စိတ်ဓာတ်ကျတာတွေ များလာပြီး စိတ်ကျရောဂါစွဲကပ်လာတဲ့အချိန်ထိ ရောက်လာပြီလား?

စိတ်ဓာတ်ကျတာတွေ များလာပြီး စိတ်ကျရောဂါစွဲကပ်လာတဲ့အချိန်ထိ ရောက်လာပြီလား?

၂၁ ရာစုမှာ စိတ်ဓာတ်ကျတယ်ဆိုတဲ့စကားကို လူငယ်တော်တော်များများ အသုံးများလာကြတယ်။ Depression ဝင်တယ်လို့ Social Media မှာ အသုံးများကြတယ်။ လူငယ်တင်မဟုတ်ဘူး။ အသက်လတ်ပိုင်း အလုပ်များတဲ့ Professionals တွေအပြင် မြို့နေလူတန်းစားတော်တော်များများ ဖြစ်လာကြတယ်။ စိတ်ကျရောဂါဆိုတာကို တကယ် ခံစားနေကြသူတွေ ရှိတယ်။ ကမ္ဘာတစ်ဝန်းမှာ စစ်တမ်းကောက်ကြည့်ရသလောက် အသက်အရွယ်ပေါင်းစုံမှာ ၂၆၄ မီလီသောလူတွေက ကမ္ဘာတစ်ဝန်းလုံးမှာ ခံစားနေရကြောင်းကို World Health Organization က ဖော်ပြထားတယ်။

ဒါတောင် ပြည်ပ နိုင်ငံတွေက စိတ်ကျရောဂါနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပြီး လူနာအရေအတွက်ကို သေချာမှတ်ထားနိုင်တာပါ။ ကျွန်မတို့ မြန်မာနိုင်ငံမှာ စိတ်ကျရောဂါကို သေချာ သတိမထားမိတာမျိုးတွေ ရှိတတ်ပါတယ်။ စိတ်ညစ်နေတာပါလေ ပြီးတော့လည်း ပျောက်သွားမှာပါဆိုပြီး ပစ်ထားလိုက်တာတွေရှိမလား။ ဝန်မခံဘဲ ကိုယ့်ဘာကိုယ် ကျိတ်ပြီးစိတ်ဓာတ်ကျနေသူတွေရှိမလား။ ရှိနိုင်ပါတယ်။ စိတ်ဓာတ်ကျတာတွေ များလာပြီး စိတ်ကျရောဂါစွဲကပ်လာတဲ့အချိန်ထိ ရောက်လာပြီလား?

ဒါ့ကြောင့် ဒီနေ့ ဟန်နီက Depression ဆိုတဲ့ စိတ်ကျရောဂါလို့တပ်လို့ရတဲ့ အခြေအနေဟာ  သေချာဂရုတစိုက်နဲ့ ကုသသင့်တဲ့ စိတ်ကျန်းမာရေးဖြစ်ကြောင်းပြောချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့လူတစ်ယောက်ဟာ ပုံမှန် လုပ်ငန်းဆောင်တာတွေ လုပ်တာတောင် ချွတ်ယွင်းလာတာမျိုးတွေအပြင် ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်မိတာမျိုးတွေအထိဖြစ်နိုင်လို့ပါ။ တစ်ခုရှိတာက ဒီလို စိတ်ပိုင်းဆိုင်ရာ ရောဂါမျိုးဟာ သေချာကုသလို့ရပြီး ပျောက်ကင်းနိုင်တယ်ဆိုတာပါပဲ။

ပထမဆုံး Depression ဆိုတဲ့ စိတ်ကျရောဂါဟာ ဘယ်လို ရောဂါမျိုးလဲဆိုတာ သေချာသိထားသင့်ပါတယ်။  ကိုယ်တွေးပုံ၊ အလုပ်လုပ်ပုံ၊နေပုံထိုင်ပုံတွေထိပါ သက်ရောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုဖြစ်ပြီး အဖြစ်များတဲ့ စိတ်ခံစားမှုဆိုင်ရာ ရောဂါတစ်ခုဖြစ်တယ်။ Depression ဖြစ်တဲ့လူတစ်ယောက်ဟာ ကိစ္စတော်တော်များများနဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှု၊ အာရုံစိုက်နိုင်မှုတွေလျော့နည်းလာတယ်။ ဘာလုပ်လုပ် မပျော်တော့တာမျိုးတွေ ဖြစ်လာတယ်။ အိပ်စာ၊ စားတာတွေကိုပါ ထိခိုက်လာတယ်။ စိတ်အပြောင်းအလဲမြန်တယ်။ ငိုလိုက် ရီလိုက်ဖြစ်ပြီး တစ်ခါတလေ ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေသလို ခံစားချက်တွေလည်း ဖြစ်နိုင်တယ်။

Photo Credit - Pinterest