ခေါင်းကိုက်ခေါင်းခဲတွေကဘာကြောင့်ခဏခဏဖြစ်လေ့ရှိတာလဲ

ခေါင်းကိုက်ခေါင်းခဲတွေကဘာကြောင့်ခဏခဏဖြစ်လေ့ရှိတာလဲ

နေ့စဉ်ဘဝမှာလူတွေက မတူညီတဲ့အလုပ်အကိုင်တွေလုပ်ရင်းနဲ့ပဲအကြောင်းအရာအမျိုးမျိုးကြောင့် အာရုံနောက်စရာ၊ ခါင်းကိုက်စရာတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုမျိုးအခြေအနေတွေက အကြောင်းအရာရှိမှလည်းဖြစ်လာတတ်ပါတယ်။ ဒီလိုဆိုရင် ဘယ်အခြေအနေတွေက ခေါင်းကိုက်၊ ခေါင်းခဲတွေကိုအဓိကဖြစ်စေနိုင်လဲဆိုတာကိုရှောင်ကျဉ်လို့ရအောင်မျှဝေပေးချင်ပါတယ်။
စိတ်ခံစားချက်နုနယ်ခြင်း
စိတ်ခံစားချက်ဆိုတာက လူတွေရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုထိခိုက်စေနိုင်တဲ့အပြင်၊ စိတ်ခံစားမှုအားပျော့ညံရင်လည်းခေါင်းကိုက်ဝေဒနာကိုခံစားရတတ်ပါတယ်။အဲ့တာကြောင့် တစ်ခုခုဆို စိတ်ကိုလျော့လိုက်တာမျိုးချက်ချင်းမဖြစ်အောင်နေပါ။ ကိုယ်စိတ်ကပျော့ညံ့တိုင်း ကိုယ်ပဲခံစားရတတ်ပါတယ်နော်။


အာရုံစူးစိုက်မှုလွန်ကဲခြင်း
ဒီဟာက ကွန်ပျူတာရှေ့မှာပဲတစ်ချိန်လုံးအလုပ်လုပ်နေရတဲ့ သူတွေ၊ တစ်နေကုန်လှုပ်ရှားမှုမရှိပဲနေခြင်းလူတွေမျိုးမှာအဖြစ်များဆုံးလို့ပြောလို့ရပါတယ်။ နာရီပေါင်းများစွာအညောင်းမိနေသူတွေက အလုပ်ထဲမှာပဲအာရုံစိုက်တာများပြီး ကိုယ့်အလုပ်ပြီးတဲ့အချိန်မျိုးကိုခေါင်းကိုက်တာမျိုးတွေ၊ မခံမရပ်နိုင်အောင်ခေါင်းခဲတာမျိုးတွေဖြစ်တတ်ပါတယ်။


အပူအအေးမမျှတာခြင်း
ရာသီတုက နွေဘက်လည်းရောက်လာပြီဆိုတော့ Air Con ထဲမှာနေလိုက်နေအပူခံလိုက်တဲ့အတွက်ကြောင့်လည်း ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရပါတယ်။ အပူတွေများပြီးကိုယ်ရဲ့ဓာတ်ငွေ့တွေမမျှတာခြင်းကြောင့် ဦးနှောက်ရဲ့သွေးကြောလေးတွေကမခံမရပ်နိုင်အောင်ခံစားတတ်ရပါတယ်။ အဲ့အတွက်အပူအအေးမျှတာအောင်နေဖို့ကလည်းအရေးကြီးပါတယ်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle