ဆောင်းရာသီရောက်ရင် ကိုယ့်ရဲ့ Fashion တွေကိုဘယ်လိုပြင်ဆင်သင့်လဲ
ဒီဇင်ဘာရောက်ဖို့အတွက်ရင်ခုန်နေပြီလား ?ဘာလိုလိုနဲ့ဆောင်းရာသီရောက်ဖို့ကလည်းမလိုတော့ဘူးနော်။ဆောင်းရာသီကိုတော့မကြိုက်တဲ့သူမရှိဘူးလို့ထင်ပါတယ်။အေးအေးလေးနဲ့ ကိုယ့်ရဲ့ဖက်ရှင်ကိုအပြည့်အဝရှိုးထုပ်လို့ရတဲ့ရာသီလို့လည်းပြောလို့ရပါတယ်။သိမ်းထားတဲ့ ဆွယ်တာတွေကိုလည်းထုပ်ဝတ်ဖို့အချိန်ရောက်ပြီပေါ့နော်။ ကဲ့ဒီတော့ဒီနှစ်ဆောင်းရာသီအတွက် ဖက်ရှင်ကိုဘယ်လိုမျိုးတွေဝတ်ကြမလဲဆိုတာကိုအကြံပေးချင်ပါတယ်။
ဆွယ်တာနဲ့ စကတ်
ဆွယ်တာနဲ့ စကတ်ကတော့ ဘယ်တော့မှရိုးမသွားတဲ့ဖက်ရှင်တစ်ခုလို့လည်းပြောလို့ရသလို ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ဖက်ရှင်လို့လည်းပြောလို့ရပါတယ်။ဆွယ်တာကိုမှ Midi စကတ်လေးတွေ၊ Pleated တွေနဲ့တွဲဝတ်သင့်ပါတယ်နော်။ဆွယ်တာရွေးချယ်တဲ့နေရာမှာလည်း အရမ်းရှည်ကြီးတွေမရွေးချယ်ပဲနဲ့၊ခါးအောက်လောက်မျိုးဆိုပိုသင့်တော်ပါတယ်။
Jacket နဲ့ Jean Pants
Jacket ကတော့ လူငယ်ဆန်ပြီးအထာကျတဲ့ ပုံစံမျိုးလေးပါ။ Jacket ကထူထူကြီးတွေမဟုတ်ပဲနဲ့အခုခေတ်က ပါးပါးလေးနဲ့စတိုင်ခပ်မိုက်မိုက်ဖြစ်စေတဲ့ ဒီဇိုင်းတွေအများကြီးပေါ့နော်။ Jacket ကိုမှဂျင်းဘောင်းဘီတွေနဲ့တွဲဝတ်ပြီး Boot Shoe နဲ့တွဲစီးရင်တောင်တော်တော်လေးမိုက်နေပါပြီ။
Long Coat
Long Coat ကတော့ ဒီကရာသီဥတုနဲ့ဆိုရင်တော့ အရမ်းကြီးတော့အဆင်မပြေပေမယ့်၊ ကိုယ့်ရအရမ်းအေးတဲ့တောင်ပေါ်ဒေသတွေသွားရင်တော့ လုံးဝကိုအထာကျစေပါတယ်။ကိုယ်သဘောကျတဲ့အောက်ခံအကျီၤနဲ့တွဲဝတ်ပြီး Layer Fashion လိုမျိုးဆင်ပြီးဝတ်သင့်ပါတယ်။
Kelly -Akhayar Lifestyle
Photo Credit - Pinterest