Mulan Live-Action က Original Animation နဲ့ အများကြီးကွဲနိုင်တယ်လို့ ပြောနေတာဘာကြောင့်လဲ
သိပြီးသွားပြီလား။ Disney ကနေပြီးတော့ ပရိသတ်တွေရဲ့အချစ်တော်နောက်တစ်ယောက်ဖြစ်တဲ့ Mulan ဇာတ်ကောင်ကို Live-Action အနေနဲ့ ပြန်ရိုက်ထားတဲ့ Teaser Trailer လေးထွက်လာပါပြီ။ Mulan နေရာမှာသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း ငယ်ငယ်တုန်းက ကိုယ်တွေအသေကြွေခဲ့တဲ့ သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွဲထဲက မင်းသမီး ဂူးဂူး (Liu Yifei) ပါ။ သူ့ကိုမှတ်မိသေးတယ်မလား။
Mulan Animated Film ကို ၁၉၉၈ ခုနှစ်တုန်းက ပထမဆုံးထုတ်လွှင့်ပြသခဲ့တယ်။ အခုဆိုရင် ဆယ်စုနှစ်၂စုတောင်ကြာသွားပြီဖြစ်ပေမယ့် ပရိသတ်ရင်မှာ အမြဲခိုဝင်နေတဲ့ ကာတွန်းကားကောင်းလေးတစ်ကားဖြစ်တဲ့ Mulan ဇာတ်ကားကို Live-Action ပြန်ရိုက်ထားတာက မူရင်းဇာတ်ကားနဲ့ ကွာခြားချက်တွေရှိနိုင်ပါတယ်။ အခုပြောနေတာတွေအရဆိုရင် မူရင်းဇာတ်ကောင်တွေထဲက တချို့ဇာတ်ကောင်တွေကို ဖြုတ်လိုက်တာ မဟုတ်ရင်လည်း အစားထိုးလိုက်တာတွေရှိပါတယ်။ Mulan နဲ့ Shang ကြားက အချစ်ကြိုးတွေရယ် ၊ အမြဲတမ်းပွစိပွစိပြောနေတဲ့ ဟိုနဂါး Mushu တစ်ကောင်လည်း မပါလောက်ဘူးလို့ ပြောနေကြပါတယ်။ နဂါးနေရာမှာ Phoenix ငှက်တစ်ကောင် အစားထိုးသုံးမယ်လို့ ပြောနေတာတွေလည်းရှိပါတယ် (သတင်းအချက်အလက်အတိအကျတော့မရှိပါဘူး)။ ဒါပေမယ့် Teaser ထဲမှာ Shang ကိုရော Mushu ကိုရော မတွေ့လိုက်ပါဘူး။ အသေချာဆုံးတစ်ခုကတော့ Mulan Live-Action က Musical အနေနဲ့ ရိုက်မှာမဟုတ်ဘူးဆိုတာပါပဲ။
ဒီတော့ “Reflection” တို့ “Someday I’ll Make A Man Out of You” တို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့မှာပါ။ နောက်ခံတီးလုံးအနေနဲ့တော့သုံးလိမ့်မယ်လို့ ပြောတာတော့ကြားပါတယ်။ Teaser ထဲမှာလည်း သီချင်းဆိုနေတဲ့ စစ်သူကြီးကို မတွေ့လိုက်ဘူး။ တကယ့် Epic War တစ်ခုကြားမှာ တိုက်ပွဲဝင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုပဲ ကွက်ကွက်ကွင်းကွင်း မြင်လိုက်တယ်။ Live-Action ပြန်ရိုက်ထားတဲ့ Teaser Trailer မှာ Mulan က ယောကျ်ားလေးလိုရုပ်ဖျက်ထားမှန်းတောင် မသိသာပါဘူး။ မျက်လုံးထဲမှာ ကောင်မလေးလို့မြင်နေတုန်း။ ဒါပေမယ့် စစ်သူကြီးအကျီၤနဲ့တစ်ခုကတော့ သိပ်မဆိုးပါဘူး။ ဒါကြောင့် တချို့ပရိသတ်တွေအနေနဲ့ အားမလိုအားမရဖြစ်နေတာတွေကို ကြားရတာ သိပ်တောင်မထူးဆန်းဘူးလို့ ထင်ပါတယ်။ Mulan ဇာတ်ကောင်က Mushu နဲ့မှ အသက်ဝင်တာလို့ ကိုယ်ကတော့ထင်တာပဲ။ Mulan လို့ပြောရင် Mushu ကို မျက်စိထဲအရင်မြင်တာပဲ။
ဒါကြောင့် Live-Action က မူရင်း Animation နဲ့ အများကြီးကွဲနေမယ်လို့ ပြောနေတာပါ။ ၂ဝ၂ဝ ခုနှစ် မတ်လ ၂၇ ရက်မှာထွက်လာမယ့် Mulan ဇာတ်ကားက မတူညီတဲ့ရှုထောင့်တွေ ၊ မတူညီတဲ့ဇာတ်လမ်းတွေနဲ့ ပရိတ်သတ်တွေကို အံ့သြသွားစေမယ့် ဇာတ်ကားဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း အခုမှ ပထမဆုံး Teaser Trailer ထွက်တာမို့လို့ တခြား Trailer တွေကိုလည်း ဆက်ပြီးစောင့်ကြည့်ရမှာပါ။ နောက်လာမယ့် Trailer တွေကနေ ဘယ်လိုသဲလွန်စတွေ ရနိုင်ဦးမလဲမှ မသိတာကိုး။ လောလောဆယ်မှာတော့ လက်ရှိထွက်ထားတဲ့ Trailer လေးကိုကြည့်ရင် ရင်တမမနဲ့ပဲ စောင့်ကြည့်ကြတာပေါ့။
Photo Credit
Source: Screen Rant, Forbes, Hollywood Reporter
Piki (Akhayar)