ဒီဂျစ်တယ်ငွေကြေးစနစ်သုံးတဲ့ ခေတ်ရေစီးကြောင်းမှာ ဘာလို့ လိုက်ပါစီးမျောသင့်တာလဲ

ဒီဂျစ်တယ်ငွေကြေးစနစ်သုံးတဲ့ ခေတ်ရေစီးကြောင်းမှာ ဘာလို့ လိုက်ပါစီးမျောသင့်တာလဲ

ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မှန်ကန်တဲ့ ရေစီးကြောင်းအတိုင်း မျောပါတတ်မယ်ဆိုရင် ကောင်းကျိုးတွေအများကြီး ရှိနိုင်ပါတယ်။ အရာရာတိုင်းကိုတော့ မဆိုလိုပါဘူး။ ကိုယ့်အတွက် ဆိုးကျိုးထက် ကောင်းကျိုးတွေများမယ့် အရာတွေမှာ လိုက်ပါစီးမျောတာမျိုးကို ဆိုလိုတာပါ။ အကောင်းဆုံး ဥပမာနဲ့ပြောရမယ်ဆိုရင် ပိုက်ဆံကိုင်ရမယ့်နေရာမှာ နည်းပညာသုံးငွေကြေးဖြစ်တဲ့ Card တွေကို အစားထိုးသုံးတာမျိုးပေါ့။

ဘတ်စ်ကားတိုးစီးတိုင်း ပိုက်ဆံအိတ် နှိုက်ခံရမှာ စိုးတတ်ကြတယ်မဟုတ်လား။ တစ်နေရာရာသွားတိုင်း  ပိုက်ဆံအိတ် ထိန်းသိမ်းရတဲ့ ဒုက္ခကမသေးလှပါဘူး။ ATM Card တွေလိုပဲ အွန်လိုင်းနဲ့ အလုပ်လုပ်ကြတဲ့ အင်တာနက်ခေတ်ကြီးမှာ ဒီဒုက္ခတွေကို ဘာလုပ်ဖို့ခံနေတော့မှာလဲ။

ဒီလိုဆိုရင် ဒီဂျစ်တယ်စနစ်သုံးတဲ့ Card တွေက ဘယ်လိုအရာတွေကို ဖြေရှင်းပေးမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ရန်သူမျိုးငါးပါးရန်ကို မှုစရာမလိုဘူး


အဓိကကတော့ သူခိုးရန်ပေါ့။ ကိုယ့် Card ပါသွားလည်း Password ကိုတော့ သူသိစရာအကြောင်းမရှိဘူးလေ။ နောက်ပြီး သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံခဲ့ရင်တောင်မှ ပိုက်ဆံတွေက ကဒ်ထဲမှာပဲရှိမှာမို့ ရှေ့ဆက်မယ့်ခရီးအတွက် ငွေကြေးလုံလုံလောက်လောက်ရှိနေသေးတော့ တခြားသူတွေလို စိုးရိမ်ကြောင့်ကြနေဖို့ မလိုပါဘူး။

အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေဖို့လည်း မလိုဘူး


“ကဲ အိတ်လေးတွေ ရှေ့ပို့ထားမယ်နော်။ ပါသွားရင် တာဝန်မယူဘူး” ဆိုပြီး ယာဉ်နောက်လိုက်တွေ ပြောတာကို ကြားဖူးကြမှာပေါ့။ ကိုယ့်ရဲ့အိတ်ကို ရင်ဘတ်မှာပိုက်ထားပြီး ကလေးလိုယုယနေရတဲ့ အဓိကအကြောင်းရင်းက အိတ်ထဲက ပိုက်ဆံတွေကြောင့်ပဲ မဟုတ်လား။ နောက်ပြီး “နင့်ပိုက်ဆံအိတ်ကျန်ခဲ့ပြီ မလိုချင်တော့ရင် ငါယူလိုက်မှာနော်” ဆိုပြီး ခဏခဏကြားနေရသူအဖို့လည်း သူငယ်ချင်းတွေ ခဏခဏသတိပေးရတဲ့ဒုက္ခက ဝေးသွားတာပေါ့။

အရေးအကြောင်းရှိရင် ပိုက်ဆံအလွယ်လေး ထုတ်လို့/ လွှဲလို့ရတယ်


အရေးပေါ်ကိစ္စဆိုတာ ဘယ်သူ့မှာမဆို ရှိစမြဲပါ။ ဒီလိုကိစ္စမျိုးတွေက ညဉ့်နက်တွေလည်း ဖြစ်နိုင်သလို မနက်အစောပိုင်းအချိန်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးဆို ဘဏ်တွေလည်း ဖွင့်နေမှာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်ဆီကို ဖုန်းဆက်အကူအညီတောင်းဖို့လည်း အားနာစရာကောင်းပါတယ်။ ဒီလိုအချိန်မျိုးမှာ သတိရဖို့အသင့်ဆုံးကတော့ Online Banking တွေနဲ့ ATM Card တွေပါပဲ။ ၂၄နာရီ ATM စက်တွေလည်း ရှိတာကြောင့် အလွယ်ငွေထုတ်လို့ရတဲ့အပြင် ငွေလွှဲရတယ်ဆိုလည်း ကိုယ်လွှဲမယ့်သူဆီ ရောက်သွားကြောင်း ပြန်ကြည့်လို့ရတယ်လေ။

အကြွေဒုက္ခကင်းတယ်


မြန်မာနိုင်ငံက ဈေးဝယ်သူ၊ ဈေးရောင်းသူကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြီးမားဆုံးဒုက္ခပါ။ ဈေးဝယ်ထွက်တယ်နော်။ ကိုယ်က Card လေးပေးလိုက် သူကပိုက်ဆံဖြတ်လိုက်ရုံပဲ။ အကြွေမရှိလို့ တစ်ရှူးတွေ၊ သကြားလုံးတွေကို မဖြစ်မနေ ယူလာရတာမျိုး၊ ဒီအတွက်နဲ့ အတိုက်အခံလုပ်ရတာမျိုးတွေကို တာ့တာပြလို့ရတာပေါ့။ စားသောက်ဆိုင်တွေနဲ့ ရှော့ပင်းစင်တာတော်တော်များများလည်း ဒီစနစ်သုံးလာကြပြီဆိုတော့ ပိုလို့တောင် အဆင်ပြေပါသေးတယ်။

ခရီးသွားရင်လည်း အဆင်ပြေတယ်


UnionPay လိုမျိုး နိုင်ငံတော်တော်များများမှာ သုံးလို့ရတဲ့ Card မျိုးရှိမယ်ဆိုရင်တော့ သွားမယ့်နိုင်ငံရဲ့ ငွေကြေးကို သီးသန့်လဲနေစရာမလိုပါဘူး။ UnionPay ကို သုံးသင့်တဲ့ နောက်တစ်ချက်က Discount တွေ ရှိနေတတ်တာပါ။ ခရီးသွားမှ မဟုတ်ပါဘူး။ ဒီက Restaurant တွေနဲ့ Café ဆိုင်တချို့မှာလည်း UnionPay နဲ့ ရှင်းရင် Discount ပေးတတ်ပါသေးတယ်။

ကဲ ဘယ်လိုလဲ ပိုက်ဆံတွေ လက်ထဲထားပြီး ခေါင်းရှုပ်ခံမလား ဒါမှမဟုတ် Card လေးကိုင်ပြီး စမတ်ကျကျနဲ့ အေးဆေးနေမလား ပြောကြည့်လိုက်။

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle