လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ Bottle Cap Challenge ဘယ်ကစသလဲ

လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ Bottle Cap Challenge ဘယ်ကစသလဲ

IP Man မင်းသား Donnie Yan ကအစ Mariah Carey အဆုံး လိုက်လုပ်နေတဲ့ Bottle Cap Challenge ဟာ ခုချိန်မှာ လူအများရဲ့ စိတ်ဝင်စားမှုကို အများဆုံး ခံနေရပါတယ်။ ကမ္ဘာကျော်တွေ တော်တော်များများ လိုက်လုပ်နေတဲ့ ဒီ Challenge ကို ဘယ်သူကစလိုက်လဲဆိုတာ မသိချင်ကြဘူးလား။
ဘယ်သူကစ
၃၆၀ ဒီဂရီလှည့်ပြီး ရေဗူးအဖုံးဖွင့်တာကိုတော့ ဘယ်အချိန်က ဘယ်သူကစလိုက်လဲတော့ သေချာမပြောနိုင်ပါဘူး။ ဒါပေမယ့် အခုလို Challenge တွေ ဖြစ်လာအောင် စတင် စိန်ခေါ်လိုက်သူကတော့ ကာဇက်စ္စတန်တိုက်ကွမ်ဒိုချန်ပီယံ Farabi Daveletchin ဖြစ်မယ်လို့ ယူဆရပါတယ်။
ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ နောက်ဆုံးအပတ်က အင်တာစရမ်မှာ သူတင်ခဲ့တဲ့ Bottle Cap Kicking လုပ်နေတဲ့ ဗီဒီယိုမှာ သူ့လိုလုပ်လိုက်ဖို့အတွက် အက်ရှင်မင်းသား Jason Statham နဲ့ Jackie Chan တို့အပါအဝင် Conor McGregor ၊ Jean-Claude Van Damme တို့ကိုပါ စိန်ခေါ်ထားခဲ့တာပါ။
အစပထမ Challenge
ဒါပေမယ့် သူ့တုန်းက အသုံးပြုခဲ့တာကတော့ Fara Kicks Challenge ဖြစ်ပေမယ့် ဒီနာမည်ဟာ အခုချိန်မှာတော့ အချည်းနှီးဖြစ်သွားတယ်လို့ ပြောရမှာပါ။ တစ်ခုရှိတာက နာမည်ပြောင်းသွားပေမယ့် Challenge ကတော့ အသက်ဝင်ဆဲပါပဲ။ တိုက်ကွမ်ဒိုတိုက်ကွက်နဲ့ ဆက်စပ်တယ်လို့ဆိုနိုင်တဲ့ ဒီ Challenge ကို နောက်ပိုင်းမှာတော့ Bottle Cap Challenge အနေနဲ့ လူသိများတယ်ဆိုတာ အားလုံးလည်း မျက်မြင်ကိုယ်တွေ့ဖြစ်မှာပေါ့။


ဘယ်လောက်ထိတောင် Popular ဖြစ်လဲ


နာမည်ကြီးဖက်ရှင်ဒီဇိုင်နာကအစ အဆိုတော်တွေအဆုံး လိုက်လုပ်ကြတဲ့ ဒီ Challenge ဗီဒီယိုတွေရဲ့ အောင်မြင်မှုက ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ ကြည့်ရှုသူ သန်းချီအောင် ရှိခဲ့တဲ့အထိပါပဲ။ ဇူလိုင်လ ပထမပတ်မှာတင်ပဲ #bottlecapchallenge Hashtag အသုံးပြုပြီး ဗီဒီယိုတင်သူ အယောက် ၃သောင်းနီးပါး အထိရှိခဲ့ပါတယ်။ လူတွေသာ ပြောင်းလဲသွားတဲ့ Challenge ကတော့ မပြောင်းပါဘူး။ ဘယ်သူဘယ်ဝါကို စိန်ခေါ်ကြောင်း နာမည်တွေပါ တပ်၊ Mention ခေါ်ထားတဲ့ ဒီဗီဒီယိုတွေက  ကြည့်ရှုသူတွေက မလျော့ဘဲ တိုးမြဲတိုးလာတဲ့အထိ ရေပန်းစားလွန်းပါတယ်။


ကဲ ဘယ်လိုလဲ ဒီလောက်ထိတောင် ရေပန်းစားတဲ့ Bottle Cap Challenge ကို ပရိသတ်ကြီးရော လိုက်လုပ်ပြီးကြပြီလား။
NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle