ဝိတ်ချစေဖို့ အထောက်အကူဖြစ်စေတဲ့ ဆီတွေဆိုတာ ဘယ်လိုဆီအမျိုးအစားတွေပါလဲ

ဟင်းကောင်းကောင်းတစ်ခွက်ချက်မယ်ဆိုရင် ဆီဟာ မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဆီမပါတဲ့ ဟင်းလျာဟာ အရသာမရှိသလို ဘာလိုလို့ ဘာလိုနေမှန်း မသိကာ ပေါ့ပျက်ပျက်နိုင်နေတတ်ပါတယ်။ဆီဟာ အရသာရှိအောင် ဖန်တီးပေးနိုင်ရုံတင်မကဘဲ ဆီနဲ့ချက်ထားတဲ့ အစားအစာကို စားလိုက်ရင် ဗိုက်ပြည့်ခြင်းဆိုတဲ့ ခံစားမှုကို ရရှိစေပါတယ်။ ဒါပေမယ့် ဆီဟာ ဝိတ်ချနေတဲ့သူတွေအတွက်တော့ အကြီးမားဆုံး ရန်သူဆိုတာ ဝိတ်ချနေတဲ့သူတိုင်း သိကြပါတယ်။ ဝိတ်ချနေသူတွေအနေနဲ့ ဘာစားစား စားမယ့် အစားအစာမှာ ဆီတွေ ဘယ်လောက်ပမာဏသုံးပြီး ချက်ထားလဲဆိုတာ အမြဲကြည့်ရသလို ဘယ်လိုဟင်းချက်ဆီမျိူးတွေကို သုံးလဲဆိုတာကိုလည်း ကြည့်ရပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဟင်းချက်ဆီ အမျုျိးအစားပေါ်မူတည်ပြီး ဝိတ်တက်ခြင်း မတက်ခြင်းကလည်း ကွဲပြားသွားနိုင်လို့ပါ။ ဝိတ်ချတဲ့သူတွေ အမြဲမှားယွင်းပြီး လုပ်မိတာကတော့ မှားယွင်းတဲ့ ဟင်းချက်ဆီတွေကိုသုံးပြီး ဟင်းလျာတွေကို ပြင်ဆင်ကာ စားသုံးမိကြလို့ပါ။

ဟင်းချက်ဆီဆိုတာဟာ ပြည့်ဝဆီ(Saturated Fat) နဲ့ မပြည့်ဝဆီ (Unsaturated Fat) တွေ ရောနှောပါဝင်တဲ့ အရောအနှော ဖြစ်ပါတယ်။ ပြည့်ဝဆီတွေကို စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ Cholesterol အဖြစ် ပြောင်းသွားပါတယ်။ မပြည့်ဝဆီတွေကို စားသုံးလိုက်ရင်တော့ Cholesterol အဖြစ် မပြောင်းနိုင်ပါဘူး။ မပြည့်ဝဆီတွေထဲမှာမှ Monounsaturated Fat နဲ့ Polyunsaturated Fat ဆိုပြီး နှစ်မျိုးထပ်ပြီး ခွဲထားပါသေးတယ်။ ဒါကြောင့်မို့ ဝိတ်ချချင်တဲ့သူတွေ အဆီတွေစားသုံးတဲ့အခါမှာ Cholesterol အဖြစ် ပြောင်းသွားနိုင်တဲ့ အဆီတွေကို ရှောင်ရှားသင့်ပေမယ့် အဆီအမျိူးအစားတွေ အကုန်လုံးကိုတော့ ရှောင်ရှားပြီး စားသုံးစရာ မလိုပါဘူး။ ဒါဆိုရင် ဘယ်ဆီတွေကို ရှောင်ရှားသင့်ပြီး ဘယ်ဆီတွေကိုတော့ စိတ်ချလက်ချစားသုံးလို့ရလည်းဆိုတာကို သေချာလေးသိထားရင် ဝိတ်ချတဲ့နေရာမှာ အထောက်အကုူတွေ အများကြီးရစေလို့ စားသုံးလို့ရမယ့်ဆီတွေအကြောင်းကိုပဲ ပြောပြပေးချင်ပါတယ်။

သံလွင်ဆီ
သံလွင်ဆီစစ်စစ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မု့ိ ဝိတ်ချတဲ့သူတွေ စားသုံးမယ့် Diet ဟင်းလျာတွေကို ချက်ပြုတ်ရင် ဒီဆီကိုသုံးပြီး ချက်ပြုတ်ပေးတာက အကောင်းဆုံးပါပဲ။ ဒါပေမယ့် သန့်စင်ထားတဲ့ သံလွင်ဆီဟာ သံလွင်ဆီစစ်စစ်လောက်တော့ မကောင်းပါဘူး။ ဒီဆီနှစ်မျိုးလုံးမှာတော့ Monounsaturated Fat (၇၃) ရာခိုင်နှုန်းပါဝင်ပြီး Saturated Fat (၁၄) ရာခိုင်နှုန်းပါဝင်ပါတယ်။

Coconut Oil
Coconut Oil မှာ Saturated Fat တွေ ပြည့်ဝနေပေမယ့် ဝိတ်ချဖို့အတွက် သုံးမယ်ဆိုရင် အစွမ်းထက်တဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။ လေ့လာမှုတွေအရဆိုရင် Coconut Oil မှာပါဝင်တဲ့ Medium-Chain Triglycerides (MCTS) က ဝိတ်ကျစေဖို့အတွက် ကူညီပေးပြီး မယုံနိုင်လောက်အောင် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ Coconut Oil မှာ Monounsaturated Fat ခြောက်ရာခိုင်နှုန်းပါဝင်ပြီး Saturated Fat (၈၇) ရာခိုင်နှုန်း ပါဝင်ပါတယ်။

အစေ့အဆံမှရရှိတဲ့ဆီများ
တချို့အစေ့အဆံတွေမှ ရရှိတဲ့ ဆီတွေဟာ Monounsaturated Fats တွေ မြင့်မြင့်မားမားပါဝင်ပြီး ဟင်းချက်တဲ့အခါမျိုးမှာ သုံးပေးလို့ရပါတယ်။ ဟေဇယ်သီးကရတဲ့အဆီမှာ Monounsaturated Fat (၈၂) ရာခိုင်နှုန်း ပါဝင်ပြီး Saturated Fat ခုနစ်ရာခိုင်နှုန်း ပါဝင်ပါတယ်။ နေကြာဆီမှာ Monounsaturated Fat (၇၉) ရာခိုင်နှုန်းပါဝင်ပြီး Saturated Fat (၁၄) ရာခိုင်နှုန်း ပါဝင်ပါတယ်။ Almond Oil မှာတော့ Monounsaturated Fat (၆၅) ရာခိုင်နှုန်း ပါဝင်ပြီး Saturated Fat ခုနစ်ရာခိုင်နှုန်း ပါဝင်ပါတယ်။

အခုဆိုရင်တော့ ဘယ်လိုဆီအမျိူးအစားတွေကတော့ ဝိတ်ချတဲ့အခါမျူိုးမှာ ရွေးချယ်ပြီး စားသုံးသင့်လဲဆိုတာ ကောင်းကောင်းသိသွားပြီမို့ ကိုယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားအလိုက် ဘယ်လိုဆီကို ရွေးချယ်သုံးပြီး ချက်ပြုတ်မလဲဆိုတာကတော့ စာဖတ်သူရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အချုျိးအစားနဲ့ ကိုက်ညီတဲ့ ဆီတွေကို သေချာလေးရွေးချယ်ပြီး ချက်ပြုတ်စားသောက်ပေးရင် လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ကိုယ်တိုင်ရွေးချယ်မှုနဲ့ ဖန်တီးယူနိုင်လို့ ရွေးချယ်မှုတွေ မှန်ကန်ကြစေဖို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle