လုပ်ငန်းခွင်မှာ မိုဘိုင်းဖုန်းနဲ့သုံးတာနဲ့ ပတ်သတ်ပြီး လိုက်နာသင့်တဲ့ကျင့်ဝတ်တွေ

လုပ်ငန်းခွင်မှာ မိုဘိုင်းဖုန်းနဲ့သုံးတာနဲ့ ပတ်သတ်ပြီး လိုက်နာသင့်တဲ့ကျင့်ဝတ်တွေ

ကိုယ်နဲ့မကွာ အမြဲဆောင်ထားတတ်တဲ့ မိုဘိုင်းဖုန်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်မှာ မလိုလားအပ်တဲ့ အဆင်မပြေမှုလေးတွေ မဖြစ်ရအောင် ကျင့်သုံးသင့်တာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
ဖုန်းကို ကိုယ်နဲ့ တတ်နိုင်ရင် အဝေးမှာထားပါ။
အလုပ်လုပ်နေတုန်း ဖုန်းခနခန သုံးတာဟာ ကိုယ်အလုပ်လုပ်တာကို ထိခိုက်စေပါတယ်။ ကိုယ့်အလုပ်ရှင်က ကိုယ့်ကိုပေးသုံးတယ်ဆိုရင်တောင် ကိုယ့်စည်းကမ်းလေးနဲ့ကိုယ် သတိပြုသုံးစွဲသင့်ပါတယ်။ ဖုန်းမှာ Noti တွေတက်လာလို့ခနခန ကြည့်ချင်နေတာမျိုးတွေရှောင်သင့်ပါတယ်။ တကယ်အရေးကြီးတဲ့ ဖုန်းအဝင်တွေကို သာ မလွဲအောင် ဂရုစိုက်တာလောက်ပဲ အဆင်ပြေါတယ်။

Photo Credit -payroll

ဖြစ်နိုင်ရင် ဖုန်းကို Silence လုပ်ထားပါ။
ဖုန်းကို အသံဖွင့်ထားတဲ့အခါ ဖုန်းအဝင်ပဲဖြစ်ဖြစ် မက်ဆေ့ဝင်တာမျိုး ခနခန တနေကုန်ဆို ကိုယ့်လုပ်ဖော်ကိုင်ဖက်ကော အလုပ်ရှင်ကိုပါ အနှောင့်အယှက်ပေးရာကျပါတယ်။

ဖုန်းကို တကယ်အရေးကြီးမှသာ သုံးစေချင်ပါတယ်။
သူငယ်ချင်းနဲ့ သိပ်အရေးမကြီးတဲ့ အကြောင်းအရာတွေ ဆွေးနွေးတာမျိုးတွေကို ရှောင်ကြည်သင့်ပြီး တကယ် မဖြစ်မနေ ပြောသင့်ဆိုသင့်တဲ့ ကိစ္စမျိုးတွေမှသာ သုံးတာပိုကောင်းပါတယ်။

Photo Credit - ellis

ပြောမှဖြစ်မဲ့ ဖုန်းအဝင်ဆိုလည်း Private နေရာလေးမှာသွားပြောပါ။
လုပ်ဖော်ကိုင်ဖက်တွေအလုပ်လုပ်နေချိန်မှာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ ဆွေးနွေးနေတာက သိပ်အဆင်မပြေလှပါဘူး။ တကယ် အရေးကြီးတာမျိုးဆို အလုပ်လုပ်တဲ့နေရာကထွက်ပြီး အေးဆေး ဖုန်းပြောလို့ အဆင်ပြေတဲ့ နေရာမျိုးမှာပဲ ပြောသင့်ပါတယ်။

မီတင်တွေမှာလည်း ဖုန်းကို အမြဲဂရုတစိုက်ဖြစ်နေတာမျိုးရှောင်ပါ။
မီတင်လုပ်တဲ့အခါမျိုးမှာ ဖုန်းကိုပဲ စိတ်ကရောက်ပြီး ဖုန်းကို တကြည့်ကြည့်ဖြစ်နေတာမျိုးရှောင့်သင့်ပါတယ်။ မီတင်တွေမှာ လိုက်နားထောင် ကိုယ်တိုင်ပါဝင်ပြီး ပြောဆိုရမှာဖြစ်လို့ ဖုန်းကို အာရုံစိုက်နေတာမျိုးက ကိုယ့်ကို ပရိုဖက်ရှင်နယ်မကျဘူးလို့ ထင်သွားစေနိုင်ပါတယ်။
ဒီကျင့်ဝတ်လေးတွေဟာ သေးသေးလေးတွေဖြစ်ပေမယ့် တကယ် ပရိုဖက်ရှင်နယ်ကျကျ အလုပ်လုပ်တဲ့အခါ၊ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်လုပ်တဲ့အခါ မဖြစ်မနေ ရှောင်ပါမှ လုပ်ငန်းခွင်မှာ မလိုလားအပ်တဲ့ အဆင်မပြေတာလေးတွေ မဖြစ်မှာပါ။

Photo Credit- people management

Kelly - Akhayar Lifestyle