မနက်စာ မစားတာများလာရင်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲလာနိုင်လဲ

မနက်စာ မစားတာများလာရင်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲလာနိုင်လဲ

မနက်စာဆိုတာက လူတစ်ယောက်မှာလိုအပ်တဲ့ Energy ကိုဖြည့်ပေးနိုင်တဲ့အကောင်းဆုံးအစားစားအချိန်ပဲဖြစ်ပါတယ်။ လူတော်တော်များများက မနက်စာကိုဖယ်ရှောင်ပြီးနေ့လည်စာနဲ့ပေါင်းစားတတ်ကြပါတယ်။ ဒီလိုမျိုးပြုလုပ်ခြင်းက တစ်ရက်တစ်လေဆိုကိစ္စမရှိပေမဲ့ ရက်တာရှည်လာရင်တော့ ခန္ဓာကိုယ်အတွက် ဒီအချက်လေးတွေဖြစ်ပေါ်လာနိုင်ပါတယ်နော်။
ပင်ပန်းလာမယ်
ပင်ပန်းလွယ်လာရခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ Glucose ဓာတ်တွေကကုန်ခန်းလာပြီး ပင်ပန်းနွမ်းနယ်မြန်ခြင်း၊ ထိုင်းမှိုင်းလွယ်ခြင်းတွေဖြစ်ပေါ်လာပါတယ်။ မနက်စားကို Heavy ကြီးမစားဖြစ်ရင်တောင် အနည်းဆုံးအသီးတစ်မျိုးမျိုးစားပေးသင်ပါတယ်။


ဝိတ်တက်မယ်
တစ်ချို့သူတွေက မနက်စာကိုမစားခြင်းက ဝိတ်ကျစေတယ် ဝိတ်လျော့နေလို့မစားဘူးအဲ့လိုမျိုးလည်းရှိတတ်ကြပါတယ်။ တကယ်တော့ မနက်စာမစားရကနေဗိုက်ကပိုမိုဆာလာလွယ်တဲ့အတွက် နေ့လည်စာနဲ့ညစာကိုမသိမသာလေးပိုစားလာခြင်းကနေ ဝိတ်တွေတက်လာနိုင်ပါတယ်နော်။


Negative Vibe များခြင်း
သုတေသနပညာရှင်တွေရဲ့အဆိုရ မနက်စာမစားခြင်းကလူတစ်ယောက်ရဲ့မှတ်ဉာဏ်ကိုပိုပြီးနှေးကွေးစေပါတယ်။ ဒါကြောင့်အကြောင်းအရာတစ်ခုခုဆို အကောင်းမမြင်ပေးနိုင်တာမျိုးတွေ ၊ မှတ်နိုင်စွမ်းအားနည်းတာမျိုးတွေပါဖြစ်စေတတ်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit - Pinterest