ဆောင်းတွင်းရောက်ရင် ကိုယ်ရဲ့အသားအရေနဲ့ပတ်သက်ပြီးဘာတွေဂရုစိုက်သင့်လဲ

ဆောင်းတွင်းရောက်ရင် ကိုယ်ရဲ့အသားအရေနဲ့ပတ်သက်ပြီးဘာတွေဂရုစိုက်သင့်လဲ

ဆောင်းတွင်းရောက်လာတာနဲ့အမျှအသားအရေတွေကလည်းတဖြည်းဖြည်းနဲ့ ခြောက်ကပ်လာပြီး၊အသားပတ်တာမျိုးတွေ၊ အသားခြောက်တာမျိုးတွေဖြစ်တတ်ပါတယ်။ဆောင်းတွေမှာတော့ ရာသီဥတုအနေနဲ့ဆိုနေလို့ကောင်းပေမယ့်၊ ကိုယ့်ရဲ့အသားအရေအတွက်တော့ အရမ်းကြီးနေလို့မကောင်းဘူးပေါ့နော်။ ဒီလိုဆိုရင်ဆောင်ဦးမရောက်ခင်ကိုယ့်ရဲ့အသားအရေအတွက်ဘယ်လိုရဂရုစိုက်သင့်လဲ ?
ရေနွေးငွေ့ခံပါ
ဆောင်းတွင်းဆိုရင်ရေပူလေးနဲ့ချိုးရတာကိုလူတိုင်းကြိုက်ပါတယ်၊ကိုယ့်ရဲ့အားလပ်ချိန်မျိုးမှာဖြစ်ဖြစ်၊ Self Care တွေလုပ်တဲ့နေတွေမျိုးမှာဆိုရင်ရေနွေးလေးတွေနဲ့ခံပြီးကိုယ်ရဲ့အသားအရေကိုနှိပ်နယ်သင့်ပါတယ်။ ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့် အကြောလေးတွေကလည်းပျော့ပျောင်းပြီးတော့ နေလို့ထိုင်လို့ကောင်းပါတယ်နော်။


Lotion အမြဲဆောင်ထားပါ
ဆောင်းရာသီရောက်ရင် Lotion ကောင်းကောင်းလေးတစ်ဘူးကတော့ရှိသင့်တယ်ထင်ပါတယ်။Lotion လိမ်းရခြင်းကလည်း ခြောက်နေတဲ့အသားအရေတွေကိုလည်းစိုပြေစေတဲ့အပြင်အသားအရေကွဲအက်တာတွေ၊ အသားပတ်တာတွေကိုလည်းသက်သာစေပါတယ်။


သဘာဝဆီတွေလိမ်းပေးပါ
တစ်ချို့လူတွေရဲ့အသားတွေအက်ကွဲတာတွေ၊နီမြန်းမြန်းတွေဖြစ်တတ်ပါတယ်။ဒီလိုမျိုးတွေဖြစ်လာရင် သဘာဝရဲ့လိမ်းဆီတွေဖြစ်တဲ့ သံလွင်ဆီ၊အုန်းဆီတို့ကိုလိမ်းပေးသင့်ပါတယ်။သဘာဝရဲ့အာနိသင်တွေက အချိန်ကြာပေမယ့်၊ဘေးထွက်ဆိုးကျိုးတွေမရှိတဲ့အတွက်အရမ်းကိုအသုံးဝင်ပါတယ်။

Kelly - Akhayar Lifestyle

Photo Credit -  Free pik