အဝတ်အစားပုံစံတစ်မျိုးတည်းကိုပဲ အမြဲလိုလိုဝတ်ဆင်သင့်တဲ့ အကြောင်းအရင်း

အဝတ်အစားပုံစံတစ်မျိုးတည်းကိုပဲ အမြဲလိုလိုဝတ်ဆင်သင့်တဲ့ အကြောင်းအရင်း

စာရေးသူမှာအကျင့်တစ်ခုရှိတယ်။ အဲဒီအကျင့်ကဘာလဲဆိုတော့ နာမည်ကြီးတဲ့ ဘီလံျနာတွေ ၊ စာရေးဆရာတွေကို Google မှာရှာပြီး သူတို့ဘဝနေထိုင်ပုံတွေ ၊ သူတို့ရေးတဲ့စာတွေ အဲဒါတွေကိုရှာဖတ်ဖြစ်တာ။ အားလုံးသတိထားမိသလိုပဲ စာရေးသူလည်း သတိထားမိလာတာက တကယ့်ချမ်းသာပါတယ်ဆိုတဲ့လူတွေက ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းကြတာကိုပါ။ နောက်ပြီးတော့ စာရေးသူ သတိထပ်ထားမိတဲ့အချက်က သူတို့တွေက အကျီၤအဝတ်အစားတွေဝတ်ရင် ပုံစံဆင်တူတဲ့ဟာတွေကိုပဲ ထပ်တလဲလဲ ဝတ်တတ်ကြတယ်ဆိုတာကိုပါပဲ။

အဲဒါကစာရေးသူကိုစဉ်းစာစရာလေးဖြစ်လာစေတယ်။ ဘာလဲဆိုတော့ ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံကလည်း စီးပွားရေးအခြေအနေတွေလည်းကောင်းလာလို့ထင်ပါတယ်။ အွန်လိုင်းရှော့ပင်းတွေလည်း ပေါလာပြီး ဝတ်စရာတွေဆိုတာ မှိုလိုပေါက်လောက်အောင်ကို များလာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ Facebook ပေါ်မှာ မြင်လိုက်ရတဲ့ ကြော်ညာတွေဆိုတာ ဖုန်းကိုဘယ်လိုပွတ်ပွတ် မျက်စိအောက်ကမလွတ်ဘူး။ အဝတ်အစားရောင်းတာ။ ဒါတွေကိုလည်းဝယ်ကြပါတယ်။ လူငယ်တွေလည်းဝယ်ကြတယ်။ လူကြီးတွေလည်း ဝယ်ကြတယ်။ စာရေးသူကိုယ်တိုင်လည်း ဝယ်ခဲ့တယ်။

ပြန်စဉ်းစားကြည့်တော့ ကုန်သွားတဲ့ပိုက်ဆံတွေကို နှမြောတယ်။ ဘာလို့လဲသိလား။ စာရေးသူရဲ့အဝတ်ဗီဒိုထဲမှာ မဝတ်တဲ့အဝတ်တွေနဲ့ပြည့်နေတယ်။ အခုနေ့တိုင်းဝတ်နေတာက ဆယ်ထည်လောက်ကိုပဲ လှည့်ပတ်ဝတ်နေမိတာများတယ်။ ဗီဒိုကိုကြည့်လိုက်ရင်တော့ အပြည့်ပဲ။ ဒါပေမယ့်အဲဒါက အခန်းရှုပ်ပြီး နေရာယူတာပဲရှိတယ်။ အသုံးလည်းမဝင်ဘူး။ များလွန်းလို့သူများကို ပေးလိုက်ရတာတွေလည်း အပုံကြီးပဲ။ ဒါကြောင့် စာရေးသူလည်းအဝတ်ကိုနည်းနည်းနဲ့ ပုံစံတူလေးတွေပဲ ဝတ်တာကောင်းမယ်လို့ တွေးမိလာတယ်။ ဒီအတွေးကိုထောက်ခံမယ့် အကြောင်းပြချက်ကောင်းတွေလည်းရှိပါတယ်။

ရွေးချယ်ဆုံးဖြတ်ရတဲ့ဒုက္ခကို လျှော့ချပေးတယ်
ဘယ်သူ့ကိုမေးမေးသိသာတယ်ဆိုပေမယ့် မိန်းကလေးတွေမှာ ပိုပြီးအဖြစ်များတဲ့ ပြဿနာက အပြင်သွားခါနီးတိုင်း အဝတ်အစားရွေးရတဲ့ပြဿနာပါ။ အဝတ်တွေကများလွန်းနေတော့ ဘာဝတ်လို့ဝတ်ရမှန်းမသိဖြစ်ပြီး အဝတ်တွေရှာတယ်ရှာတယ် နောက်ဆုံးအခန်းပွသွားတာပဲရှိတယ်။ တကယ်ဝတ်လိုက်တော့လည်း ဒုံရင်းကဒုံရင်းပဲ။ တကယ်လို့သာ ကိုယ့်မှာအဝတ်နည်းနည်းပဲရှိပြီး ရွေးစရာလည်းသိပ်များဘူးဆိုရင် ခေါင်းစားနေတော့မှာမဟုတ်ဘူး။ ကြည့်လိုက်တာနဲ့ဒါပဲရှိတာမို့ ကောက်ဝတ်လိုက်ရုံပဲ။ စဉ်းစားတယ်ဆိုတာ တကယ်ကအင်မတန်ပင်ပန်းတဲ့အလုပ်ပါ။ လူတွေကညအိပ်ရင်တောင် နောက်နေ့ဘာလုပ်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ စိတ်ဖိစီးရကြတယ်။ ဒါကြောင့် စဉ်းစားပြီး ရွေးချယ်ရတာ သက်သာစေတဲ့ အကျီၤဆင်တူဝတ်တဲ့အရာက ကောင်းပါတယ်။

အဝတ်လျှော်ရသက်သာပြီး အချိန်ကုန်လည်းသက်သာတယ်
အဝတ်နည်းလေး အဝတ်လျှော်ရသက်သာလေပဲ။ အဝတ်လျှော်တယ်ဆိုတာ အချိန်အင်မတန်ပုပ်တဲ့ လုပ်ငန်းစဉ်လို့တော့ စာရေးသူကမြင်တယ်။ ဝေးဝေးမတွေးနဲ့ ပြောပြမယ်။ ကိုယ်ကအလုပ်သမား ၊ တစ်ပတ်မှာ တနင်္လာကနေ သောကြာထိအလုပ်လုပ်ရတယ်။ ကြားရက်တွေက အလုပ်နဲ့ပင်ပန်းလို့ အဝတ်မလျှော်နိုင်တာကြောင့် စနေ၊ တနင်္ဂနွေပိတ်ရက်ကို လျှော်ရတယ်။ အဲဒါကြောင့် နားမယ့်ရက်မှာမနားရဘဲ ကိုယ့်ရဲ့အားလပ်ချိန်တွေကို အဝတ်လျှော်တဲ့လုပ်ငန်းက စားသွားတယ်။ အဝတ်များလေပိုကြာလေပဲ။ ဒါကြောင့်အဝတ်လျှော်ရင်း နေ့တဝက်လောက်ကျိုးသွားတာတွေ ဖြစ်တတ်တယ်။ တကယ်လို့သာ ကိုယ့်မှာအဝတ်ကလည်းနည်းပြီး ဆင်တူလေးတွေပဲဆိုရင်၊ အရောင်ခွဲလျှော်ရတာတွေ ၊ အခြောက်လျှော်တွေ၊ အဝတ်အသားခွဲလျှော်ရတာတွေနဲ့ တိုင်ပတ်နေတော့မှာ မဟုတ်ပါဘူး။

ဒါတွေက စာရေးသူစဉ်းစားမိတဲ့ အကျီၤနည်းပြီးပုံစံတူတွေဝတ်ခြင်းက ရနိုင်တဲ့ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ပြီးတော့ စာရေးသူပြောချင်တာက ဒီလိုပုံစံတူတွေပဲ ဝတ်လို့လူတွေက ကဲ့ရဲ့ပြောဆိုရင်လည်း ဘယ်လောက်ကြာကြာပြောနိုင်မှာလဲ။ သူတို့မှာတောင်သူတို့လုပ်စရာတွေများလို့ အချိန်တန်ရင်ရပ်သွားကြတာပဲ။ သူများအမြင်ကို ဂရုမစိုက်ဘဲ ကိုယ့်ဟာကိုယ်ကွဲထွက်နေတာ ပိုပြီးတော့ မကောင်းဘူးလားလို့ပဲ ပြောရင်း နိဂုံးချုပ်ချင်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle