သဘာဝနည်းလမ်းတွေနဲ့ သွားဖြူအောင်ဘာနည်းလမ်းတွေနဲ့လုပ်မလဲ

သဘာဝနည်းလမ်းတွေနဲ့ သွားဖြူအောင်ဘာနည်းလမ်းတွေနဲ့လုပ်မလဲ

လှပတဲ့အပြုံးနဲ့လူတိုင်းကိုပြုံးပြလို့ရအောင်ကိုယ့်ရဲ့သွားလေးတွေကလည်း ဖြူဝင်နေဖို့တော့လိုမယ်ထင်ပါတယ်။သွားတွေလှခြင်းကလည်း ဆွဲဆောင်မှုတစ်မျိုးပါနော်။ ကိုယ့်ရဲ့သွားတွေကမကောင်းတာမျိုး၊သွားတွေကဝါဝါကြဲကြဲကြီးဖြစ်နေရင်လည်း ကိုယ်ရဲကသွားကျန်းမာရေးအတွက်မကောင်းပြန်ဘူေးနာ်။ သွားတွေဖြူဖွေးအောင် အခုခေတ်မှာတော့ သွားဆေးခန်းမှာ နည ်းလမ်းမျိုးစုံနဲ့ ပြင်လို့ရနေပါပြီနော်။ သဘာဝနည်းလမ်းတွေနဲ့  ကိုယ့်ရဲ့အိမ်တွင်းရှိတဲ့ ပစ္စည်း လေးတွေနဲ့လုပ်လို့ရတဲ့ နည်းလမ်းလေးတွေမျှဝေပေးချင်ပါတယ်။
အုန်းဆီ
အုန်းဆီက သွားချေးတွေ၊သွားပိုးစားစေတဲ့ပိုးမွှားတွေကိုဖယ်ရှာပေးနိုင်တဲ့အပြင် သွားရဲ့အညစ်အကြေးတွေကိုပါ ဖယ်ရှာပေးနိုင်ပါတယ်။ အုန်းဆီကို  သွားကျန်းမာရေးအတွက် ခဏခဏအသုံးပြုပေးလည်းဘေးမရှိပါဘူးနော်။


Baking Soda
Baking Soda က မုန့်ဖုတ်တဲ့နေရာမှာပဲအသုံးဝင်တာမဟုတ်ဘူးနော်။ ကိုယ့်ရဲ့သွားကျန်းမာရေးအတွက်လည်းသွားတွေကိုဖြူဝင်းစေတဲ့အပြင်  မုန့်ဖုတ် Soda ရဲ့ အယ်ကာလီသဘာဝရှိတာကြောင့် ခံတွင်းမှာ အချဉ်ဓါတ်ပပျောက်စေပါတယ်။


မီးသွေးခဲ
မီးသွေးခဲက အိမ်တွင်းနည်းကုထုံးတစ်ခုလည်းဖြစ်သလို ၊တကယ်လည်းထိရောက်တဲ့နည်းလမ်းလေးပါ။သွားတွေကို ဖြူဝင်စေအောင်ထိရောက်အောင်လုပ်ပေးနိုင်ပါတယ်။ မီးသွေးခဲကိုသွားတိုက်ဆေးအဖြစ်နဲ့လည်းနေ့တိုင်းအသုံးပြုလို့ရပါတယ်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle