မင်းသားလေး “Mark Siwat” နဲ့ တွေ့ချင်တဲ့သူတွေ လက်ညှိုးထာင်

မင်းသားလေး “Mark Siwat” နဲ့ တွေ့ချင်တဲ့သူတွေ လက်ညှိုးထာင်

ကိုရီးယားမင်းသားတွေကို အသည်းစွဲနေချိန်မှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံက မင်းသားတွေကိုလည်း ဘယ်မေ့ထားလို့ ဖြစ်ပါ့မလဲ။ ထိုင်းရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွဲတွေလည်း ကိုရီးယားကားတွေနဲ့ အပြိုင် နိုင်ငံတကာဈေးကွက်မှာ နေရာယူလာတာ တွေ့ရမှာပါ။ တီဗီဖွင့်လိုက်တာနဲ့ ဘယ်ချန်နယ်ဖွင့်ကြည့်ကြည့် ထိုင်းကားတစ်ကားကတော့ ပါစမြဲပဲလေ။ ရုံတင်ကားတွေလည်း ဒီတိုင်းပဲ။

ထိုင်း Series တစ်ခုဖြစ်တဲ့ “Love by Chance” ကတော့ ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ IMDb 8.5 ရှိတဲ့ ဒီဇာတ်လမ်းတွဲထဲမှာပါတဲ့ ကောင်လေးတွေရဲ့ သွင်ပြင်တွေကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ထိုင်းမင်းသားမှ ဟုတ်ရဲ့လား ကိုရီးယားနဲ့ ဖက်စပ်ရိုက်ထားတာလားလို့တောင် တွေးမိနိုင်တဲ့အထိ ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်သူတစ်ယောက်ဖြစ်တဲ့ “Mark Siwat” ကတော့ ပရိသတ်တွေကို သူ့ရဲ့အပြုံးချိုချိုလေးနဲ့ ညှို့ငင်တတ်သူပါ။ သရုပ်ဆောင်ကောင်းရုံပဲ မဟုတ်ဘဲ အဆိုရော၊ အကပါ တော်တဲ့ Mark ဟာ ထိုင်းနိုင်ငံမှာပဲ Fan တွေရှိတာ မဟုတ်ပါဘူး။ ဖိလစ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာပါ Fan Meeting လုပ်ထားရတဲ့အထိ ပရိသတ်အခိုင်အမာရထားသူပါ။ သူ့ရဲ့ Fan တွေကို သူက “Siwat’s Heart” လို့ ချစ်စရာနာမည်လေး ပေးထားပါတယ်။

တကယ်တော့ ၂၀၀၀ ခုနှစ်ဖွားဖြစ်တဲ့ Mark က မြန်မာနိုင်ငံနဲ့လည်း မစိမ်းပါဘူး။ ပြီးခဲ့တဲ့ မေလ တတိယအပတ်လောက်ကမှ မြန်မာနိုင်ငံကို “Love by Chance” မှာ သူ့ရဲ့တွဲဖက်ဖြစ်တဲ့ Gun နဲ့ အတူလာသွားပြီး MarkGun အနေနဲ့ Fan Meeting လုပ်သွားပါသေးတယ်။

Mark က “Love by Chance” Series မတိုင်ခင်က “PLEASE .. Seiyng Reiyk Wiyyan” ဆိုတဲ့ ဇာတ်ကားမှာ ဇာတ်ပို့နေရာက ပါခဲ့ပြီး “I Am Your King” ဆိုတဲ့ Series မှာလည်း သရုပ်ဆောင်ဖူးပါတယ်။ အခုချိန်မှာတော့ Series အသစ်ဖြစ်လာမယ့် “With Love” အတွက် Workshop ဆင်းနေရသူပါ။

အပေါ်ကအချက်တွေကိုကြည့်ပြီး Mark နဲ့ တွေ့ချင်လာလို့ ထိုင်းကို အခုပဲ သွားမယ်ကွာဆိုပြီး အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။ အခုလာမယ့် ၂၀၁၉၊ ဇွန်လ ၃၀ ရက်နေ့မှာ Mark နဲ့ အတူတွေ့ခွင့်ရနိုင်မယ့် “Together With Siwat’s Heart” ဆိုတဲ့ Fan Meeting လာဦးမှာပါ။ ဒါက Mark အတွက် မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ Solo Fan Meeting ဖြစ်တာမို့ လက်လွတ်မခံသင့်ဘူးနော်။ လက်မှတ်ဝယ်ချင်တယ် ဒါမှမဟုတ် Fan Meeting အကြောင်း အသေးစိတ်သိချင်ရင်တော့ The Unicorn Entertainment Facebook Page မှာ သွားကြည့်နိုင်ပါတယ်။ ဒီတော့ အခရာပရိသတ်ကြီးတွေ ဘယ်သူတွေသွားကြမှာလဲ။ ဟိုမှာဆုံကြမယ်နော်။

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle