ဟိုတယ်တွေရဲ့ အိပ်ရာခင်းကို အဖြူရောင်ပဲသုံးရတဲ့ အကြောင်းအရင်းက ဘာလဲ

ဟိုတယ်တွေရဲ့ အိပ်ရာခင်းကို အဖြူရောင်ပဲသုံးရတဲ့ အကြောင်းအရင်းက ဘာလဲ

ခရီးအရမ်းထွက်ရတဲ့လူတွေ ဟိုတယ်တွေမှာတည်းတဲ့အခါ ဟိုတယ်တွေရဲ့ အိပ်ရာခင်းတွေကို သတိထားမိကြမှာပါနော်။ ဟိုတယ်တွေက တစ်ခုနဲ့ တစ်ခု တူချင်မှတူလိမ့်မယ် ဟိုတယ်အိပ်ရာခင်းအရောင်တွေကတော့ တူညီနေတာကို တွေ့ရှိရပါလိမ့်မယ်။ ဟိုတယ်တိုင်းမှာ တွေ့ရတဲ့ အိပ်ရာခင်းအရောင်က အဖြူရောင်ဖြစ်နေလို့ ဘာလို့ ဟိုတယ်တိုင်းလိုလိုက တခြားအရောင်တွေမသုံးဘဲ ဒီအရောင်တွေပဲ သုံးနေကြတာလဲဆိုပြီး ပေါက်ပေါက်ရှာရှာ စဉ်းစားဖူးပါသေးတယ်။

ဘာလို့ အဖြူရောင်တွေပဲ သုံးလဲဆိုတာ လျှောက်စဉ်းစားရင်း ရှာဖွေတွေ့ရှိလာတာကတော့ ဟိုတယ်အခန်းမှာ ဘတ်တီးရီးယားတွေ အများကြီးရှိပေမယ့် ဘတ်တီးရီးယားပိုးကင်းတဲ့ နေရာတစ်နေရာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနေရာကတော့ အိပ်ရာခင်းဖြူဖြူလွလွလေးရှိတဲ့ နေရာပဲ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ဘတ်တီးရီးယားကင်းတယ်ဆိုတာ မသိခင်တုန်းက ဘာလို့ ဟိုတယေ်တွတိုင်းမှာ အိပ်ရာခင်းအဖြူတွေပဲ ခင်းတာလဲ တခြားအပေခံတဲ့ အရောင်လေးတွေကိုရော မခင်းဘူးလားဆိုပြီး ကွန်ပလိမ်းတက်ချင်တဲ့ စိတ်ရှိခဲ့ဖူးပါတယ်။ အဖြူကိုမကြိုက်လို့ ကွန်ပလိမ်းတက်ချင်မျိုး မဟုတ်ပေမယ့် အဖြူဟာ အစွန်းအထင်တွေ ပေလွယ်တဲ့ အရောင်ဖြစ်တဲ့အတွက် အိပ်ရာခင်းအဖြူကိုတွေ့တိုင်း နှမြောစိတ်ဖြစ်မိလို့ပါ။


ဟိုတယ်တွေအနေနဲ့ အိပ်ရာခင်းအဖြူကို သုံးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဧည့်သည်တွေ အခန်းထဲဝင်လိုက်ရင် အိပ်ရာခင်းလေးဟာ သန့်သန့်ပြန့်ပြန့်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရစေချင်လို့ပါတဲ့။ သန့်ရှင်းသပ်ရပ်တဲ့ ခံစားချက်ရစေတဲ့အပြင် ဈေးနှုန်းအရမ်းမမြင့်တဲ့ ဟိုတယ်ကို လာတည်းရင်တောင် တည်းတဲ့သူတွေကို ဇိမ်ကျတယ်ဆိုတော့ ခံစားချက်နဲ့ အထင်အမြင်လေး ပေးနိုင်အောင်လို့ပါတဲ့။

Omni Hotels & Resorts ရဲ့ Creative Director ဖြစ်တဲ့ Laura Mckoy ပြောကြားချက်အရဆိုရင်တော့ ဟိုတယ်မှာ အိပ်ရာခင်းအဖြူသုံးရတာက လာတည်းတဲ့ ဧည့်သည်တွေကို အိမ်က အိပ်ရာထက်ပိုကောင်းတယ် ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းချင်ပြီး မြင်နေကျ အမြင်မျိုးတွေ မမြင်စေဘဲ အပြောင်းအလဲလေးတွေ မြင်အောင်လို့လည်း ရည်ရွယ်ပါတယ်တဲ့။

၁၉၉၀ ခုနှစ်လောက်တုန်းက Westin Hotel ကနေ အဖြူရောင်အိပ်ရာခင်းလေးတွေကို စသုံးခဲ့ရာမှ နာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာ ဟိုတယ်တွေ တော်တော်များများဟာ လိုက်ပြီး သုံးခဲ့ကြတာ ဖြစ်ပါတယ်။အဖြူရောင်အိပ်ရာခင်းတွေဟာ ဇိမ်ကျစေတဲ့ ခံစားချက်ကို ပေးစွမ်းတဲ့အပြင် ကောင်းကောင်းလည်း အိပ်ပျော်အောင် လုပ်ဆောင်ပေးကာ တည်းခိုးသူရဲ့ ဟိုတယ်ပေါ် မြင်တဲ့အမြင်ကိုလည်း ကောင်းကောင်းမြင်အောင် လုပ်ဆောင်ပေးပါတယ်တဲ့။

သေချာသတိထားကြည့်ရင် ဟိုတယ်မှာ အိပ်ရာခင်းတင် အဖြူမဟုတ်ဘဲ အဖြူဖြစ်နေတဲ့ တခြားအရာလေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ မျက်နှာသုတ်ပဝါတွေနဲ့ ရေချိုးခန်းဝတ်စုံတွေပါပဲ။

အဲဒီလို အဖြူတွေဆင်တူထားတာက လက်တွေ့ကျတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အဖြူရောင်အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ ရေချိုးခန်းဝတ်ရုံတွေအကုန်လုံး အဖြူဖြစ်နေတဲ့အခါ ညစ်ပတ်သွားလို့ လျှော်ရင် တခြားအရောင်တွေပါတဲ့ အရာတွေနဲ့ မရောဘဲ တူတာတွေကို စုပြီး လျှော်လို့ရအောင်လို့ပါတဲ့။ အဖြူဆိုတာက သတိထားပြီး လျှော်ရတဲ့ အရောင်ဖြစ်တော့ တခြားအရောင်တွေနဲ့ မတော်တဆ ရောလျှော်မိလို့ စွန်းထင်သွားရင် အစွန်းချွတ်ရ ဘာလုပ်ရနဲ့ အလုပ်တွေ ရှုပ်စေလို့ တူတာကို စုပြီးထားလိုက်တော့ ဒီပြဿနာတွေ အကုန်လုံး ကင်းဝေးသွားတာပေါ့။

ဒီလောက်ဆိုရင် ဟိုတယ်တွေရဲ့ အိပ်ရာခင်းတွေကို ဘာကြောင့်အဖြူသုံးလဲဆိုတာကို သေသေချာချာလေး သိသွားလောက်ပြီးလို့ ထင်ပါတယ်နော်။ ပရိသတ်ကြီးအနေနဲ့ ဟိုတယ်တွေမှာ သုံးတဲ့ အသုံးအဆောင်တွေနဲ့ ပတ်သက်ပြီး ထူးခြားခြား သိတာလေးတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးသွားဖို့ မမေ့ပါနဲ့ဦးနော်။

Photo Credit: ITALIANBARK, Twitter.com, Reader’s Digest

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle