ဖျားနာခြင်းကိုကာကွယ်ပေးတဲ့ သဘာဝနည်းလမ်းများ

ဖျားနာခြင်းကိုကာကွယ်ပေးတဲ့ သဘာဝနည်းလမ်းများ

အခုလိုမျိုးနေပူလိုက် မိုးရွာလိုက်နဲ့နေရင်းနဲ့ ရာသီဥတုကြောင့်နေမကောင်းဖြစ်ချင်နေတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးလို့ပြောလို့ရပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်ပြီး မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့နည်းလမ်းလေးတွေလို့လည်းပြောလို့ရပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတစ်ချို့လူတွေကနံလို့ဆိုပြီး မစားကျပါဘူး ဒါပေမယ့်တကယ်တမ်းတော့  ကြက်သွန်ဖြူမှာပါဝင်တဲ့ ဓာတ်တွေက သဘာဝပိုးမွှားသေစေနိုင်တဲ့အပြင် အပူကိုလည်းငြိမ်းစေပါတယ်။ တစ်ချို့သူတွေက အစိမ်းလိုက်စားကြတာမျိုးတွေရှိကြပါတယ်။ဒီလိုမျိုး မစားနိုင်ရင်တောင် ကြိတ်ပြီးတော့ အရည်သောက်ပေးလို့ရပါတယ်နော်။


ဂျင်းပြုတ်ရည်
ဂျင်းပြုတ်ရည်ကတော့ ဂျင်းကပါးပါးလှီးပြီး ရေနွေးလေးနဲ့ပြုတ်သောက်လို့ရပါတယ်။ ဂျင်းပြုတ်ရည်တွေထဲကိုတော့  ပျားရည်၊သံပရာရည်၊တို့ကိုလည်းထည့်ပြီးသောက်လို့ရပါတယ်။ဂျင်းပြုတ်ရည်က  လေပျိုခြင်း၊ ဖျားနာခြင်း၊ ရင်ကျပ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။


သံပရာရည်
သံပရာရည်ကိုဖျော်ရာတွင် ရေအေးတာမျိုးဖျော်သောက်တာမျိုး မဟုတ်ပဲနဲ့ ရေနွေးလေးနဲ့ဖျော်သောက်ပေးသင့်ပါတယ်။ သံပရာရည်က အအေးမိတာတွေ၊ နှာစေးတာမျိုးတွေဖြစ်ချင်တာမျိုးတွေ ဆိုသောက်ပေးသင့်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit -Marry.com