။ နံပါတ် (၂) အချက်ကို လုပ်မယ်ဆိုရင် နံပါတ် (၃) အချက်က အလိုအလျောက်ထွက်လာမှာပါ။ ဒီလိုဆွဲထုတ်ပေးမယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးကတော့ တန်ဖိုးရှိတဲ့ အချိန်တွေ ပိုထွက်လာမှာပဲ ဖြစ်ပါတယ်။

(၄) နောက်တစ်ပတ်အတွက် အချိန်စာရင်းဆွဲတယ်


တစ်ခုခုဆို Plan ချပြီး လုပ်တာက အောင်မြင်သူတို့ရဲ့ ထုံးစံပါ။ အလုပ်တွေပဲများပြီး မိသားစုအတွက် အချိန်မပေးနိုင်ဘူးဆိုတဲ့ Balance မညီမျှတာတွေကို ထိန်းညှိပေးပါတယ်။ မိသားစုအတွက်ပဲ မဟုတ်ဘဲ အလုပ်အတွက်ရော ကိုယ့်အတွက်ပါ ကောင်းစေတာမို့ အချိန်စာရင်းဆွဲပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Photo Credit
NSC (Akhayar)